အကယ်စင်စစ် ကျောက်တစ်လုံးသည် ကျောက်ထရံထဲက ဟစ်ခေါ်၍၊ ထုပ်တစ်ချောင်းသည် သစ်သားစုထဲက ထူးလေ၏။
ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်း။ သင်ညီအသွေး၏အသံသည် မြေထဲက ငါ့ကိုအော်ဟစ်လျက်ရှိသည်တကား။
သူတို့သည် စိတ်နှလုံးထဲက ထာဝရဘုရားကို အော်ဟစ်ကြ၏။ အို ဇိအုန်သတို့သမီး၏ မြို့ရိုး၊ သင်၏မျက်ရည်သည် မြစ်ရေစီးသကဲ့သို့ နေ့ညမပြတ် စီးစေလော့။ ကိုယ်ကိုကိုယ် မငြိမ်းစေနှင့်။ သင်၏မျက်ဆန်ကိုလည်း မငြိမ်းစေနှင့်။
ယေရှုကလည်း၊ ငါဆိုသည်ကား၊ ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ချင်း ကြွေးကြော်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
ပဋိညာဉ်တရားသစ်၏ အာမခံတည်းဟူသော ယေရှုထံတော်သို့လည်းကောင်း၊ အာဗေလ၏အသွေး ပြောဆိုသောအရာထက် သာ၍ မြတ်သောအရာကို ပြောဆိုသော ဖျန်းဆွတ်ခြင်း၏ အသွေးထံသို့လည်းကောင်း ရောက်ကြ၏။
ဤကျောက်သည် ငါတို့အားသက်သေဖြစ်ရလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသော စကားအလုံးစုံကို ကြားရပြီ။ သို့ဖြစ်၍ သင်တို့သည် ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သင်တို့အား သက်သေဖြစ်ရလိမ့်မည်ဟု လူအပေါင်းတို့အားပြောဆိုပြီးမှ၊
သူတို့ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာနေသော သူတို့သည် ငါတို့အသွေးကို သွန်းကြသော အပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက်ကာလပတ်လုံး နေတော်မူမည်နည်းဟု ကြီးမားသောအသံနှင့် ကြွေးကြော်ကြ၏။-