Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 3:2

Judson Bible

မြေ​ကြီး​ပေါ်​မှာ​နေ​သော အ​မျိုး​သား​အ​ပေါင်း​တို့​တွင် သင်​တို့ တစ်​မျိုး​တည်း​ကို​သာ ငါ​လက်​ခံ​သော​ကြောင့်၊ သင်​တို့​အ​ပြစ် ရှိ​သ​မျှ​တို့​ကို ငါ​စစ်​ကြော​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

37 ပူးပေါင်းရင်းမြစ်များ  

ဤ​ရွေ့​ကား မိ​မိ​တို့​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​အ​လိုက်​မှတ်​သား​သော နော​ဧ​သား ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​ပေ​တည်း။ ထို​သူ​တို့​သည် ရေ​လွှမ်း​မိုး​သော​နောက်၊ မြေ​ကြီး​ပေါ်​မှာ သီး​ခြား​သော​တိုင်း​ပြည်​တို့​ကို တည်​ထောင်​ကြ​လေ၏။

အ​ကြောင်း​မူ​ကား၊ သူ​သည် မိ​မိ​နောက်၌​ဖြစ်​သော​သား​များ၊ အိမ်​သူ​များ​တို့​အား ပ​ညတ်​မည်​အ​ရာ​ကို ငါ​သိ၏။ သူ​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​သို့​လိုက်၍၊ ဟုတ်​မှန်​ဖြောင့်​မတ်​စွာ ကျင့်​ကြ​လိမ့်​မည်။ သို့​ဖြစ်၍ က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ၌​ပြု​ရ​သော အ​ခွင့်​ရှိ​လိမ့်​မည်​ဟု အ​ကြံ​တော်​ရှိ၏။

နှုတ်​က​ပတ်​အ​မိန့်​တော်​ကို ယာ​ကုပ်​အ​မျိုး၌​လည်း​ကောင်း၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​များ​ကို ဣ​သ​ရေ​လ​အ​မျိုး၌​လည်း​ကောင်း ဖော်​ပြ​တော်​မူ၏။

သို့​ဖြစ်၍ ငါ​မှာ​ထား​သော​အ​ရပ်​သို့ သူ​တို့​ကို ယ​ခု​သွား၍​ပို့​ဆောင်​လော့။ ငါ့​တ​မန်​သည် သင့်​ရှေ့​မှာ​သွား​လိမ့်​မည်။ သို့​သော်​လည်း ငါ​သည်​အ​ကြည့်​အ​ရှု ကြွ​လာ​သော​အ​ခါ၊ သူ​တို့၌​အ​ပြစ်​ပေး​လျက်​ကြွ​လာ​မည်​ကို မိန့်​တော်​မူ၏။

အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော် မ​အုပ်​စိုး​ဖူး​သော သူ​ကဲ့​သို့​လည်း​ကောင်း၊ နာ​မ​တော်​ဖြင့် သ​မုတ်​ခြင်း​ကို မ​ခံ​ဖူး​သော သူ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​ပါ၏။

အ​ကြောင်း​မူ​ကား၊ မြောက်​တိုင်း​နိုင်​ငံ​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​ခေါ်၍၊ သူ​တို့​သည် လာ​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​ဝ​များ​တို့၌​လည်း​ကောင်း၊ မြို့​ရိုး​ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​တို့၌​လည်း​ကောင်း၊ ယု​ဒ​မြို့​ရွာ​အ​လုံး​စုံ​တို့၌​လည်း​ကောင်း မိ​မိ​တို့ ရာ​ဇ​ပ​လ္လင်​များ​ကို အ​သီး​အ​သီး တည်​ထား​ကြ​လိမ့်​မည်။

ကိုယ်​တော်​ကို​မ​သိ​သော တစ်​ပါး​အ​မျိုး​သား​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​မ​ပြု​သော အ​မျိုး​အ​နွယ်​တို့ အ​ပေါ်​သို့​လည်း​ကောင်း အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ယာ​ကုပ်​အ​မျိုး​ကို အ​ကုန်​အ​စင်​ကိုက်​စား၍၊ သူ၏​နေ​ရာ​ကို သုတ်​သင်​ပယ်​ရှား​ကြ​ပါ​ပြီ။

ငါ​သည်​သူ​တို့​ကို စစ်​ကြော​သ​ဖြင့်၊ လူ​ပျို​တို့​သည် ဓား​ဖြင့်​သေ​ကြ​လိမ့်​မည်။ သား​သ​မီး​တို့​သည်​ငတ်​မွတ်၍ သေ​ကြ​လိမ့်​မည်။

သင်​သည် ဆုံး​မ​တော်​မူ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ၊ အ​ဘယ်​သို့ ပြော​လိမ့်​မည်​နည်း။ သူ​တို့​သည် သင့်​ကို အ​စိုး​တ​ရ​ပြု​စေ​ခြင်း​ငှာ၊ သင်​သည် ကိုယ်​တိုင်​အ​ကြံ​ပေး​ပြီ။ သား​ဖွား​သော​မိန်း​မ​ခံ​ရ​သော ဝေ​ဒ​နာ​ကို သင်​ခံ​ရ​လိမ့်​မည် မ​ဟုတ်​လော။

ဤ​လူ​မျိုး​ကို​ရည်​မှတ်၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဤ​လူ​တို့​သည် လှည့်​လည်​ခြင်း​ငှာ အ​လွန်​အ​လို​ရှိ​ကြ၏။ မိ​မိ​တို့​ခြေ​ကို မ​ချုပ်​တည်း​ကြ။ ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မ​မူ။ သူ​တို့​ပြု​သော ဒု​စ​ရိုက်​ကို​အောက်​မေ့၍၊ သူ​တို့​အ​ပြစ်​များ​ကြောင့် စစ်​ကြော​တော်​မူ​မည်။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ၊

သင်​ပြု​ဖူး​သ​မျှ​သော ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကြောင့်၊ ငါ​မ​စီ​ရင်​စ​ဖူး၊ မ​စီ​ရင်​လ​တ္တံ့​သော အ​ပြစ်​ဒဏ်​ကို သင်၌​စီ​ရင်​မည်။

အ​သက်​ကြီး​သော​သူ၊ အ​သက်​ငယ်​သော​သူ၊ အ​ပျို​မ၊ သူ​ငယ်၊ မိန်း​မ​တို့​ကို ရှင်း​ရှင်း​သတ်​ကြ​လော့။ သို့​ရာ​တွင်၊ အ​မှတ်​ပါ​သော​သူ​ကို မ​ချဉ်း​ကပ်​ကြ​နှင့်။ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န၌ အ​ဦး​ပြု​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​ကို ငါ​ကြား၏။ သူ​တို့​သည်​လည်း၊ အိမ်​တော်​ရှေ့​မှာ​ရှိ​သော အ​သက်​ကြီး​သူ​တို့​ကို ရှေ့​ဦး​စွာ​သတ်​ကြ၏။

အ​ကျွန်ုပ်​တို့​တစ်​ဖက်၊ အ​ကျွန်ုပ်​တို့​ကို​အုပ်​သော တ​ရား​သူ​ကြီး​တို့ တစ်​ဖက်၌ မိန့်​တော်​မူ​သော စ​ကား​တော်​ကို တည်​စေ၍၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ကြီး​စွာ​သော​ဘေး​ဥ​ပဒ်​ကို ရောက်​စေ​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ယေ​ရု​ရှ​လင်​မြို့၌ ဘေး​ရောက်​သ​ကဲ့​သို့ ကောင်း​ကင်​အောက်​တွင် အ​ဘယ်​အ​ရပ်၌​မျှ မ​ရောက်​စ​ဖူး​ပါ။

ဗာ​လ​ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ နှာ​ခေါင်း​ဆွဲ​နှင့် လည်​ဆွဲ​တန်​ဆာ​ကို ဆင်​လျက် ရည်း​စား​များ​နောက်​သို့ လိုက်​သ​ဖြင့်၊ ငါ့​ကို မေ့​လျော့၍ ဗာ​လ​ဘု​ရား​တို့ လက်​ထက်၌ ပြု​မိ​သော​အ​ပြစ်​နှင့် အ​လျောက် ငါ​စီ​ရင်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဧ​ဖ​ရိမ်​ကို​ငါ​သိ၏။ ဣ​သ​ရေ​လ​သည်​လည်း ငါ့​ရှေ့​မှ ပုန်း​ရှောင်၍​မ​နေ​နိုင်။ ယ​ခု​ပင် အို ဧ​ဖ​ရိမ်၊ သင်​သည်​မှား​ယွင်း၍ ဣ​သ​ရေ​လ​သည် ညစ်​ညူး​ခြင်း​ရှိ၏။

ငါ​နှင့်​ဆိုင်​သော ပူ​ဇော်​သ​ကာ​တို့​ကို ယဇ်​ပူ​ဇော်​သော​သူ​တို့​သည် ပူ​ဇော်၍ ကိုယ်​တိုင်​စား​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို လက်​ခံ​တော်​မ​မူ။ သူ​တို့​အ​ပြစ်​များ​ကို ချက်​ချင်း​အောက်​မေ့၍ စစ်​ကြော​တော်​မူ​သော​အား​ဖြင့်၊ သူ​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​သွား​ရ​ကြ​လိမ့်​မည်။

ဂိ​ဗာ​မြို့ လက်​ထက်​ကဲ့​သို့ သူ​တို့​သည် ကိုယ်​ကို အ​လွန်​ညစ်​ညူး​စေ​ကြ​ပြီ။ သူ​တို့​အ​ပြစ်​ကို အောက်​မေ့၍ ဒု​စ​ရိုက်​များ​ကို စစ်​ကြော​တော်​မူ​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယု​ဒ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​ချက်​တို့​ကို​မ​စောင့်၊ ပ​ညတ်​တ​ရား​တော်​ကို စွန့်​ပစ်၍၊ ဘိုး​ဘေး​တို့ လိုက်​ဖူး​သော မိ​စ္ဆာ​ဒိ​ဌိ​အား​ဖြင့် မှား​ယွင်း​သော​အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။

လူ​နှစ်​ဦး​သည် သ​ဘော​မ​တူ​လျှင်၊ ပေါင်း​ဖော်၍ ခ​ရီး​သွား​နိုင်​သ​လော။

ဇိ​အုန်​မြို့၌ ငြိမ်​ဝပ်​စွာ​နေ​သော​သူ၊ ရှ​မာ​ရိ​တောင်​ပေါ်​မှာ စိုး​ရိမ်​ခြင်း​နှင့် ကင်း​လွတ်​လျက်​နေ​သော​သူ၊ လူ​မျိုး​တို့​တွင် အထွတ်​အ​မြတ်​ဟူ၍ ခေါ်​ဝေါ်​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး​ဆည်း​ကပ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ ရှိ​ကြ၏။

သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​လည်​ပင်း မ​လွတ်၊ ခေါင်း​မ​ကြွ​နိုင်​သော ဘေး​ဒဏ်​ကို ထို​သို့​သော အိမ်​ထောင်​တစ်​ဖက်၌ ငါ​ကြံ​စည်၏။ ဆိုး​သော​ကာ​လ​ဖြစ်​လိမ့်​မည်။

အ​ဆင်း​လှ၍ ပြု​စား​တတ်​လျက်၊ မ​တ​ရား​သော မေ​ထုန်​အ​မှု​နှင့် စုန်း​မ​အ​တတ်​အား​ဖြင့်၊ လူ​အ​မျိုး​မျိုး အ​နွယ်​နွယ်​တို့​ကို ကုန်​သွယ်​လုပ်​တတ်​သော ပြည့်​တန်​ဆာ​မိန်း​မ​သည် မ​တ​ရား​သော မေ​ထုန်​ကို ပြု​ဖန်​များ​ပြား​သော​ကြောင့်၊

ဘု​ရား​သ​ခင်​သည် မြေ​တစ်​ပြင်​လုံး၌ နေ​ရ​သော လူ​အ​မျိုး​မျိုး​တို့​ကို တစ်​သွေး​တည်း​နှင့် ဖန်​ဆင်း​တော်​မူ၍၊ သူ​တို့​အား ခွဲ​ဝေ​စီ​မံ​သော​အ​ချိန် ကာ​လ​ကို​လည်း​ကောင်း၊ သူ​တို့၏ နေ​ရာ​အ​ပိုင်း​အ​ခြား​ကို​လည်း​ကောင်း မှတ်​သား​တော်​မူ၏။-

ရှေ့​ဦး​စွာ၌ ယု​ဒ​လူ၊ နောက်၌​ဟေ​လ​သ​လူ၊ ဆိုး​ညစ်​သော​အ​မှု​ကို ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​ကို ခံ​ရ​ကြ​လ​တ္တံ့၊-

ဘု​ရား​သ​ခင်​ကို​ချစ်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင် သိ​စေ​တော်​မူ​သော​သူ ဖြစ်၏။-

သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး​တို့​ကို​ချစ်​ခင်​မြတ်​နိုး၍၊ ယ​နေ့​ရှိ​သ​ကဲ့​သို့၊ သူ​တို့​အ​မျိုး​အ​နွယ်​တည်း​ဟူ​သော သင့်​ကို၊ အ​ခြား​သော​လူ​မျိုး​တ​ကာ​တို့​တွင် ရွေး​ကောက်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း က​တိ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ သင်​သည် ပ​ညတ်​တော် အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ၊ အ​ထူး​သ​ဖြင့် ကိုယ်​တော်၏ လူ​မျိုး​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊

ထာ​ဝ​ရ​ဘု​ရား၏​အ​ဖို့​ကား၊ လူ​မျိုး​တော်​တည်း။ ယာ​ကုပ်​အ​မျိုး​သည် အ​မွေ​ခံ​တော်​မူ​ရာ ဖြစ်​သ​တည်း။

ဘု​ရား​သ​ခင်​သည် မြေ​ကြီး​ပေါ်​မှာ လူ​ကို​ဖန်​ဆင်း​တော်​မူ​သော​နေ့​မှ​စ၍၊ သင်​တို့ မ​ဖြစ်​မီ လွန်​လေ​ပြီး​သော​ကာ​လ​ပတ်​လုံး၊ မိုး​ကောင်း​ကင်​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် မေး​မြန်း​ကြ​လော့။ ဤ​မျှ​လောက် ကြီး​သော​အ​မှု ဖြစ်​ဖူး​သ​လော။ ဤ​ကဲ့​သို့​သော အ​မှု၏​သ​တင်း​ကို ကြား​ဖူး​သ​လော။

အ​ကြောင်း​မူ​ကား၊ သင်​သည် သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​အ​မျိုး​ဖြစ်၏။ မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော လူ​မျိုး​ထက် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပိုင်​ထိုက်​သော​အ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ သင့်​ကို​ရွေး​ချယ်​တော်​မူ​ပြီ။

ဘု​ရား​သ​ခင်၏​အိမ်​တော်​သား​တို့​ကို ရှေ့​ဦး​စွာ စစ်​ကြော​စီ​ရင်​ရ​သော အ​ချိန်​ရှိ​ပြီ။ ငါ​တို့​ကို ရှေ့​ဦး​စွာ စစ်​ကြော​စီ​ရင်​လျှင်၊ ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂ​လိ​တ​ရား​စ​ကား​ကို နား​မ​ထောင်​သော​သူ​တို့၏ အ​မှု​သည် အ​ဘယ်​သို့ ပြီး​လိမ့်​မည်​နည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ