Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 4:8

Judson Bible

ထို​သို့ မြို့​နှစ်​မြို့​သုံး​မြို့​သား​တို့​သည် ရေ​သောက်​ခြင်း​ငှာ မြို့​တစ်​မြို့​သို့​သွား​ရ၍ မ​ဝ​ရ​ကြ။ သို့​သော်​လည်း၊ သင်​တို့​သည် ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အာ​ဟပ်​က​လည်း၊ တစ်​ပြည်​လုံး​သို့​လှည့်​လည်၍ စမ်း​ရေ​တွင်း​များ၊ ချောင်း​များ​ရှိ​ရာ​အ​ရပ်​ရပ်​သို့ သွား​လော့။ တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည် မ​သေ၊ မြင်း​နှင့်​လား​တို့​သည် အ​သက်​လွတ်​မည်​အ​ကြောင်း၊ မြက်​ပင်​ကို တွေ့​ကောင်း​တွေ့​လိမ့်​မည်​ဟု ဩ​ဗ​ဒိ​အား​ဆို​လျက်၊

ရှေ့၌​ကား ရှု​ရိ​လူ၊ နောက်၌​ကား ဖိ​လိ​တ္တိ​လူ​တို့​သည် ပါး​စပ်​ဟ၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ကိုက်​စား​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​မျက်​တော်​သည်​မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။

ယေ​ရု​ရှ​လင်​မြို့​သား ပ​ရော​ဖက်​တို့၌​လည်း၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော သ​ဘော​ကို ငါ​မြင်​ပြီ။ သူ​တို့​သည် မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​လျက်၊ မု​သား​ကို​လည်း​သုံး​လျက်၊ အ​ဓ​မ္မ​ပြု​သော​သူ​တို့​ကို အား​ပေး​တတ်​သ​ဖြင့်၊ အ​ဘယ်​သူ​မျှ​မိ​မိ​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို မ​စွန့်။ ထို​သူ ရှိ​သ​မျှ​တို့​သည် ငါ၌ သော​ဒုံ​မြို့​သား​ကဲ့​သို့​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ဂေါ​မော​ရ​မြို့​သား​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။

မိုး​ခေါင်၍ နောက်​မိုး​တိုင်​အောင် မ​ရွာ​သော်​လည်း၊ သင်​သည် ပြည့်​တန်​ဆာ​န​ဖူး​ရှိ၍၊ ရှက်​ခြင်း​သ​ဘော​ကို ပယ်​ရှား​ပြီ။

သူ​သည် ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​ပြီး​မှ၊ ငါ့​ထံ​သို့ ပြန်​လာ​ပါ​ဟု ငါ​ပြော​သော်​လည်း၊ သူ​သည် ပြန်၍​မ​လာ။ ထို​အ​မှု​ကို သူ၏​ညီ​မ၊ သ​စ္စာ​ပျက်​သော​ညီ​မ​ယု​ဒ​သည် ကြည့်​မြင်​လေ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​တ​ရား​ကို ထောက်​ရှု​တော်​မူ​သည် မ​ဟုတ်​လော။ ကိုယ်​တော်​သည် ဒဏ်​ခတ်​တော်​မူ​သော်​လည်း သူ​တို့​သည် ညှိုး​ငယ်​သော​စိတ်​မ​ရှိ​ကြ​ပါ။ ဖျက်​ဆီး​တော်​မူ​သော်​လည်း၊ သူ​တို့​သည် ဆုံး​မ​ခြင်း​ကို ငြင်း​ပယ်​ကြ​ပါ​ပြီ။ မိ​မိ​တို့​မျက်​နှာ​ကို ကျောက်​ထက်​သာ၍​မာ​စေ​ကြ​ပါ​ပြီ။ ငါ​တို့​သည် ပြန်၍​မ​လာ​ဟု ငြင်း​ဆန်​လျက် နေ​ကြ​ပါ​ပြီ။

အ​ထံ​တော်​သို့ မ​ပြန်​မ​လာ​ဟု သူ​သည် ငြင်း​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်၍​မ​သွား​ရ။ အာ​ရှု​ရိ​မင်း​သည် သူ​တို့​ကို အုပ်​စိုး​ရ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး၏​မာ​န​သည် သူ့​မျက်​မှောက်၌ နှိမ့်​ချ​ခြင်း​သို့ ရောက်​သော်​လည်း အ​မျိုး​သား​တို့​သည် ကိုယ်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​ပြန်​မ​လာ​ကြ။ အ​မှု​ရောက်​သော်​လည်း ဘု​ရား​ကို မ​ရှာ​ကြ။

ငါ​သည်​လည်း၊ သင်​တို့​မြို့​ရွာ ရှိ​သ​မျှ​တို့၌ သွား​တို့၏​စင်​ကြယ်​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​နေ​ရာ အ​ရပ်​ရှိ​သ​မျှ​တို့၌ အ​စာ​ခေါင်း​ပါး​ခြင်း​ကို​လည်း​ကောင်း ပေး​သော်​လည်း၊ သင်​တို့​သည် ငါ့​ထံ​သို့​ပြန်၍ မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​သည် စား​သော်​လည်း မ​ဝ​ရ။ မွတ်​သိပ်​ခြင်း​ကို ခံ​ရ​မည်။ သင်​သည် ချီ​သော်​လည်း ယူ၍​မ​သွား​ရ။ ယူ​သွား​သော​အ​ရာ​ကို​လည်း ဓား​ဘေး​သို့ ငါ​အပ်​မည်။

သင်​တို့​သည် များ​စွာ​သော မျိုး​စေ့​ကို ကြဲ​သော်​လည်း အ​သီး​အ​နှံ​နည်း​ပါး​ရ၏။ စား​ရ​သော်​လည်း ဝ​စွာ​မ​စား​ရ​ကြ။ သောက်​သော်​လည်း ဝ​စွာ မ​သောက်​ရ​ကြ။ အ​ဝတ်​ကို​ဝတ်​ရ​သော်​လည်း နွေး​စွာ မ​ဝတ်​ရ​ကြ။ အ​လုပ်​လုပ်၍ အ​ခ​ကို​ခံ​ရ​သော်​လည်း မ​လုံ​သော​အိတ်​ထဲ​မှာ သို​ထား​ရ​ကြ၏။

သင်​တို့ လုပ်​ဆောင်​သ​မျှ​တို့​တွင် လေ​ထိ၍​အ​ပင်​သေ​ဘေး၊ အ​ရည်​ယို၍ သေ​ဘေး၊ မိုး​သီး​ဘေး​ဖြင့် ငါ​သည် ဒဏ်​ခတ်​ခဲ့​ပြီ။ သို့​သော်​လည်း၊ သင်​တို့​သည် ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ