Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 17:3

Judson Bible

ဧ​ဖ​ရိမ်​ပြည်၌ မြို့​မ​ရှိ​ရ။ ဒ​မာ​သက်​မြို့​နှင့် ကျန်​ကြွင်း​သော​ရှု​ရိ​ပြည်၌ မင်း​အာ​ဏာ​မ​ရှိ​ရ။ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ဘုန်း​အ​သ​ရေ​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် နား​ထောင်၍ ဒ​မာ​သက်​မြို့​သို့​စစ်​ချီ၍ တိုက်​ယူ​ပြီး​လျှင်၊ ပြည်​သား​တို့​ကို ကိ​ရ​မြို့​သို့ သိမ်း​သွား၏။ ရေ​ဇိန်​မင်း​ကို​လည်း​သတ်၏။

ဟော​ရှေ​နန်း​စံ​ကိုး​နှစ်​တွင်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် ရှ​မာ​ရိ​မြို့​ကို​ရ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အာ​ရှု​ရိ​ပြည်​သို့​သိမ်း​သွား၍ ဂေါ​ဇန်​မြစ်​နား၊ ဟာ​လ​မြို့၊ ဟာ​ဗော်​မြို့​အ​စ​ရှိ​သော မေ​ဒိ​နိုင်​ငံ​မြို့​ရွာ​တို့၌​ထား၏။

ကာ​လ​နော​မြို့​သည် ခါ​ခေ​မိတ်​မြို့​ကဲ့​သို့​လည်း​ကောင်း၊ ဟာ​မတ်​မြို့​သည် အာ​ပဒ်​မြို့​ကဲ့​သို့​လည်း​ကောင်း၊ ရှ​မာ​ရိ​မြို့​သည် ဒ​မာ​သက်​မြို့​ကဲ့​သို့​လည်း​ကောင်း ဖြစ်​သည်​မ​ဟုတ်​လော။

ယ​ခု​တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ အ​ခ​စား​သော​သူ​ရေ​တွက်​သည်​အ​တိုင်း၊ သုံး​နှစ်​လွန်​မှ၊ မော​ဘ​ပြည်၏ ဘုန်း​အ​သ​ရေ​သည် မိ​မိ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ ရှုတ်​ချ​ခြင်း​သို့​ရောက်​ရ​မည်။ ကျန်​ကြွင်း​သော​သူ​တို့​သည် အ​လွန်​နည်း၍၊ ခွန်​အား​ကုန်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထို​ကာ​လ၌ ယာ​ကုပ်​အ​မျိုး၏​ဘုန်း​သည် လျော့၍၊ ဆူ​ဝ​ခြင်း​လည်း ပိန်​ကြုံ​ခြင်း​ဖြစ်​ရ​လိမ့်​မည်။

မြို့​ကို​အ​မှိုက်​ပုံ၊ ခိုင်​ခံ့​သော​မြို့​ကို ဖြို​ဖျက်​ရာ​ဖြစ်​စေ​တော်​မူ​ပြီ။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့၏ နေ​ရာ​ဘုံ​ဗိ​မာန်​သည် မြို့​မ​ဖြစ်၊ နောက်​တစ်​ဖန် မ​တည်​မ​ဆောက်​ရ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ​ပြီ။

ထို​သူ​ငယ်​သည် မ​ကောင်း​သော​အ​ရာ​ကို မ​ပယ်၊ ကောင်း​သော​အ​ရာ​ကို မ​ရွေး​မ​ယူ​တတ်​မီ၊ သင်​ကြောက်​သော ရှင်​ဘု​ရင်​နှစ်​ဦး အ​စိုး​ရ​သော​ပြည်​သည် စွန့်​ပစ်​သော​အ​ရပ် ဖြစ်​လိမ့်​မည်။

ရှု​ရိ​ပြည်၏​ခေါင်း​ကား၊ ဒ​မာ​သက်​မြို့။

အ​ကြောင်း​မူ​ကား၊ ထို​သူ​ငယ်​သည် အ​မိ​အ​ဘ​ဟု မ​ခေါ်​တတ်​မီ၊ ဒ​မာ​သက်​မြို့၏​စည်း​စိမ်၊ ရှ​မာ​ရိ​မြို့၌ လု​ယက်​သော​ဥ​စ္စာ​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် သိမ်း​သွား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​သား​ကို ယေ​ဇ​ရေ​လ​အ​မည်​ဖြင့် မှည့်​လော့။ အ​ကြောင်း​မူ​ကား၊ ခ​ဏ​ကြာ​ပြီး​မှ ယေ​ဇ​ရေ​လ​အ​သက်​ကို သတ်​သော​အ​ပြစ်​ကြောင့်၊ ယေ​ဟု​အ​မျိုး​ကို ငါ​သည်​ဒဏ်​ပေး၍ ဣ​သ​ရေ​လ​အ​မျိုး၏ နိုင်​ငံ​ကို ဆုံး​စေ​မည်။

တစ်​ဖန် ပ​ဋိ​သ​န္ဓေ​ယူ၍ သ​မီး​ကို​ဖွား​မြင်​လေ၏။ ထို​သ​မီး​ကို လော​ရု​ဟာ​မာ​အ​မည်​ဖြင့် မှည့်​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို နောက်​တစ်​ဖန် မ​သ​နား​မ​စုံ​မက်​ဘဲ ဧ​ကန်​အ​မှန်​ပယ်​ရှင်း​မည်။

ထို​ကြောင့်၊ သင်၏​လူ​တို့​သည် ရုန်း​ရင်း​ခတ်​ကြ​လိမ့်​မည်။ ရှာ​လ​မန်​မင်း​သည် ဗေ​သာ​ဗေ​လ​မြို့​ကို စစ်​တိုက်​သော​အ​ခါ ဖျက်​ဆီး​သ​ကဲ့​သို့၊ သင်၏​ရဲ​တိုက်​ရှိ​သ​မျှ​တို့​သည် ပျက်​စီး​ရ​ကြ​လိမ့်​မည်။ အ​မိ​သည် သား​တို့​နှင့်​အ​တူ မြေ​ပေါ်​မှာ ဆောင့်​ဖွပ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နေ့​ရက်​များ​စွာ ရှင်​ဘု​ရင်​မ​ရှိ၊ မင်း​သား​မ​ရှိ၊ ယဇ်​ပူ​ဇော်​ခြင်း​မ​ရှိ၊ ဆင်း​တု​မ​ရှိ၊ သင်​တိုင်း​မ​ရှိ၊ တေ​ရပ်​ရုပ်​တု​မ​ရှိ​ဘဲ နေ​ရ​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သည် တိမ်​မြုပ်​လေ​ပြီ။ အ​ဘယ်​သူ​မျှ မ​နှစ်​သက်​သော တန်​ဆာ​ကဲ့​သို့ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ရှိ​ရ​လိမ့်​မည်။

ဧ​ဖ​ရိမ်၏​ဘုန်း​သည် ငှက်​ကဲ့​သို့ ပျံ​သွား​လိမ့်​မည်။ သား​ဖွား​ခြင်း၊ ကိုယ်​ဝန်​ဆောင်​ခြင်း၊ ပ​ဋိ​သ​န္ဓေ​ယူ​ခြင်း မ​ရှိ​ရ။

ရှ​မာ​ရိ​အ​ပြစ်​ကို​တိုင်​တည်၍ ကျိန်​ဆို​သော​သူ၊ အို ဒန်၊ သင်၏​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ဟူ၍​လည်း​ကောင်း၊ ဗေ​ရ​ရှေ​ဘ ဘာ​သာ အ​သက်​တည်​သည်​အ​တိုင်း​ဟူ၍​လည်း​ကောင်း ဆို​သော​သူ​တို့​သည်၊ နောက်​တစ်​ဖန် မ​ထ​နိုင်​အောင်​လဲ၍ နေ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ