အာမုတ် 2:9Judson Bibleအာရဇ်ပင်အရပ်နှင့်အမျှမြင့်၍ သပိတ်ပင်ကဲ့သို့ ခိုင်မာသော အာမောရိအမျိုးကို သင်တို့ရှေ့မှာ ငါပယ်ရှား၍၊ အထက်၌ သူ၏အသီးကိုလည်းကောင်း၊ အောက်၌ သူ၏အမြစ်ကိုလည်းကောင်း ငါဖျက်ဆီးပြီ။ အခန်းကိုကြည့်ပါ။ |
ထိုကြောင့်၊ မီးလျှာသည် ကောက်ရိုးကိုလျက်၊ မီးလျှံသည် မြက်ခြောက်ကို ကျွမ်းစေသည်နည်းတူ၊ သူတို့၏အမြစ်သည် ဆွေးမြေ့သော သစ်သားကဲ့သို့ ဖြစ်၍၊ အပွင့်သည်လည်း မြေမှုန့်ကဲ့သို့ လွင့်တက်လိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏တရားတော်ကို ကယ်ကြပြီ။ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရား၏ ဗျာဒိတ်တော်ကို မထီမဲ့မြင်ပြုကြပြီ။
သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုအပင်သည် ကောင်းစားရမည်လော။ ညှိုးနွမ်းစေခြင်းငှာ အမြစ်ကိုနုတ်၍ အသီးကိုဆွတ်ရမည် မဟုတ်လော။ ပေါက်လေသမျှသော အရွက်တို့သည် ညှိုးနွမ်းရကြလိမ့်မည်။ အမြစ်နှင့်တကွ သုတ်သင်ပယ်ရှင်းခြင်း အမှုကိုပြီးစေခြင်းငှာ ကြီးသောတန်ခိုး၊ များပြားသောအလုံးအရင်းကို အလိုမရှိ။
မီးဖို၌ မီးလောင်သကဲ့သို့ လောင်သောနေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသောသူနှင့် ဒုစရိုက်ကိုပြုသောသူ အပေါင်းတို့သည် အမှိုက်ခြောက် ဖြစ်ကြလိမ့်မည်။ သူတို့အရင်းအဖျားမျှ မကျန်ကြွင်းစေခြင်းငှာ ထိုနေ့ရက်သည် လောင်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
ငါတို့သည် အဘယ်သို့သွားရမည်နည်း။ ညီအစ်ကိုတို့က၊ ထိုပြည်သားတို့သည် ငါတို့ထက်သာ၍ကြီး၏။ အရပ်လည်းသာ၍မြင့်၏။ မြို့လည်း မိုးကောင်းကင်သို့ထိသော မြို့ရိုးလည်းရှိ၏။ ထိုပြည်၌လည်း၊ အာနကအမျိုးသားတို့ကို မြင်ရ၏ဟု ငါတို့စိတ်ကိုဖျက်ကြပြီဟု သင်တို့သည် တဲများ၌ဆန့်ကျင်ဘက်ပြုကြ၏။
ထိုသို့ အာမောရိလူတို့ကို ဣသရေလအမျိုးသားတို့၌ အပ်တော်မူသောနေ့မှာ၊ ယောရှုသည် ထာဝရဘုရားကို ဆုတောင်းပြီးလျှင်၊ အို နေ သင်သည်ဂိဗောင်မြို့၌လည်းကောင်း၊ အို လ သင်သည်အာယလုန်ချိုင့်၌လည်းကောင်း ငြိမ်ဝပ်စွာနေလော့ဟု ဣသရေလအမျိုးသားများရှေ့တွင် မြွက်ဆိုသည်အတိုင်း၊