Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟ​ဗက္ကုတ် 1:6

Judson Bible

ပြင်း​ထန်​လျင်​မြန်​သော ခါ​လ​ဒဲ​အ​မျိုး​ကို ငါ​နှိုး​ဆော်၏။ ကိုယ်​မ​ပိုင်​သော နေ​ရာ​အ​ရပ်​တို့​ကို သိမ်း​ယူ​ခြင်း​ငှာ မြေ​တစ်​ပြင်​လုံး၌ ချီ​သွား​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ယော​ယ​ကိမ်​မင်း​လက်​ထက် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ချီ​လာ၍၊ ယော​ယ​ကိမ်​သည် သုံး​နှစ်​ကျွန်​ခံ​ပြီး​မှ တစ်​ဖန်​လှန်​ပြန်၍ ပုန်​ကန်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​ပ​ရော​ဖက်​တို့​ဖြင့် မိန့်​တော်​မူ​သော စ​ကား​တော်​အ​တိုင်း၊ ယု​ဒ​ပြည်​ကို ဖျက်​ဆီး​စေ​ခြင်း​ငှာ၊ ခါ​လ​ဒဲ​တပ်​သား၊ ရှု​ရိ​တပ်​သား၊ မော​ဘ​တပ်​သား၊ အ​မ္မုန်​တပ်​သား​တို့​ကို စစ်​ချီ​စေ​တော်​မူ၏။

ခါ​လ​ဒဲ​ရှင်​ဘု​ရင်​ကို စစ်​ချီ​စေ​တော်​မူ၏။ ထို​ရှင်​ဘု​ရင်​သည် သန့်​ရှင်း​ရာ​ဌာ​န​အိမ်​တော်၌ လူ​ပျို​တို့​ကို ဓား​နှင့်​သတ်၏။ ယောက်ျား​ပျို၊ မိန်း​မ​ပျို၊ လူ​အို၊ အ​သက်​ကြီး၍ ကျော​ကုန်း​သော သူ​တို့​ကို​ပင် မ​သ​နား၊ ရှိ​သ​မျှ​တို့​ကို ထို​ရှင်​ဘု​ရင်​လက်​သို့ အပ်​တော်​မူ၏။

ထို​ကြောင့်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ချီ​လာ၍၊ ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​ခြင်း​ငှာ၊ သံ​ကြိုး​ဖြင့် ချည်​နှောင်​လေ၏။

အ​ထက်​က​မ​ရှိ​သော ခါ​လ​ဒဲ​အ​မျိုး​သား​တို့​နေ​သော​ပြည်​ကို ကြည့်​ရှု​လော့။ ထို​ပြည်​ကို အာ​ရှု​ရိ​မင်း​သည် တော​တွင်း​သား​တို့ နေ​စ​ရာ​ဖို့ တည်​ထောင်၏။ ထို​ပြည်​သား​တို့​သည် ပြ​အိုး​တို့​ကို တည်​ဆောက်၍၊ တု​ရု​အိမ်​တော်​များ​နှင့် မြို့​ကို​လည်း ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။

မြောက်​မျက်​နှာ​က​လာ​သော သူ​တို့​ကို​မျှော်၍​ကြည့်​လော့။ သင့်​အား ငါ​ပေး​သော​သိုး​စု၊ လှ​သော​သိုး​စု​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့၏​မြို့​ပြင်​မှာ တပ်​စွဲ၍​နေ​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၊ ခါ​လ​ဒဲ​အ​မျိုး​သား​တို့​ကို စစ်​တိုက်​လျက်၊ သင်​တို့​စွဲ​ကိုင်​သော လက်​နက်​များ​ကို ငါ​လွဲ​စေ​မည်။ ထို​သူ​တို့​ကို မြို့​ထဲ၌ ငါ​စည်း​ဝေး​စေ​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​နောက်​မှ နာ​ဘေး၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​နှင့် လွတ်၍၊ ကျန်​ကြွင်း​သော မြို့​သား​တည်း​ဟူ​သော ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မှ​စ၍ သူ၏​ကျွန်​များ၊ သူ၏​လူ​များ​တို့​ကို၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ အ​စ​ရှိ​သော​ရန်​သူ​များ၊ သတ်​ချင်​သော သူ​များ​လက်​သို့ ငါ​အပ်၍၊ ထို​မင်း​သည် သ​နား​ခြင်း​က​ရု​ဏာ​မ​ရှိ၊ မ​စုံ​မက်၊ မ​နှ​မြော​ဘဲ၊ ဓား​နှင့် ကွပ်​မျက်​လိမ့်​မည်​ဟု ဆင့်​ဆို​လေ၏။

ဤ​ပြည်​နှင့် ပြည်​သား​များ​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း စစ်​တိုက်​စေ​ခြင်း​ငှာ၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အ​စ​ရှိ​သော မြောက်​ပြည်​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​မှာ​လိုက်၍ ဆောင်​ခဲ့​ပြီး​လျှင်၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ဤ​ပြည်​သား​တို့​ကို အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ ဖြစ်​စေ​မည်။

ငါ​သည် ထိတ်​လန့်​ခြင်း​စ​ကား​သံ​ကို ကြား​ရ၏။ ငြိမ်​သက်​ခြင်း​မ​ရှိ။ ကြောက်​ရွံ့​ဖွယ်​သော အ​ကြောင်း​သာ ရှိ၏။

ထို​ကာ​လ၌ ဤ​လူ​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ရည်​မှတ်၍ ဆို​ရ​မည်​ကား၊ ပူ​သော​လေ​သည် တော၌ မြင့်​သော​အ​ရပ်​က ငါ၏​လူ​မျိုး​သ​တို့​သ​မီး​ထံ​သို့ လာ​လိမ့်​မည်။ အ​မှော်​လွင့်​စေ​ခြင်း၊ သန့်​ရှင်း​စေ​ခြင်း​ငှာ လာ​သော​လေ​မ​ဟုတ်။

ဇိ​အုန်​တောင်​ပေါ်​မှာ အ​လံ​ကို​ထူ​ကြ​လော့။ လွတ်​အောင်​ပြေး​ကြ​လော့။ ရပ်၍ မ​နေ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ကြီး​စွာ​သော​ပျက်​စီး​ခြင်း ဘေး​ဥ​ပဒ်​ကို မြောက်​မျက်​နှာ​မှ ငါ​သည်​ဆောင်​ခဲ့​မည်။

ထို​အ​ကြောင်း​ကြောင့် လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​လျက်၊ ငို​ကြွေး​မြည်​တမ်း၍ အော်​ဟစ်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ ပြင်း​စွာ​သော အ​မျက်​တော်​သည် ငါ​တို့​မှ​လွှဲ​ရှောင်၍​မ​သွား​သေး။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင့်​ကို တိုက်​စေ​ဖို့ လူ​တစ်​မျိုး​ကို ဝေး​သော​အ​ရပ်​က ငါ​ဆောင်​ခဲ့​မည်။ အား​ကြီး​သော​အ​မျိုး၊ ရှေး​ကာ​လ၌ ဖြစ်​ဖူး​သော​အ​မျိုး၊ သူ​တို့​စ​ကား​ကို သင်​မ​သိ နား​မ​လည်​သော​အ​မျိုး ဖြစ်​လိမ့်​မည်။

ထို​အ​ကြောင်း​ကြောင့်၊ သူ​တို့​မ​ယား​များ​ကို သူ​တစ်​ပါး​တို့၌​ငါ​အပ်​မည်။ သူ​တို့​လယ်​ယာ​များ​ကို သူ​တစ်​ပါး​တို့​အား အ​ပိုင်​ပေး​မည်။ အ​ငယ်​ဆုံး​သော​သူ​မှ​စ၍ အ​ကြီး​ဆုံး​သော​သူ​အ​ပေါင်း​တို့​သည် မ​တ​ရား​သော​စီး​ပွား​ကို ရှာ​ကြ၏။ ပ​ရော​ဖက်​မှ​စ၍ ယဇ်​ပု​ရော​ဟိတ် ရှိ​သ​မျှ​တို့​သည် မု​သား​ကို​သုံး​ကြ၏။

လူ​အ​လုံး​အ​ရင်း​ကို​လည်း ခေါ်​သ​ဖြင့်၊ သူ​တို့​သည် ခဲ​နှင့်​ပစ်၍၊ ဓား​နှင့်​ခုတ်​ကြ​လိမ့်​မည်။

သင့်​အ​ပေါ်​သို့ ငါ့​အ​မျက်​ကို​ငါ​သွန်း​လောင်း​မည်။ ငါ့​ဒေါ​သ​မီး​ဖြင့် သင့်​ကို​မှုတ်​မည်။ ကြမ်း​တမ်း​သော​သ​ဘော​ရှိ၍ ဖျက်​ဆီး​တတ်​သော လူ​တို့​လက်​သို့ အပ်​မည်။

ကြောက်​မက်​ဖွယ်​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​ကို သင်​ရှိ​ရာ​သို့ ငါ​ပို့​ဆောင်​သ​ဖြင့်၊ သူ​တို့​သည် သင်၏​ပ​ညာ​ဂုဏ်​ကို ဓား​နှင့်​ခုတ်၍၊ သင်၏​တင့်​တယ်​ခြင်း အ​သ​ရေ​ကို​ရှုတ်​ချ​ကြ​လိမ့်​မည်။

ကြောက်​မက်​ဖွယ်​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် သူ့​ကို​ခုတ်​လှဲ၍ ပစ်​ထား​ကြ​ပြီ။ အ​ကိုင်း​အ​ခက်​တို့​သည် တောင်​ပေါ်​နှင့် ချိုင့်​ထဲ​မှာ​ကျ၍ တစ်​ပြည်​လုံး မြစ်​နား​မှာ ကျိုး​ပဲ့​လျက်​နေ​ကြ၏။ မြေ​ကြီး​သာ​အ​ပေါင်း​တို့​သည် သူ့​အ​ရိပ်​ထဲ​က​ထွက်၍ သူ့​ကို​စွန့်​သွား​ကြ၏။

သူ​တို့​ရှေ့​မှာ မီး​လောင်၏။ နောက်၌​လည်း မီး​လျှံ​တောက်၏။ ရှေ့​တွင်​ရှိ​သော ပြည်​သည် ဧ​ဒင်​ဥ​ယျာဉ်​ကဲ့​သို့ ဖြစ်၏။ နောက်၌​ကား၊ သုတ်​သင်​ပယ်​ရှင်း​သော လွင်​ပြင်​ဖြစ်၏။ အ​ကယ်​စင်​စစ် သူ​တို့​လက်​မှ အ​ဘယ်​အ​ရာ​မျှ မ​လွတ်​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ