Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟ​ဗက္ကုတ် 2:7

Judson Bible

သင့်​ကို​ကိုက်​သော သူ​တို့​သည် ချက်​ချင်း​ထ​ကြ​မည် မ​ဟုတ်​လော။ နှောင့်​ယှက်​သော​သူ​တို့​သည် နိုး​ကြ​မည် မ​ဟုတ်​လော။ သင်​သည် သူ​တို့​လု​ယူ​ရာ ဖြစ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

အ​ထပ်​ထပ်​ဆုံး​မ​ခြင်း​ကို​ခံ​သော်​လည်း၊ မိ​မိ​လည်​ပင်း​ကို ခိုင်​မာ​စေ​သော​သူ​သည် ကိုး​ကွယ်​ရာ​မ​ရ၊ ရုတ်​တ​ရက် ပျက်​စီး​လိမ့်​မည်။

တွင်း​ကို တူး​သော​သူ​သည် ထို​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။ ခြံ​ကို​ဖျက်​သော​သူ​သည် မြွေ​ကိုက်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ဧ​ဖ​ရိမ်​အ​မျိုး​သည် ငြူ​စူ​သော​စိတ်​ငြိမ်း​လိမ့်​မည်။ ရန်​ပြု​တတ်​သော ယု​ဒ​အ​မျိုး​သား​တို့​သည်​လည်း၊ ရန်​ပြေ​ကြ​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သည် ယု​ဒ​အ​မျိုး​ကို​မ​ငြူ​စူ​ရ။ ယု​ဒ​အ​မျိုး​လည်း ဧ​ဖ​ရိမ်​အ​မျိုး​ကို ရန်​မ​ပြု​ရ။

မြောက်​မျက်​နှာ၌ လူ​တစ်​ယောက်​ကို ငါ​ပေါ်​ထွန်း​စေ၍၊ သူ​သည်​လာ​လိမ့်​မည်။ နေ​ထွက်​ရာ​မှ​လာ၍ ငါ့​နာ​မ​ကို​ပ​တ္ထ​နာ​ပြု​လိမ့်​မည်။ အိုး​ထိန်း​သ​မား​သည် အိုး​မြေ​ကို​နင်း​သ​ကဲ့​သို့၊ ထို​သူ​သည် မင်း​တို့​ကို အိုး​မြေ​အ​မှတ်​နှင့် ကျော်​နင်း​လိမ့်​မည်။

ဝေး​သော​အ​ရပ်၊ အ​ရှေ့​မျက်​နှာ​မှ ငါ၏​လက်​ထောက်​တည်း​ဟူ​သော ငှက်​ရဲ​ကို ခေါ်​လျက်၊ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​နှင့်​တူ​သော​သူ မည်​မျှ​မ​ရှိ။ ငါ​သည် နှုတ်​ထွက်​အ​တိုင်း​ပြု​မည်။ ကြံ​သည်​အ​တိုင်း စီ​ရင်​မည်။

ထို​ကြောင့်၊ အ​ဆုံး​မ​ထင်​သော ဘေး​ဥ​ပဒ်​သည် သင်၏​အ​ပေါ်​မှာ ရောက်​လိမ့်​မည်။ သင်​သည် မ​ဖြေ​နိုင်​သော အ​ပြစ်​ဒဏ်​နှင့်​လည်း​ကောင်း၊ မ​မျှော်​လင့်​နိုင်​အောင် ချက်​ချင်း ဖျက်​ဆီး​ခြင်း​နှင့်​လည်း​ကောင်း တွေ့​ကြုံ​ရ​လိမ့်​မည်။

မြား​တို့​ကို ပွတ်​ကြ​လော့။ ဒိုင်း​လွှား​တို့​ကို ကိုင်​စွဲ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မေ​ဒိ​ရှင်​ဘု​ရင်​တို့​ကို နှိုး​ဆော်​တော်​မူ​ပြီ။ ဗာ​ဗု​လုန်​မြို့​ကို ဖျက်​ဆီး​မည် အ​ကြံ​ရှိ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို​ဖြေ​ခြင်း၊ ဗိ​မာန်​တော်​ကို ဖျက်​ဆီး​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး​ခြင်း​အ​မှု ဖြစ်​သ​တည်း။

ဗာ​ဗု​လုန်​မင်း​သား၊ တိုင်​ပင်​မှူး​မတ်၊ စစ်​ကဲ၊ မင်း​အ​ရာ​ရှိ၊ ခွန်​အား​ကြီး​သော သူ​တို့​ကို ငါ​ယစ်​မူး​စေ​သ​ဖြင့်၊ သူ​တို့​သည် နောက်​တစ်​ဖန်​မ​နိုး​ဘဲ အ​စဉ်​မ​ပြတ် အိပ်​ပျော်​ကြ​လိမ့်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ၍ ဘွဲ့​နာ​မ​ရှိ​သော​ရှင်​ဘု​ရင် မိန့်​တော်​မူ၏။

ကြည့်​ရှု​လော့။ မန်း​မှုတ်၍ မ​နိုင်​သော​မြွေ၊ ဆိုး​သော​မြွေ​များ​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​သ​ဖြင့်၊ သင်​တို့​ကို ကိုက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငြိမ်​ဝပ်​ခြင်း​ရှိ၏၊ ဘေး​အ​န္တ​ရာယ်​နှင့် ကင်း​လွတ်၏​ဟု ဆို​စဉ်​တွင်၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ၌ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရောက်​သ​ကဲ့​သို့၊ သူ​တို့​အ​ပေါ်၌ လျင်​မြန်​စွာ​သော ပျက်​စီး​ခြင်း​ရောက်၍ လွတ်​ခြင်း​အ​ခွင့် မ​ရှိ​ရ​ကြ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ