အာမုတ် 5:4Judson Bibleထာဝရဘုရားသည် ဣသရေလအမျိုးအား မိန့်တော်မူသည်ကား၊ ငါ့ကို ရှာကြလော့။ ရှာလျှင် အသက်ချမ်းသာရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ငါ့သားရှောလမုန်၊ သင့်အဘ၏ဘုရားသခင်ကို သိလော့။ စုံလင်သောနှလုံး၊ ကြည်ညိုသောစိတ်သဘောနှင့် ဝတ်ပြုလော့။ ထာဝရဘုရားသည် ခပ်သိမ်းသော စိတ်နှလုံးတို့ကိုစစ်၍ အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ၏။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကိုစွန့်လျှင် သင့်ကို အစဉ်အမြဲ စွန့်တော်မူမည်။
အာဇရိသည် အာသမင်းကို ကြိုဆိုခြင်းငှာ သွားလျက်၊ အိုအာသမင်း၊ အိုယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့သည် ထာဝရဘုရားဘက်၌နေလျှင်၊ နေစဉ်ကာလ၊ ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူမည်။ ထာဝရဘုရားကိုရှာလျှင် အတွေ့ခံတော်မူမည်။ စွန့်လျှင်သင်တို့ကို စွန့်တော်မူမည်။
စစ်ကူတောင်းအံ့သောငှာ အဲဂုတ္တုပြည်သို့သွား၍၊ မြင်းတို့ကို အမှီပြုလျက် များစွာသော ရထားတို့ကိုလည်းကောင်း၊ အားကြီးသော မြင်းစီးသူရဲတို့ကိုလည်းကောင်း ခိုလှုံလျက်၊ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားကို မမျှော်လင့်၊ ထာဝရဘုရားကို မရှာဘဲနေသောသူတို့သည် အမင်္ဂလာရှိကြ၏။