ကာလနောမြို့သည် ခါခေမိတ်မြို့ကဲ့သို့လည်းကောင်း၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့လည်းကောင်း၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့လည်းကောင်း ဖြစ်သည်မဟုတ်လော။
သူ၏နိုင်ငံအဦးကား၊ ရှိနာပြည်၌ ဗာဗုလုန်မြို့၊ ဧရက်မြို့၊ အက္ကဒ်မြို့၊ ကာလနေမြို့တည်း။
ဟာဒဒေဇာ၏ တပ်အလုံးအရင်းကို ဒါဝိဒ်လုပ်ကြံကြောင်းကို၊ ဟာမတ်မင်းကြီးတောဣသည်ကြားလျှင်၊
အာရှုရိရှင်ဘုရင်သည် နားထောင်၍ ဒမာသက်မြို့သို့စစ်ချီ၍ တိုက်ယူပြီးလျှင်၊ ပြည်သားတို့ကို ကိရမြို့သို့ သိမ်းသွား၏။ ရေဇိန်မင်းကိုလည်းသတ်၏။
အာရှုရိရှင်ဘုရင်သည်လည်း၊ ဗာဗုလုန်မြို့သား၊ ကုသမြို့သား၊ အာဝမြို့သား၊ ဟာမတ်မြို့သား၊ သေဖရဝိမ်မြို့သားတို့ကိုဆောင်ခဲ့၍၊ ရှမာရိမြို့ရွာတို့တွင် ဣသရေလအမျိုးသားကိုယ်စားထားသဖြင့် ထိုလူတို့သည် ရှမာရိမြို့ရွာတို့ကိုသိမ်းယူ၍ နေရာကျကြ၏။
ဟာမတ်ပြည်၏ဘုရား၊ အာပဒ်ပြည်၏ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သေဖရဝိမ်ပြည်၊ ဟေနပြည်၊ ဣဝါပြည်၏ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သူတို့သည် ရှမာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော။
ငါ့ဘိုးဘေးအကုန်အစင်ဖျက်ဆီးသော တိုင်းနိုင်ငံတို့၏ ဘုရားတို့တွင်၊ အဘယ်မည်သောဘုရားသည် မိမိပြည်ကို ငါ့လက်မှ ကယ်လွှတ်ဖူးသနည်း။ သင်တို့၏ဘုရားသည် သင်တို့ကိုငါ့လက်မှ အဘယ်သို့ကယ်လွှတ်မည်နည်း။
ထိုနောက်မှ၊ ယောရှိသည် ဗိမာန်တော်ကို ပြင်ဆင်ပြီးမှ၊ အဲဂုတ္တုရှင်ဘုရင်နေခေါသည် ဥဖရတ်မြစ်နား၊ ခါခေမိတ်မြို့သို့ စစ်ချီသည်တွင်၊ ယောရှိမင်းသည် ဆီးတားခြင်းငှာ ထွက်လေ၏။
သူသည် အဘယ်သို့ဆိုသနည်းဟူမူကား၊ ငါ၏မှူးမတ်တို့သည် မင်းကြီးဖြစ်ကြသည် မဟုတ်လော။
ဒမာသက်မြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ဒမာသက်မြို့သည် မြို့မဖြစ်အောင် ပျက်စီးရာပုံ ဖြစ်ရ၏။
ဧဖရိမ်ပြည်၌ မြို့မရှိရ။ ဒမာသက်မြို့နှင့် ကျန်ကြွင်းသောရှုရိပြည်၌ မင်းအာဏာမရှိရ။ သူတို့သည် ဣသရေလအမျိုးသားတို့၏ ဘုန်းအသရေကဲ့သို့ ဖြစ်ရကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
လမ်းမတို့သည် ဆိတ်ညံကြ၏။ လမ်းခရီး၌ သွားလာသောသူ မရှိ။ ထိုမင်းသည် သစ္စာပျက်လေပြီ။ မြို့များကိုလည်း ပယ်လေပြီ။ အဘယ်သူ၏မျက်နှာကို မမှတ်တတ်။
ဟာမတ်ပြည်၏ဘုရား၊ အာပဒ်ပြည်၏ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သေဖရဝိမ်ပြည်၏ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သူတို့သည် ရှမာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော။
အာရှုရိရှင်ဘုရင်တို့သည် ခပ်သိမ်းသောပြည်တို့ကို လုပ်ကြံ၍ ရှင်းရှင်းဖျက်ဆီးကြောင်းကို သင်သည်ကြားရပြီ။ ကိုယ်တိုင် လွတ်လိမ့်မည်လော။
ဟာမတ်မင်းကြီး၊ အာပဒ်မင်းကြီးနှင့် သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့ကို စိုးစံသောမင်းကြီးတို့သည် အဘယ်မှာရှိကြသနည်းဟု မှာလိုက်လေ၏။
ရှုရိပြည်၏ခေါင်းကား၊ ဒမာသက်မြို့။
ယုဒရှင်ဘုရင်ယောရှိသား ယောယကိမ်မင်း နန်းစံလေးနှစ်တွင်၊ ကာခေမိတ်အရပ်၊ ဥဖရတ်မြစ်နား၌ တပ်ချ၍၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံသော အဲဂုတ္တုရှင်ဘုရင် ဖာရောနေခေါ်၏ စစ်သူရဲ၊ အဲဂုတ္တုပြည်သားတို့ကို ရည်မှတ်သော နှုတ်ကပတ်တော်ဟူမူကား၊
ဒမာသက်မြို့ကို ရည်မှတ်သော စကားဟူမူကား၊ ဟာမတ်မြို့နှင့် အာပဒ်မြို့တို့သည် မကောင်းသော သတင်းကိုကြားသောကြောင့်၊ အရှက်ကွဲ၍ စိတ်ပျက်လျက်ရှိကြ၏။ ပင်လယ်တိုင်အောင် စိုးရိမ်စရာရှိသောကြောင့်၊ ငြိမ်ဝပ်ခြင်းသို့ မရောက်နိုင်။
ဟာမတ်မြို့နှင့် ဗေရောသာမြို့ကိုလည်းကောင်း၊ ဒမာသက်နယ်နှင့် ဟာမတ်နယ်စပ်ကြားမှာ သိဗရိမ်မြို့ကိုလည်းကောင်း၊ ဟောရန်မြို့အနားမှာ၊ ဟာဇာဟတ္တိကုန်းမြို့ကိုလည်းကောင်းဝိုင်း၍၊
ရှင်ဘုရင်တို့ကို အားမနာ၊ မင်းများတို့ကို ပြက်ရယ် ပြုကြလိမ့်မည်။ ရဲတိုက်ရှိသမျှတို့ကို ကဲ့ရဲ့လျက်၊ မြေမှုန့်ကိုပုံထား၍ တိုက်ယူကြလိမ့်မည်။
ထိုတောင်မှ ဟာမတ်လမ်းဝ၊ ဇေဒဒ်ရွာ၊