ဟေရှာယ 41:12Judson Bibleသင်နှင့် ဆန့်ကျင်ဘက်ပြုသောသူတို့ကို သင်သည် ရှာ၍မတွေ့ရ။ သင့်ကို စစ်တိုက်သောသူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့လည်းကောင်း၊ အနတ္တသက်သက်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
မွတ်သိပ်သောသူသည် အိပ်မက်တွင်စားရသည်ဟု ထင်သော်လည်း၊ နိုးသောအခါ အမွတ်အသိပ် မပြေသကဲ့သို့လည်းကောင်း၊ ရေငတ်သောသူသည် အိပ်မက်တွင် သောက်ရသည်ဟု ထင်သော်လည်း၊ နိုးသောအခါ နွမ်းနယ်လျက်၊ တောင့်တလျက် ရှိသကဲ့သို့လည်းကောင်း၊ အပြည်ပြည်ကလာ၍၊ ဇိအုန်တောင်ကို စစ်တိုက်သော အလုံးအရင်းသည် ဖြစ်ရလိမ့်မည်။