Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 13:3

Judson Bible

ငါ​သန့်​ရှင်း​စေ​သော​သူ​တို့​ကို ငါ​မှာ​ထား​ပြီ။ ငါ​ပေး​သော​ဘုန်း​အာ​နု​ဘော်​ကြောင့် ဝမ်း​မြောက်​သော​သူ၊ ငါ၏​သူ​ရဲ​တို့​ကို ငါ့​အ​မျက်​ပြေ​စေ​ခြင်း​ငှာ ငါ​ခေါ်​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သည် မိ​မိ​ကို​ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​ကို​အ​မှီ​ပြု၍ ဝမ်း​မြောက်​စေ။ ဇိ​အုန်​သား​တို့​သည် မိ​မိ​တို့​ရှင်​ဘု​ရင်​ကို အ​မှီ​ပြု၍ ရွှင်​လန်း​ကြ​စေ။

ရန်​သူ​သည် ပင်​လယ်​ပေါ်​မှာ လက်​ကို​ဆန့်၍၊ တိုင်း​နိုင်​ငံ​တို့​ကို လှုပ်​ရှား​လေ၏။ ခါ​နာန်​ပြည်၌ ခိုင်​ခံ့​သော​အ​ရပ်​တို့​ကို ဖျက်​ဆီး​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။

ဝေး​သော​အ​ရပ်​မှာ​နေ​သော လူ​မျိုး​တို့​အ​ဖို့ အ​လံ​ကို​ထူ၍၊ မြေ​ကြီး​စွန်း​သား​တို့​ကို နှိုး​ဆော်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် အ​လျင်​အ​မြန်​လာ​ကြ​လိမ့်​မည်။

ဤ​ပြည်​နှင့် ပြည်​သား​များ​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း စစ်​တိုက်​စေ​ခြင်း​ငှာ၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အ​စ​ရှိ​သော မြောက်​ပြည်​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​မှာ​လိုက်၍ ဆောင်​ခဲ့​ပြီး​လျှင်၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ဤ​ပြည်​သား​တို့​ကို အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ ဖြစ်​စေ​မည်။

ထို​ပြည်၌​ကြား​ရ​သော သ​တင်း​ကြောင့် စိတ်​မ​ပျက်၊ ကြောက်​လန့်​ခြင်း မ​ရှိ​ကြ​နှင့်။ တစ်​နှစ်​ထက်​တစ်​နှစ် သ​တင်း​ကြား​ရ​လိမ့်​မည်။ မင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​လု​ယူ၍ ညှဉ်း​ဆဲ​ခြင်း​အ​မှု ရှိ​ရ​လိမ့်​မည်။

ဗာ​ဗု​လုန်​မြို့​သည် မိုး​ကောင်း​ကင်​သို့​တက်၍၊ မြို့​ရိုး​အ​ထွတ်​ကို ခိုင်​ခံ့​စွာ တည်​သော်​လည်း၊ ငါ​စေ​လွှတ်၍ လု​ယူ​သော​သူ​တို့​သည် သူ​ရှိ​ရာ​သို့ ရောက်​ကြ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ပတ်​လည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့၊ စု​ဝေး၍ လာ​ကြ​လော့။ သင်း​ဖွဲ့​ကြ​လော့။ စု​ဝေး​ရာ​အ​ရပ်၌ သင်​တို့​သူ​ရဲ​များ​ကို ထာ​ဝ​ရ​ဘု​ရား​နှိမ့်​ချ​တော်​မူ​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​ရှေ့​တော်၌ ငြိမ်​သက်​စွာ နေ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​နီး​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ယဇ်​ပွဲ​တော်​ကို ပြင်​ဆင်၍၊ ပွဲ​ဝင်​သော​သူ​တို့​ကို သန့်​ရှင်း​စေ​တော်​မူ​ပြီ။

ကောင်း​ကင်​မှ​စ၍ သန့်​ရှင်း​သူ​တ​မန်​တော်၊ ပ​ရော​ဖက်​တို့၊ သူ့​ကို ကြည့်​ရှု၍ ဝမ်း​မြောက်​ကြ​လော့။ ဘု​ရား​သ​ခင်​သည် သင်​တို့​ဘက်၌​နေ၍၊ သူ့​ကို တ​ရား​စီ​ရင်တော်​မူ​ပြီ​ဟု ပြော​ဆို​သည်​ကို ငါ​ကြား၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ