Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 7:4

Judson Bible

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ မီး​ဖြင့် ဒဏ်​ပေး​ခြင်း​ငှာ မီး​ကို​ခေါ်​တော်​မူ၍၊ မ​ဟာ​သ​မု​ဒ္ဒ​ရာ​ကို မီး​လောင်​လေ၏။ ကုန်း​ကို​လည်း လောင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ငါ့​အ​မျက် ငြိမ်း​ပြီ။ ဆူး​ပင်​မျိုး​ကို​မူ​ကား၊ စစ်​ပွဲ၌ ငါ​တွေ့​ပါ​စေ​သော။ ချက်​ချင်း​တိုက်၍ တစ်​ပြိုင်​နက်​မီး​ရှို့​မည်။

အို ဒါ​ဝိဒ်​မင်း​ကြီး​အ​မျိုး၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မ​ဆိုင်း​မ​လင့်၊ တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့။ လု​ယူ​ခြင်း​ခံ​ရ​သော​သူ​ကို ညှဉ်း​ဆဲ​သော​သူ၏​လက်​မှ ကယ်​နုတ်​ကြ​လော့။ သို့​မ​ဟုတ်၊ သင်​တို့​ပြု​သော​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့်၊ ငါ့​အ​မျက်​သည် မီး​ကဲ့​သို့​ဖြစ်၍၊ အ​ဘယ်​သူ​မျှ​မ​သတ်​နိုင်​အောင် လောင်​လိမ့်​မည်။

အို ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​အ​လို​ငှာ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ၍၊ သင်​တို့​နှ​လုံး​အ​ရေ​ဖျား​ကို လှီး​ဖယ်​ကြ​လော့။ သို့​မ​ဟုတ်၊ သင်​တို့၏​အ​ကျင့် မ​ကောင်း​သော​ကြောင့်၊ ငါ့​အ​မျက်​သည် မီး​ကဲ့​သို့​ထွက်၍၊ အ​ဘယ်​သူ​မျှ မ​ငြိမ်း​နိုင်​အောင် လောင်​လိမ့်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​ပြည်​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် သင့်​ကို​ရန်​ဘက်​ပြု​လျက်၊ ငါ့​ဓား​ကို​ဓား​အိမ်​မှ​ထုတ်၍၊ သင်၌​တ​ရား​သော​သူ၊ မ​တ​ရား​သော​သူ​တို့​ကို ပယ်​ဖြတ်​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ဟစ်​ကြော်​ပါ၏။ တော၌ ကျက်​စား​ရာ​အ​ရပ်​တို့​ကို မီး​ရှို့​ပါ​ပြီ။ တော​သစ်​ပင်​ရှိ​သ​မျှ​တို့​ကို မီး​လျှံ​လောင်​ပါ​ပြီ။

မိုး​ကောင်း​ကင်၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ အံ့​ဖွယ်​သော​အ​ရာ​တည်း​ဟူ​သော သွေး၊ မီး​လျှံ၊ မီး​ခိုး​တိုင်​တို့​ကို ငါ​ပြ​မည်။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ မီး​ထွက်၍၊ သူ​တို့​ကို​လောင်​သ​ဖြင့် ရှေ့​တော်၌​သေ​ကြ၏။

ဟာ​ဇေ​လ​မင်း​မျိုး​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ဗင်္ဟာ​ဒဒ်​မင်း၏ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။

ဂါ​ဇ​မြို့​ရိုး​အ​ပေါ်​သို့ မီး​ကို​လွှတ်၍ ဘုံ​ဗိ​မာန်​တို့​ကို​လောင်​စေ​မည်။

ယု​ဒ​ပြည်​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ယေ​ရု​ရှ​လင်​မြို့၏​ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။

ဘု​ရား​သ​ခင်​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကို​မှောက်​လှန်​သ​ကဲ့​သို့၊ သင်​တို့​အ​ချို့​ကို ငါ​မှောက်​လှန်၍ သင်​တို့​သည် မီး​ထဲ​က​နုတ်​သော ထင်း​စ​ကဲ့​သို့ ဖြစ်​ကြ​ပြီ။ သို့​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ကြ​လော့။ ရှာ​လျှင် အ​သက်​ချမ်း​သာ ရ​ကြ​လိမ့်​မည်။ သို့​မ​ဟုတ်​လျှင်၊ ယော​သပ်​အ​မျိုး​အ​ပေါ်​မှာ မီး​ကဲ့​သို့​တက်၍၊ အ​ဘယ်​သူ​မျှ မ​ငြိမ်း​နိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​ကို လောင်​စေ​တော်​မူ​မည်။

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ ရှင်​ဘု​ရင်​ဆိုင်​သော မြက်​ပင်​ကို​ရိတ်​ပြီး​မှ၊ နောက်​မြက်​ပင် ပေါက်​စ​ကာ​လ၌ ကျိုင်း​ကောင်​တို့​ကို ဖန်​ဆင်း​တော်​မူ၏။

တစ်​ဖန်​ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ ချိန်​ကြိုး​ချ၍​လုပ်​သော ကျောက်​ရိုး​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​သည်​ရပ်​လျက်၊ လက်​တော်၌ ချိန်​ကြိုး​ကို ကိုင်​လျက်၊

မီး​ရှေ့​မှာ ဖ​ယောင်း​ကဲ့​သို့​လည်း​ကောင်း၊ ချောက်​ကြီး​မှ ဆင်း​သော​ရေ​ကဲ့​သို့​လည်း​ကောင်း ရှေ့​တော်၌ တောင်​တို့​သည် အ​ရည်​ဖြစ်၍၊ ချိုင့်​တို့​သည်​လည်း အက်​ကွဲ​ကြ​လိမ့်​မည်။

အ​မျက်​တော်​ရှေ့​မှာ အ​ဘယ်​သူ ရပ်​နိုင်​သ​နည်း။ အ​မျက်​တော်​အ​ရှိန်​ကို အ​ဘယ်​သူ ဆီး​တား​နိုင်​သ​နည်း။ မီး​လောင်​သ​ကဲ့​သို့ အ​မျက်​ထွက်၍၊ ကျောက်​တို့​ကို ဖြို​ချ​တော်​မူ၏။

နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ပူ​ဇော်​သော​သူ​နှစ်​ရာ​ငါး​ဆယ်​တို့​ကို​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က မီး​ထွက်၍ လောင်​လေ၏။

ငါ​သည် အ​မျက်​ထွက်၍​မီး​ရှို့​သ​ဖြင့်၊ အ​နက်​ဆုံး​သော​မ​ရ​ဏ​နိုင်​ငံ​သို့ လောင်​လိမ့်​မည်။ မြေ​နှင့် မြေ​အ​သီး​အ​နှံ​ကို​ကျွမ်း​စေ၍ တောင်​ခြေ​ရင်း​တိုင်​အောင် လောင်​လိမ့်​မည်။

တစ်​နည်း​ကား၊ မိ​မိ​တ​မန်​တို့​ကို လေ​ကဲ့​သို့​လည်း​ကောင်း၊ မိ​မိ​အ​စေ​အ​ပါ​တို့​ကို မီး​လျှံ​ကဲ့​သို့​လည်း​ကောင်း၊ ဖြစ်​စေ​တော်​မူ​ထ​သော​ဟု ကောင်း​ကင်​တ​မန်​တို့​ကို ရည်​ဆောင်၍ ဆို​သ​တည်း။-

ထို​နောက်​မှ ငါ​ကြည့်​လျှင်၊ ကောင်း​ကင်၌ တံ​ခါး​ဖွင့်​ထား​လျက်​ရှိ၏။ ရှေ့​ဦး​စွာ​ကြား​ရ​သော အ​သံ​ဟူ​မူ​ကား၊ ဤ​အ​ရပ်​သို့ တက်​လော့။ နောင်​ကာ​လ၌ ဖြစ်​ရ​မည်​အ​ရာ​တို့​ကို ငါ​ပြ​မည်​ဟု ငါ​နှင့်​ပြော​လျက်​ရှိ​သော တံ​ပိုး​ခ​ရာ​သံ​ကဲ့​သို့ မြည်​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ