Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟ​ဗက္ကုတ် 1:9

Judson Bible

ထို​သူ​အ​ပေါင်း​တို့​သည် ညှဉ်း​ဆဲ​ခြင်း​ငှာ လာ​ကြ၏။ ရှေ့​သို့​သာ မျက်​နှာ​ပြု​သော အ​လုံး​အ​ရင်း​ဖြစ်၍၊ ဖမ်း​မိ​သော​သူ​တို့​ကို သဲ​လုံး​နှင့်​အ​မျှ စု​ဝေး​စေ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

စ​ပါး​ကို​ကား သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ အ​လွန်​များ​စွာ​စု​ထား၍ မ​ရေ​တွက်​နိုင်​အောင်​များ​သော​ကြောင့် မ​ရေ​တွက်​ဘဲ​နေ​သ​တည်း။

ထို​အ​ခါ ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​သည် ဂါ​သ​မြို့​ကို စစ်​ချီ၍​တိုက်​ယူ​ပြီး​မှ၊ ယေ​ရု​ရှ​လင်​မြို့​သို့ ချီ​အံ့​သော​ငှာ အား​ထုတ်​လေ၏။

ငါ​သည် ကိုယ်​အ​သိုက်၌ သေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ ငါ့​အ​သက်​ရှင်​သော​နေ့​ရက်​တို့​သည် သဲ​လုံး​နှင့်​အ​မျှ များ​ပြား​လိမ့်​မည်​ဟု အောက်​မေ့၏။

ထို​အ​ကြံ​အ​စည်​တော်​တို့​ကို ရေ​တွက်​လျှင်၊ သဲ​လုံး​နှင့်​အ​မျှ​မ​က သာ၍ များ​ပြား​ကြ​ပါ၏။ အ​ကျွန်ုပ်​သည် နိုး​သော​အ​ခါ ကိုယ်​တော်​ထံ၌ အ​စဉ်​ရှိ​ပါ၏။

သူ့​ကို​စွန့်​ပစ်၍ အ​တော်​အ​တန် ဆုံး​မ​တော်​မူ၏။ အ​ရှေ့​လေ လာ​သော​အ​ခါ၊ ပြင်း​စွာ​သော​လေ​ဖြင့် တိုက်​သွား​တော်​မူ၏။

သူ​တို့​မု​ဆိုး​မ​တို့​သည် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့် အ​မျှ​မ​က၊ ငါ့​ရှေ့​မှာ​များ​ပြား​ကြ​လိမ့်​မည်။ မွန်း​တည့်​အ​ချိန်၌ အ​မိ​ကို တိုက်​ဖျက်​သော လု​လင်​ကို​ငါ​ခေါ်​ခဲ့၍၊ ကြောက်​မက်​ဖွယ်​သော​လုပ်​ကြံ​ခြင်း​ကို ချက်​ချင်း​ဖြစ်​စေ​မည်။

ဤ​ပြည်​နှင့် ပြည်​သား​များ​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း စစ်​တိုက်​စေ​ခြင်း​ငှာ၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အ​စ​ရှိ​သော မြောက်​ပြည်​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​မှာ​လိုက်၍ ဆောင်​ခဲ့​ပြီး​လျှင်၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ဤ​ပြည်​သား​တို့​ကို အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ ဖြစ်​စေ​မည်။

ငါ​သည် အ​မိန့်​တော်​ပေး၍ သူ​တို့​ကို ဤ​မြို့​သို့ ပြန်​လာ​စေ​မည်။ သူ​တို့​သည် တိုက်​ယူ၍ မီး​ရှို့​ကြ​လိမ့်​မည်။ ငါ​သည်​လည်း၊ ယု​ဒ​မြို့​ရွာ​တို့​ကို လူ​တို့​ဆိတ်​ညံ​ရာ​အ​ရပ်​ဖြစ်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​ကာ​လ၌ ဤ​လူ​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ရည်​မှတ်၍ ဆို​ရ​မည်​ကား၊ ပူ​သော​လေ​သည် တော၌ မြင့်​သော​အ​ရပ်​က ငါ၏​လူ​မျိုး​သ​တို့​သ​မီး​ထံ​သို့ လာ​လိမ့်​မည်။ အ​မှော်​လွင့်​စေ​ခြင်း၊ သန့်​ရှင်း​စေ​ခြင်း​ငှာ လာ​သော​လေ​မ​ဟုတ်။

ခြင်္သေ့​သည် မိ​မိ​နေ​ရာ​ခြုံ​ထဲ​က ထွက်​လာ​ပြီ။ တိုင်း​နိုင်​ငံ​တို့​ကို ဖျက်​ဆီး​သော​သူ​သည် လမ်း၌​လာ​ဆဲ​ရှိ၏။ သင်၏​ပြည်​ကို လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​ခြင်း​ငှာ၊ သူ​သည် မိ​မိ​နေ​ရာ​မှ ထွက်​လာ​သည်​ဖြစ်၍၊ သင်၏​မြို့​တို့​သည် လူ​မ​နေ​နိုင်​အောင်​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။

စိုက်​လျက်​ရှိ၍ ကောင်း​စား​ရ​မည်​လော။ အ​ရှေ့​လေ​တိုက်​သော​အ​ခါ အ​ကုန်​အ​စင်​ညှိုး​နွမ်း​ရ​မည် မ​ဟုတ်​လော။ ကြီး​ပွား​သော​လယ်​ကွက်၌ ညှိုး​နွမ်း​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

သို့​ရာ​တွင်၊ ဒေါ​သ​အ​ရှိန်​အား​ဖြင့် နုတ်၍ မြေ​ပေါ်​မှာ လှဲ​ချ​လေ​ပြီ။ အ​ရှေ့​လေ​သည်​တိုက်၍ အ​သီး​ကို ပိန်​ခြောက်​စေ၏။ ခိုင်​ခံ့​သော​တံ​ဖျာ​တို့​သည်​ကျိုး၍ သွေ့​ခြောက်​သ​ဖြင့်၊ မီး​လောင်​ခြင်း​ကို ခံ​ရ​ကြ​ပြီ။

ဖြောင့်​မတ်​သော သူ​တို့​သည် လိုက်​လျက် ထို​မင်း​သည် မိ​မိ​နိုင်​ငံ၏ အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​နှင့်​တ​ကွ ဝင်​စား​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်၍၊ မိန်း​မ​ငယ်​အား​ဖြင့် ဖျက်​ဆီး​ခြင်း​ငှာ ပေး​စား​လိမ့်​မည်။ သို့​သော်​လည်း သူ​သည် အ​ကြံ​မ​မြောက်၊ အ​ကျိုး​မ​ရှိ​ရ။

သို့​ရာ​တွင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မ​ခြင်​နိုင်၊ မ​ရေ​တွက်​နိုင်​သော သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ များ​ကြ​လိမ့်​မည်။ သင်​တို့​သည် ငါ၏​လူ​မ​ဟုတ်​ဟု ထို​သူ​တို့​အား ပြော​ဆို​ရာ​အ​ရပ်၌​ပင်​လျှင်၊ သူ​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​ဟု ခေါ်​ဝေါ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

မိ​မိ​ညီ​အစ်​ကို​တို့​တွင် အ​သီး​များ​စွာ သီး​တတ်​သော်​လည်း၊ အ​ရှေ့​လေ​လာ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​လေ​သည် တော​မှ​လာ၍ သူ၏​စမ်း​ရေ​တွင်း​ကို ခန်း​ခြောက်​စေ​သ​ဖြင့် ရေ​ပြတ်​လိမ့်​မည်။ ဘ​ဏ္ဍာ​တိုက်၌ ရှိ​သ​မျှ​သော တန်​ဆာ​အ​ကောင်း​အ​မြတ်​တို့​ကို ရန်​သူ လု​ယူ​လိမ့်​မည်။

သို့​ဖြစ်၍၊ သူ​သည် ပိုက်​ကွန်​ထဲ​က ငါး​တို့​ကို သွန်း​လောင်း​ရ​ပါ​မည်​လော။ လူ​အ​မျိုး​မျိုး​တို့​ကို မ​နှ​မြော​ဘဲ အ​စဉ်​လုပ်​ကြံ​ရ​ပါ​မည်​လော။

ပြင်း​ထန်​လျင်​မြန်​သော ခါ​လ​ဒဲ​အ​မျိုး​ကို ငါ​နှိုး​ဆော်၏။ ကိုယ်​မ​ပိုင်​သော နေ​ရာ​အ​ရပ်​တို့​ကို သိမ်း​ယူ​ခြင်း​ငှာ မြေ​တစ်​ပြင်​လုံး၌ ချီ​သွား​ကြ​လိမ့်​မည်။

ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ရည်​မှတ်၍ ကြွေး​ကြော်​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှ​င့်​အ​မျှ များ​သော်​လည်း၊ ကြွင်း​သော​သူ​တို့​သာ​လျှင် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။-

မိ​ဒျန်​ပြည်​သား၊ အာ​မ​လက်​ပြည်​သား၊ အ​ရှေ့​ပြည်​သား​အ​ပေါင်း​တို့​သည် ချိုင့်၌​အိပ်​လျက်၊ ကျိုင်း​ကောင်​နှင့်​အ​မျှ များ​ကြ၏။ ကု​လား​အုတ်​တို့​သည်​လည်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ အ​တိုင်း​မ​သိ​များ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ