Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 5:2

Judson Bible

ဣ​သ​ရေ​လ သ​တို့​သ​မီး​က​ညာ​သည် လဲ​ပြီ။ နောက်​တစ်​ဖန် မ​ထ​ရ။ မိ​မိ​မြေ​ပေါ်​မှာ တုံး​လုံး​နေ၏။ ချီ​ကြွ​သော​သူ​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ပေ​ကာ​လက်​ထက်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​သည်​လာ၍ ဣ​ယုန်​မြို့၊ အ​ဗေ​လ​ဗက်​မာ​ခါ​မြို့၊ ယာ​နော​မြို့၊ ကေ​ဒေ​ရှ​မြို့၊ ဟာ​ဇော်​မြို့​နှင့်​တ​ကွ ဂိ​လဒ်​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ နဿ​လိ​ပြည်​သား​အ​ပေါင်း​တို့​ကို လုပ်​ကြံ၍၊ အာ​ရှု​ရိ​ပြည်​သို့ သိမ်း​သွား၏။

မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို စွန့်၍ နွား​သ​ငယ်​တည်း​ဟူ​သော သွန်း​သော​ရုပ်​တု​နှင့် အာ​ရှ​ရ​ပင်​ကို လုပ်​ကြ၏။ မိုး​ကောင်း​ကင်​တန်​ဆာ​များ​ကို ကိုး​ကွယ်၍ ဗာ​လ​ဘု​ရား​ကို​လည်း​ဝတ်​ပြု​ကြ၏။

သူ၏​သား​မြေး​တို့​သည်​မ​ထ၊ မြေ​ကြီး​ကို​မ​ပိုင်၊ မြေ​တစ်​ပြင်​လုံး​တွင် ရန်​သူ​များ​ကို မ​နှိုး​ဆော်​နိုင်​မည်​အ​ကြောင်း၊ သူ​တို့​အ​ဖို့ ဘိုး​ဘေး​တို့၏​အ​ပြစ်​ကြောင့် ကွပ်​မျက်​ခြင်း​ကို​ပြင်​ကြ​လော့။

ပြည်​တော်​သည် ယစ်​မူး​သော​သူ​ကဲ့​သို့ တ​လူး​လည်​လည်​ရှိ၏။ ပု​ခက်​ကဲ့​သို့ လှုပ်​ရှား၏။ မိ​မိ​အ​ပြစ်​သည် မိ​မိ​အ​ပေါ်​မှာ​လေး​သ​ဖြင့်၊ ပြည်​တော်​သည် လဲ​လိမ့်​မည်။ နောက်​တစ်​ဖန်​မ​ထ​ရ။

ယေ​ရု​ရှ​လင်​မြို့​ပြို​လဲ​လျက်၊ ယု​ဒ​ပြည် ဆုံး​ရှုံး​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​စ​ကား​နှင့် သူ​တို့​အ​ကျင့်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​လို​တော်​နှင့်​မ​ညီ၊ ဘုန်း​ကြီး​သော​မျက်​စိ​တော်​တို့​ကို ဆန့်​ကျင်​ဘက်​ပြု​ကြ၏။

ထို​မင်း၏​အ​မှု​မှာ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဟူ​မူ​ကား၊ ဇိ​အုန်​သ​တို့​သ​မီး​က​ညာ​သည် သင့်​ကို​မ​ထီ​မဲ့​မြင်​ပြု၍ ပြက်​ရယ်၏။ ယေ​ရု​ရှ​လင်​သ​တို့​သ​မီး​သည် သင့်​နောက်၌ ခေါင်း​ညိတ်၏။

ရ​ထား​များ၊ မြင်း​များ​နှင့်​တ​ကွ၊ စစ်​သူ​ရဲ​အ​လုံး​အ​ရင်း​တို့​ကို ဆောင်​ခဲ့​တော်​မူ​ထ​သော၊ သူ​တို့​ကို မ​ထ​နိုင်​အောင် တစ်​ပြိုင်​နက်​တည်း အိပ်​စေ၍၊ မီး​စာ​သေ​သ​ကဲ့​သို့၊ ငြိမ်း​စေ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊

သင်​သည်​လည်း သူ​တို့​အား ပြော​ရ​မည့်​စ​ကား​ဟူ​မူ​ကား၊ ငါ​သည် နေ့​ည​မ​ပြတ် မျက်​ရည်​ကျ​ရ​မည်။ ငါ၏​လူ​မျိုး​သ​တို့​သ​မီး​သည် အ​လွန်​ပြင်း​စွာ​သော ဒဏ်​ချက်​ကို​ခံ​ရ၍ အ​ရိုး​များ​ကျိုး​လေ​ပြီ။

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​သို့​သော​အ​မှု​ကို အ​ဘယ်​သူ​ကြား​ဖူး​သ​နည်း​ဟု သာ​သ​နာ​ပ​လူ​တို့​တွင် မေး​ကြ​လော့။ ဣ​သ​ရေ​လ​သ​တို့​သ​မီး​က​ညာ​သည် အ​လွန်​စက်​ဆုပ် ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို ပြု​လေ​ပြီ။

သစ်​တုံး​အား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​ဘ​ဖြစ်​တော်​မူ၏ ဟူ​၍​လည်း​ကောင်း၊ ကျောက်​အား​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ဖွား​မြင်​တော်​မူ​ပြီ ဟူ၍​လည်း​ကောင်း​ဆို​လျက်၊ စင်​စစ် ငါ့​ကို မျက်​နှာ​မ​ပြု၊ ကျော​ခိုင်း​ကြ​သော်​လည်း၊ အ​မှု​ရောက်​လျှင်​မူ​ကား၊ ထ​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တို့​ကို ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​တတ်​ကြ​၏။

အို ဣ​သ​ရေ​လ သ​တို့​သ​မီး​က​ညာ၊ သင့်​ကို​တစ်​ဖန် ငါ​တည်​ဆောက်​သော​ကြောင့်၊ သင်​သည် တည်​ဆောက်​ခြင်း​သို့ ရောက်​လိမ်​မည်။ သင်​သည် တစ်​ဖန်​ပတ်​သာ​နှင့် တန်​ဆာ​ဆင်​လျက်၊ ရွှင်​မြူး​ခြင်း​ကို ပြု​သော​သူ​တို့​နှင့်​အ​တူ က​ခုန်​လျက်​သွား​လိမ့်​မည်။

ပျက်​စီး​ပြီ၊ ပျက်​စီး​ပြီ​ဟု အ​ထပ်​ထပ်​ဟစ်​ကြော်​ရ၏။ တစ်​ပြည်​လုံး ပျက်​စီး​ပြီ။ ငါ၏​တဲ​တို့​သည် ခ​ဏ​ချင်း​တွင် ပျက်​စီး​ကြ​ပြီ။ ငါ၏ ကု​လား​ကာ​တို့​သည် ချက်​ချင်း​ပျက်​စီး​ကြ​ပြီ။

မာ​န​ကြီး​သော​သူ​သည် ထိ​မိ၍​လဲ​ပြီး​မှ အ​ဘယ်​သူ​မျှ မ​ကြွ​ရ။ ငါ​သည်​လည်း သူ့​နေ​ရာ​မြို့​တို့​ကို မီး​ရှို့၍၊ သူ့​ပတ်​လည်​၌​နေ​သော သူ​အ​ပေါင်း​တို့​ကို​လောင်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ဗာ​ဗု​လုန်​မြို့​သည် ဤ​သို့​နစ်​ရ​လိမ့်​မည်။ ငါ​ရောက်​စေ​သော ဘေး​ဥ​ပဒ်​ထဲ​က နောက်​တစ်​ဖန် မ​ထ​မြောက်​ရ။ မြို့​သူ​မြို့​သား​တို့​သည် အား​ကုန်​လျက် နေ​ရ​ကြ​လိမ့်​မည်​ဟု၊ မြွက်​ဆို​ရ​မည်​အ​ကြောင်း​ကို၊ ယေ​ရ​မိ​သည် မှာ​ထား​လေ၏။ ဤ​ရွေ့​ကား၊ ယေ​ရ​မိ​စ​ကား​ပေ​တည်း။

တစ်​ဖန် သင်​သည် သူ​တို့​အား ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ လဲ​သော​သူ​သည် နောက်​တစ်​ဖန်​မ​ထ​ရ​သ​လော။ လွဲ​သွား​သော​သူ​သည် နောက်​တစ်​ဖန် ပြန်၍​မ​လာ​ရ​သ​လော။

သေ​မင်း​သည် ငါ​တို့​ပြတင်း​ပေါက်​သို့​တက်၍၊ ငါ​တို့ ဘုံ​ဗိ​မာန်​ထဲ​သို့​ဝင်​သ​ဖြင့်၊ သူ​ငယ်​များ​ကို လမ်း​မှ​ပယ်​ရှင်း၍၊ လူ​ပျို​များ​ကို ပွဲ​သ​ဘင်​ထဲ​က ဖျက်​ဆီး​လေ​ပြီ။

ထို​သို့​သော​အ​ပြစ်​တို့​ကို ငါ​မ​စစ်​ကြော​ဘဲ​နေ​ရ​မည်​လော။ ထို​သို့​သော အ​မျိုး​ကို​ဒဏ်​ပေး၍၊ ငါ့​စိတ်​ချင်​ရဲ မ​ပြေ​ဘဲ​နေ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အို ယေ​ရု​ရှ​လင်​သ​တို့​သ​မီး၊ သင်၏​အ​မှု၌​အ​ဘယ်​သက်​သေ​ကို ငါ​ပြ​ရ​မည်​နည်း။ အို​ဇိ​အုန်​သ​တို့ သ​မီး​က​ညာ၊ သင့်​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ၊ သင်​နှင့်​အ​ဘယ်​သူ​ကို ငါ​ခိုင်း​နှိုင်း​ရ​မည်​နည်း။ သင်၏​ပြို​ပျက်​ရာ​သည် သ​မု​ဒ္ဒ​ရာ​ကဲ့​သို့ ကျယ်​သော​ကြောင့် အ​ဘယ်​သူ ပြု​ပြင်​နိုင်​သ​နည်း။

အို ဣ​သ​ရေ​လ၊ သင်​သည် ကိုယ်​ပြု​သော​ဒု​စ​ရိုက်​အ​ပြစ်​အား​ဖြင့် အ​ကျိုး​နည်း​ရှိ​သော​ကြောင့် သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လော့။

နှစ်​ရက်​လွန်​ပြီး​မှ ငါ​တို့​ကို အ​သက်​ရှင်​စေ၍၊ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​စေ​တော်​မူ​သ​ဖြင့်၊ အ​ထံ​တော်၌ ငါ​တို့​သည် အ​သက်​ရှင်​ကြ​လိမ့်​မည်။

ရှ​မာ​ရိ​အ​ပြစ်​ကို​တိုင်​တည်၍ ကျိန်​ဆို​သော​သူ၊ အို ဒန်၊ သင်၏​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ဟူ၍​လည်း​ကောင်း၊ ဗေ​ရ​ရှေ​ဘ ဘာ​သာ အ​သက်​တည်​သည်​အ​တိုင်း​ဟူ၍​လည်း​ကောင်း ဆို​သော​သူ​တို့​သည်၊ နောက်​တစ်​ဖန် မ​ထ​နိုင်​အောင်​လဲ၍ နေ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ကျန်​ကြွင်း​ရစ်​သော ဧ​ဒုံ​အ​မျိုး​သား​မှ​စ၍ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​ကို သိမ်း​ယူ​စေ​ခြင်း​ငှာ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ