Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 5:2

Judson Bible

မြေ​ကို​တူး၍ ကျောက်​ခဲ​တို့​ကို​ရှင်း​လင်း​စေ​ပြီး​မှ၊ အ​ကောင်း​ဆုံး​သော စ​ပျစ်​နွယ်​ပင်​တို့​ကို စိုက်​ပျိုး​တော်​မူ၏။ ဥ​ယျာဉ်​ထဲ​မှာ မှီ​ခို​ရာ​တဲ​လင့်​ကို​လည်း​ဆောက်၍၊ စ​ပျစ်​သီး​နယ်​ရာ ကျင်း​ကို​လည်း တူး​တော်​မူ၏။ ထို​အ​ခါ စ​ပျစ်​သီး​ကို သီး​မည်​ဟု မျှော်​လင့်​သည်​ရှိ​သော်၊ ဗော​ရှ​သီး​ကို သီး​ပါ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

31 ပူးပေါင်းရင်းမြစ်များ  

ထို​မှ​တစ်​ပါး ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​နေ​ရာ​အ​ရပ်​ကို ငါ​ပြင်​ဆင်​ပြီ။ သူ​တို့​သည် နောက်​တစ်​ဖန် မ​ပြောင်း​မ​လဲ မိ​မိ​တို့​နေ​ရာ၌ နေ​စေ​ခြင်း​ငှာ ငါ​မြဲ​မြံ​စေ​မည်။ မ​တ​ရား​သော​သူ​တို့​သည် ရှေး​ကာ​လ၌​လည်း​ကောင်း၊

ထို​ကာ​လ၊ ယု​ဒ​ပြည်​မှာ အ​ချို့​တို့​သည် ဥ​ပုသ်​နေ့၌ စ​ပျစ်​သီး​ကို နယ်​လျက်၊ ကောက်​လှိုင်း​ကို​သွင်း​လျက်၊ မြည်း​ပေါ်​မှာ ဝန်​ကို​တင်​လျက် လုပ်​ဆောင်​ကြ​သည်​ကို​လည်း​ကောင်း၊ ဥ​ပုသ်​နေ့၌ စ​ပျစ်​ရည်၊ စ​ပျစ်​သီး၊ သင်္ဘော​သ​ဖန်း​သီး အ​စ​ရှိ​သည်​တို့​ကို တင်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့​ကြ​သည်​ကို​လည်း​ကောင်း ငါ​မြင်၍၊ ဤ​မည်​သော နေ့​ရက်၌​သာ စား​စ​ရာ​များ​ကို ရောင်း​အပ်​သည်​ဟု သူ​တို့​အား​ကြား​ပြော၏။

ကိုယ်​တော်​သည် စ​ပျစ်​နွယ်​ပင်​ကို အဲ​ဂု​တ္တု​ပြည်​က​ဆောင်​ခဲ့၍၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို နှင်​ထုတ်​ပြီး​မှ စိုက်​ပျိုး​တော်​မူ၏။

သူ၏​နေ​ရာ​ကို​ပြု​ပြင်​တော်​မူ​သ​ဖြင့်၊ သူ​သည် အ​မြစ်​ကျ၍ တစ်​ပြည်​လုံး​ကို နှံ့​ပြား​ပါ၏။

အ​ကျွန်ုပ်​နှင့် ကိုယ်​တော်၏​လူ​တို့​သည် ရှေ့​တော်၌​မျက်​နှာ​ရ​သော​အ​ကြောင်း​သည် အ​ဘယ်​သို့​ထင်​ရှား​ပါ​မည်​နည်း။ အ​ကျွန်ုပ်​တို့​နှင့် ကြွ​သွား​တော်​မူ​သော​အား​ဖြင့်​သာ ထင်​ရှား​ပါ​မည်​မ​ဟုတ်​လော။ ထို​သို့ အ​ကျွန်ုပ်​နှင့် ကိုယ်​တော်၏​လူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော​လူ​တို့​နှင့် ခြား​နား​ရ​ပါ​မည်​ဟု လျှောက်​ဆို​လျှင်၊

ဇိ​အုန်​သ​တို့​သ​မီး​သည်​လည်း၊ စ​ပျစ်​ဥ​ယျာဉ်​၌ တဲ​ကဲ့​သို့​လည်း​ကောင်း၊ သ​ခွား​တောင်​ယာ​၌ လင့်​စင်​ကဲ့​သို့​လည်း​ကောင်း၊ ရန်​သူ​ဝိုင်း​သော​မြို့​ကဲ့​သို့​လည်း​ကောင်း ကျန်​ရစ်​လေ​၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ စ​ပျစ်​ဥ​ယျာဉ်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​တည်း။ နှစ်​သက်​တော်​မူ​သော​ပျိုး​ပင်​ကား၊ ယု​ဒ​လူ​တည်း။ တ​ရား​စီ​ရင်​ခြင်း​ကို မျှော်​လင့်​တော်​မူ​သည်​ရှိ​သော်၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း၊ ဖြော​င့်​မတ်​ခြင်း​အ​ရာ၌​လည်း ငို​ကြွေး​ခြင်း​ကို​လည်း​ကောင်း တွေ့​မြင်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​သား​တို့​သည် ဗာ​လ​ဘု​ရား​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ ငါ့​အ​မျက်​ကို နှိုး​ဆော်​ခြင်း​ငှာ မိ​မိ​တို့​အ​ဖို့ မ​ကောင်း​သော​အ​မှု​ကို ပြု​သော​ကြောင့်၊ သင့်​ကို​စိုက်​တော်​မူ​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၌ အ​မှု​ရောက်​မည်​အ​ကြောင်း မိန့်​တော်​မူ​ပြီ။

အ​ကောင်း​ဆုံး​သော စ​ပျစ်​နွယ်​ပင်​အ​မျိုး​စစ်​ဖြစ်​သော သင့်​ကို ငါ​စိုက်​ပျိုး​သော်​လည်း၊ သင်​သည် ငါ့​ရှေ့​မှာ အ​ဘယ်​မျှ​လောက် ဖောက်​ပြန်၍၊ အ​မျိုး​မ​စစ်​သော စ​ပျစ်​နွယ်​ပင် ဖြစ်​ပါ​သည်​တ​ကား။

ဣ​သ​ရေ​လ​သည် အ​သီး​များ​စွာ​သီး​သော စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ ကိုယ်​အ​လို​အ​လျောက် သီး​တတ်၏။ အ​သီး​တိုး​ပွား​သည်​အ​တိုင်း အ​မျိုး​သား​တို့​သည် ယဇ်​ပ​လ္လင်​တို့​ကို များ​ပြား​စေ​ကြ၏။ သူ​တို့​ပြည်​ကောင်း​သည်​အ​တိုင်း ကောင်း​သော​ရုပ်​တု​ဆင်း​တု​တို့​ကို လုပ်​ကြ​သည်​တ​ကား။

အို ဧ​ဒါ​လင့်​စင်၊ ဇိ​အုန်​သ​တို့​သ​မီး နေ​ရာ​ကုန်း၊ သင်​သည် အ​စိုး​ရ​လိမ့်​မည်။ အ​ရင်​တည်​သော အာ​ဏာ​တည်​ပြန်​လိမ့်​မည်။ နိုင်​ငံ​တော်​သည် ယေ​ရု​ရှ​လင်​သ​တို့​သ​မီး​လက်​သို့ တစ်​ဖန်​ရောက်​လိမ့်​မည်။

ကျောက်​ပေါ်​က သူ့​ကို​ငါ​မြင်၏။ တောင်​ပေါ်​က သူ့​ကို​ငါ​ကြည့်​ရှု၏။ ထို​လူ​မျိုး​သည် တစ်​မျိုး​တည်း​နေ၍ အ​ခြား​တစ်​ပါး​သော​လူ​မျိုး​တို့​နှင့် မ​ရော​နှော​ရ။

လမ်း​နား​မှာ သင်္ဘော​သ​ဖန်း​ပင်​တစ်​ပင်​ကို မြင်​လျှင်၊ ထို​အ​ပင်​သို့​ကြွ​သွား၍ အ​ရွက်​ကို​သာ တွေ့​တော်​မူ​သည်​ရှိ​သော်၊ ယ​ခု​မှ​စ၍ အ​စဉ်​မ​ပြတ် သင်၌​အ​သီး​မ​သီး​စေ​နှင့်​ဟု မိန့်​တော်​မူ​လျှင်၊ ထို​အ​ပင်​သည် ချက်​ချင်း သွေ့​ခြောက်​လေ၏။-

အ​ခြား​သော ဥ​ပ​မာ​ကို​နား​ထောင်​ကြ​လော့။ အိမ်​ရှင်​တစ်​ဦး​သည် စ​ပျစ်​ဥ​ယျာဉ်​ကို​စိုက်​ပျိုး၍၊ စောင်​ရန်း​ကို လုပ်​ပြီး​မှ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို တူး​လေ၏။ မှီ​ခို​ရာ​လင့်​စင်​ကို​လည်း ဆောက်​လေ၏။ လုပ်​ဆောင်​သော သူ​တို့​အား ဥ​ယျာဉ်​ကို​ငှား၍ အ​ခြား​သော​ပြည်​သို့ သွား​လေ၏။-

အ​သီး​သီး​ချိန် ရောက်​သော​အ​ခါ၊ အ​သီး​ကို​ခံ​စေ​ခြင်း​ငှာ ငယ်​သား​တို့​ကို ဥ​ယျာဉ်​စောင့်​တို့​ရှိ​ရာ​သို့ စေ​လွှတ်​လေ၏။-

အ​ရွက်​နှင့်​ပြည့်​စုံ​သော သင်္ဘော​သ​ဖန်း​ပင်​ကို အ​ဝေး​က​မြင်​လျှင်၊ သင်္ဘော​သ​ဖန်း​သီး ဆွတ်​သော​အ​ချိန်​ကာ​လ မ​ရောက်​သေး​သော​ကြောင့်၊ ထို​အ​ပင်၌ အ​သီး​ကို တွေ့​ကောင်း​တွေ့​လိမ့်​မည်​ဟု ကြွ​သွား၍ ရောက်​သော​အ​ခါ၊ အ​ရွက်​ကို​သာ တွေ့​တော်​မူ​သည်​ရှိ​သော်၊-

ထို​အ​ခါ ဥ​ပ​မာ​အား​ဖြင့် မိန့်​တော်​မူ​သည်​ကား၊ လူ​တစ်​ဦး​သည် စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​ပျိုး၍၊ စောင်​ရန်း​ကို လုပ်​ပြီး​မှ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို တူး​လေ၏။ မှီ​ခို​ရာ လင့်​စင်​ကို​လည်း ဆောက်​လေ၏။ လုပ်​ဆောင်​သော​သူ​တို့​အား ဥ​ယျာဉ်​ကို​ငှား၍၊ အ​ခြား​သော​ပြည်​သို့ သွား​လေ၏။-

ကာ​လ​အ​ချိန်​တန်​လျှင်၊ လုပ်​ဆောင်​သော​သူ​တို့ လက်​မှ စ​ပျစ်​သီး​ကို​ခံ​စေ​ခြင်း​ငှာ သူ​တို့​ရှိ​ရာ​သို့ ငယ်​သား​ကို စေ​လွှတ်​လေ၏။-

ထို​သူ​တို့​သည် ဣ​သ​ရေ​လ​လူ​ဖြစ်၍၊ သား​အ​ရာ၌ ချီး​မြှောက်​ခြင်း​နှင့်​လည်း​ကောင်း၊ ဘုန်း​အာ​နု​ဘော်​တော်​နှင့်​လည်း​ကောင်း၊ ပ​ဋိ​ညာဉ်​တ​ရား​တို့​နှင့်​လည်း​ကောင်း၊ ပ​ညတ်​တ​ရား​ထား​ခြင်း​နှင့်​လည်း​ကောင်း၊ ဝတ်​ပြု​ခြင်း​နှင့်​လည်း​ကောင်း၊ က​တိ​တော်​တို့​နှင့်​လည်း​ကောင်း၊ ဆိုင်​ကြ၏။-

အ​ဘယ်​သူ​သည် ကိုယ်​စ​ရိတ်​ကို​သုံး၍ စစ်​မှု​ကို ထမ်း​ရ​သ​နည်း။ အ​ဘယ်​သူ​သည် ဥ​ယျာဉ်​ကို​စိုက်​ပျိုး၍ အ​သီး​ကို​မ​စား​ဘဲ နေ​ရ​သ​နည်း။ အ​ဘယ်​သူ​သည် သိုး​ထိန်း​လုပ်၍ သိုး​နို့​ကို​မ​သုံး​ဘဲ နေ​ရ​သ​နည်း။

အို ပ​ညာ​မဲ့​သော​လူ​မိုက်​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ဤ​သို့​ဆပ်​မည်​လော။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ဖြစ်​စေ​သော​အ​ဘ၊ သင့်​ကို​ဖန်​ဆင်း၍ နေ​ရာ​ချ​သော​သူ ဖြစ်​တော်​မူ​သည် မ​ဟုတ်​လော။

နောက်​တစ်​ဖန် စော​ရက်​ချိုင့်၌​နေ​သော ဒေ​လိ​လ​အ​မည်​ရှိ​သော မိန်း​မ​တစ်​ယောက်​ကို ချစ်​ပြန်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ