Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟော​ရှေ 4:5

Judson Bible

ထို​ကြောင့်၊ နေ့​အ​ချိန်၌ သင်​သည်​လဲ​ရ​လိမ့်​မည်။ ည​အ​ချိန်၌ သင်​နှင့်​အ​တူ ပ​ရော​ဖက်​သည်​လည်း လဲ​ရ​လိမ့်​မည်။ သင့်​အ​မိ​ကို​လည်း ငါ​ဖျက်​ဆီး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​လွှတ်​လိုက်​သော သင်​တို့​အ​မိ၏ ဖြတ်​စာ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ ငါ၌​ကြွေး​ရှိ၍ အ​ဘယ်​မည်​သော ကြွေး​ရှင်​ထံ၌ သင်​တို့​ကို ငါ​ရောင်း​သ​နည်း။ သင်​တို့​သည် ကိုယ်​ပြု​သော ဒု​စ​ရိုက်​အ​တွက် ကျွန်​ခံ​ရ​ကြ၏။ သင်​တို့​အ​ပြစ်​ကြောင့်၊ သင်​တို့​အ​မိ​ကို ငါ​လွှတ်​လိုက်၏။

သူ​တို့​မု​ဆိုး​မ​တို့​သည် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့် အ​မျှ​မ​က၊ ငါ့​ရှေ့​မှာ​များ​ပြား​ကြ​လိမ့်​မည်။ မွန်း​တည့်​အ​ချိန်၌ အ​မိ​ကို တိုက်​ဖျက်​သော လု​လင်​ကို​ငါ​ခေါ်​ခဲ့၍၊ ကြောက်​မက်​ဖွယ်​သော​လုပ်​ကြံ​ခြင်း​ကို ချက်​ချင်း​ဖြစ်​စေ​မည်။

ပ​ရော​ဖက်​များ​နှင့် ဆိုင်​သော စ​ကား​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကြောင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော စ​ကား​တော်​ကြောင့်​လည်း​ကောင်း ငါ့​စိတ်​ပျက်​လျက်​ရှိ၏။ ငါ့​အ​ရိုး​ရှိ​သ​မျှ​တို့​သည် လှုပ်​ရှား​ကြ၏။ ယစ်​မူး​သော​သူ​နှင့် စ​ပျစ်​ရည်​နိုင်​သော​သူ​ကဲ့​သို့ ငါ​ဖြစ်၏။

ထို​ကြောင့်၊ သင်​တို့​အ​မိ​သည် မိန်း​မော​တွေ​ဝေ​လိမ့်​မည်။ သင်​တို့​ကို​မွေး​ဖွား​သော​သူ​သည် အ​ရှက်​ကွဲ​လိမ့်​မည်။ ပြည်​တ​ကာ​တို့​တွင် အ​ယုတ်​ဆုံး​သော​ပြည်၊ သုတ်​သင်​သော​အ​ရပ်၊ သွေ့​ခြောက်​သော​လွင်​ပြင် ဖြစ်​ရ​လိမ့်​မည်။

အ​ချင်း​လူ​သား၊ ဤ​လူ​တို့​သည် ကိုယ်​စိတ်​နှ​လုံး၌ ကိုယ်​ရုပ်​တု​များ​ကို တည်​ထောင်၍၊ ကိုယ်​မျက်​နှာ​ရှေ့​မှာ ကိုယ်​ဒု​စ​ရိုက်​သစ်​တုံး​ကို ထား​ကြ​ပြီ။ သူ​တို့​မေး​လျှောက်​ခြင်း​ကို ငါ​ခံ​ရ​မည်​လော။

သင်​တို့​အ​မိ​နှင့် ဆွေး​နွေး​ကြ​လော့။ သူ​သည် ငါ့​မ​ယား​မ​ဟုတ်၊ ငါ​သည်​လည်း သူ့​လင်​မ​ဟုတ်​ကြောင်း​ကို ဆွေး​နွေး​ကြ​လော့။ ပြည့်တန်​ဆာ​မျက်​နှာ​ကို​ပယ်၍ မှား​ယွင်း​ခြင်း​အ​မှု​ကို ရှောင်​စေ။

သူ​တို့​အ​မိ​သည် ပြည့်​တန်​ဆာ​ဖြစ်၏။ သူ​တို့​ကို ပ​ဋိ​သ​န္ဓေ​ယူ​သော​သူ​သည် ရှက်​ဖွယ်​သော​အ​မှု​ကို ပြု​ပြီ။ သူ​က​လည်း၊ ငါ့​မုန့်၊ ငါ့​ရေ၊ ငါ့​သိုး​မွေး၊ ငါ့​ပိုက်​ဆန်၊ ငါ့​ဆီ၊ ငါ​သောက်​သော​အ​ရည်​တို့​ကို ပေး​တတ်​သော ငါ့​ရည်း​စား​များ နောက်​သို့ ငါ​လိုက်​မည်​ဟု​ဆို​ပြီ။

ဣ​သ​ရေ​လ​အ​မျိုး၏​မာ​န​သည် သူ့​မျက်​မှောက်၌ နှိမ့်​ချ​ခြင်း​သို့​ရောက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​နှင့် ဧ​ဖ​ရိမ်​သည် မိ​မိ​တို့​အ​ပြစ်၌​လဲ၍၊ သူ​တို့​နှင့်​အ​တူ ယု​ဒ​အ​မျိုး​သည်​လည်း လဲ​လိမ့်​မည်။

သိုး​ထိန်း​သုံး​ယောက်​ကို​လည်း တစ်​လ​တွင် ငါ​ပယ်​ဖြတ်၏။ သူ​တို့​ကြောင့် ငါ့​စိတ်​ငြီး​ငွေ့၏။ သူ​တို့​သည်​လည်း ငါ့​ကို ရွံ​ရှာ​ကြ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပြည်​တော်​တွင် ရှိ​သော ရုပ်​တု​တို့၏​နာ​မ​များ​ကို နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​မှတ်​မိ​စေ​ခြင်း​ငှာ၊ ထို​ကာ​လ၌ ငါ​သုတ်​သင်​ပယ်​ရှင်း​မည်။ ပ​ရော​ဖက်​လုပ်​သော သူ​တို့​ကို​လည်း​ကောင်း၊ ညစ်​ညူး​သော ဝိ​ညာဉ်​ကို​လည်း​ကောင်း ပြည်​တော်​မှ နှင်​ထုတ်​မည်။

အ​ပေါ်​မှာ​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​မူ​ကား၊ ခပ်​သိမ်း​သော ငါ​တို့၏ အ​မိ​တည်း​ဟူ​သော ကျွန်​မ မ​ဟုတ်​သော မိန်း​မ​ဖြစ်​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ