အာမုတ် 3:10Judson Bibleမြို့သားတို့သည် တရားသောအမှုကို မပြုတတ်၊ အနိုင်အထက်ပြု၍ လုယူသောဥစ္စာကို ဘုံဗိမာန်တို့၌ သိုထားတတ်ကြသည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
တစ်ဖန်တုံ၊ အချင်းလူသား၊ ထိုအမှုကို မြင်ပြီလော။ ယုဒအမျိုးသည် ဤအရပ်၌ စက်ဆုပ်ရွံရှာဖွယ် အမှုတို့ကို ပြုသောအပြစ် ပေါ့သလော။ သူတို့သည် အဓမ္မမှုဖြင့် တစ်ပြည်လုံးကို ပြည့်စေ၍ ငါ၏အမျက်ကို အထပ်ထပ် နှိုးဆော်ကြပြီ။ သစ်ခက်ကိုလည်း မိမိတို့နှာခေါင်းဝ၌ ကပ်၍ကိုင်ကြ၏။