Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 6:4

Judson Bible

ဆင်​စွယ်​ခု​တင်​ပေါ်​မှာ​အိပ်၍ မွေ့​ရာ​ပေါ်​မှာ​လျောင်း​ခြင်း၊ သိုး​စု​ထဲ​က သိုး​သ​ငယ်​တို့​ကို​လည်း​ကောင်း၊ နွား​တင်း​ကုပ်​ထဲ​က နွား​သ​ငယ်​တို့​ကို​လည်း​ကောင်း ယူ၍​စား​ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​အ​စာ​စား​ခြင်း​ငှာ​ထိုင်​ကြ​စဉ် မျှော်​ကြည့်၍၊ ဣ​ရှ​မေ​လ​အ​မျိုး​သား​အ​စု​အ​ဝေး​သည် ဂိ​လဒ်​ပြည်​မှ​လာ၍ နံ့​သာ​မျိုး၊ ဗာ​လ​စံ​စေး၊ မု​ရန်​စေး​များ​ကို ကု​လား​အုတ်​ပေါ်၌ တင်​ဆောင်​လျက်၊ အဲ​ဂု​တ္တု​ပြည်​သို့ ခ​ရီး​သွား​ကြ​သည်​ကို​မြင်​လျှင်၊

ငွေ​ကွင်း​တပ်​သော ကျောက်​ဖြူ​တိုင်​တို့၌ မောင်း​သော ပိတ်​ချော​ကြိုး​ဖြင့် ဆွဲ​ကာ​သော ပိတ်​ချော​ကု​လား​ကာ အ​ဖြူ​အ​စိမ်း​အ​ပြာ တို့​နှင့်​လည်း​ကောင်း၊ ခင်း​သော​ကျောက်​ပြား အ​နီ​အ​ပြာ​အ​ဖြူ​အ​နက်​တို့ အ​ပေါ်​မှာ​ထား​သော ရွှေ​ငွေ အ​နေ​အ​ထိုင်​တို့​နှင့်​လည်း​ကောင်း ဥ​ယျာဉ်​တော်​သည် ပြည့်​စုံ၏။

ဆူ​ဝ​သော​ကြောင့် မျက်​နှာ​မော်​လျက်​ရှိ​ကြ၏။ စိတ်​နှ​လုံး​ကြံ​စည်​ခြင်း​အား​ဖြင့် လွန်​ကျူး​တတ်​ကြ၏။

ကြည့်​ပါ။ ဝမ်း​မြောက် ရွှင်​လန်း​ခြင်း​အ​မှု၊ သိုး​နွား​များ​ကို သတ်​ခြင်း၊ အ​မဲ​သား​စား​ခြင်း၊ စ​ပျစ်​ရည်​သောက်​ခြင်း​အ​မှု​ကို ပြု​လျက်၊ ငါ​တို့​သည် စား​ကြ​ကုန်​အံ့၊ သောက်​ကြ​ကုန်​အံ့၊ နက်​ဖြန်​သေ​ရ​ကြ​မည်​ဟု ပြော​ဆို​ကြ​သည်​တ​ကား။

စ​ပျစ်​ရည်​နှင့် ယစ်​မူး​သော​သူ​တို့၏​နေ​ရာ ကြွယ်​ဝ​သော ချိုင့်​ဦး​တွင်၊ ဧ​ဖ​ရိမ်​အ​မျိုး သေ​သောက်​ကြူး​တို့၏ မာ​န​သ​ရ​ဖူ​နှင့်၊ သူ​တို့၌ ညှိုး​နွမ်း​တတ်​သော ဘုန်း​အ​သ​ရေ၏​ပန်း​ပွင့်​သည် အ​မင်္ဂ​လာ​ရှိ၏။

ထို​နည်း​တူ၊ စား​သောက်​ပွဲ​ခံ​ရာ အိမ်​သို့​မ​ဝင်​နှင့်။ သူ​တို့​နှင့်​ပေါင်း​ဖော်၍ မ​စား​မ​သောက်​နှင့်။

သင့်​ညီ​မ​သော​ဒုံ၏​အ​ပြစ်​ဟူ​မူ​ကား၊ သူ​နှင့် သူ့​သ​မီး​တို့​သည် မာ​န​ကြီး​ခြင်း၊ ဝ​စွာ​စား​သောက်​ခြင်း၊ ငြိမ်​ဝပ်​စွာ​ကောင်း​စား​ခြင်း​ရှိ၍၊ ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့​ကို မ​ထောက်​ပံ့​ဘဲ​နေ​ကြ၏။

အ​သ​ရေ​ရှိ​သော ခု​တင်​ပေါ်၌​ထိုင်၍၊ ငါ့​နံ့​သာ​ပေါင်း​နှင့် ငါ့​ဆီ​ကို တင်​သော​စား​ပွဲ​ကို ခု​တင်​ရှေ့​မှာ ခင်း​လေ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သိုး​ထိန်း​သည် ခြင်္သေ့​နှုတ်​ထဲ​က ခြေ​နှစ်​ခု၊ သို့​မ​ဟုတ်၊ နား​ရွက်​တစ်​ပိုင်း​ကို နုတ်​ယူ​သ​ကဲ့​သို့ ရှ​မာ​ရိ​မြို့၌ ခု​တင်​ထောင့်၊ ဒ​မာ​သက်​မွေ့​ရာ ဖုံ​ပေါ်​မှာ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို နုတ်​ယူ​ရ​လိမ့်​မည်။

ထို​ကာ​လ၌ နန်း​စဉ်​က​ချေ​သည်​တို့​သည် မြည်​တမ်း​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ များ​စွာ​သော အ​သေ​ကောင်​ရှိ၍၊ လူ​တို့​သည် တိတ်​ဆိတ်​စွာ ပစ်​ချ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

မြို့​သား​သူ​ဌေး​တို့​သည် အ​နိုင်​အ​ထက်​ပြု၍ ရ​တတ်​ကြ၏။ ဆင်း​ရဲ​သား​တို့​သည်​လည်း မု​သား​ကို သုံး​တတ်​ကြ၏။ သူ​တို့​နှုတ်၌ ရှိ​သော​လျှာ​သည် မု​သား​ဖြစ်၏။

တစ်​ဖန်​တုံ၊ သူ​ဌေး​တစ်​ယောက်​သည် နီ​မောင်း​သော က​မ္ဗ​လာ​နှင့်​ပိတ်​ချော​ကို ဝတ်​ဆင်၍၊ ကာ​မ​ဂုဏ်​စည်း​စိမ်၌ နေ့​တိုင်း ပျော်​မွေ့​လျက်​နေ၏။-

သင်​တို့​သည် မြေ​ကြီး​ပေါ်​မှာ ကာ​မ​ဂုဏ်​ခံ​စား၍ အ​လွန်​ပျော်​မွေ့​ကြ​ပြီ။ သတ်​ရ​သော​နေ့၌​ကဲ့​သို့၊ မိ​မိ​တို့​နှ​လုံး​ကို မွေး​မြူ​ကြ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ