Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 9:9

Judson Bible

သံ​လွင်​ပင်​က၊ ဘု​ရား​အ​သ​ရေ၊ လူ​အ​သ​ရေ​ကို ပြု​စု​စ​ရာ ငါ့​အ​ဆီ​အ​ပြား​ကို ငါ​သည်​စွန့်၍ သစ်​ပင်​တို့​အ​ပေါ်​မှာ လွှမ်း​မိုး​ရ​မည်​လော​ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အ​ဘယ်​အ​ရပ်​က လာ​သ​နည်း​ဟု စာ​တန်​ကို​မေး​တော်​မူ​လျှင်၊ စာ​တန်​က၊ မြေ​ကြီး​ပေါ်​မှာ လှည့်​လည်၍ အ​ရပ်​ရပ်​သွား​လာ​ခြင်း​အ​မှု​ထဲ​က လာ​ပါ​သည်​ဟု ပြန်​လျှောက်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အ​ဘယ်​အ​ရပ်​က​လာ​သ​နည်း​ဟု စာ​တန်​ကို​မေး​တော်​မူ​လျှင်၊ စာ​တန်​က၊ မြေ​ကြီး​ပေါ်​မှာ​လှည့်​လည်၍ အ​ရပ်​ရပ်​သွား​လာ​ခြင်း​အ​မှု​ထဲ​က လာ​ပါ​သည်​ဟု ပြန်​လျှောက်​လေ၏။

စ​ပျစ်​ရည်​သည်​လည်း လူ​တို့​ကို ရွှင်​လန်း​စေ၏။ ဆီ​အား​ဖြင့်​လည်း သူ​တို့​မျက်​နှာ​ကို ပြောင်​စေ​တော်​မူ၏။ မုန့်​သည်​လည်း၊ သူ​တို့​နှ​လုံး​ကို​ထောက်​မ၏။

ငါ၏​ကျွန်​ဒါ​ဝိဒ်​ကို ငါ​တွေ့၍၊ သန့်​ရှင်း​သော​ဆီ​နှင့် ဘိ​သိက်​ပေး​ပြီ။

တ​ဆေး​မ​ပါ​သော​ဂျုံ​မုန့်၊ တ​ဆေး​မ​ပါ​ဘဲ ဆီ​နှင့်​လုပ်​သော​ဂျုံ​မုန့်​ပြား၊ တ​ဆေး​မ​ပါ​ဘဲ ဆီ​နှင့်​လုပ်​သော​ဂျုံ​မုန့်​ကြွပ်​တို့​ကို​လည်း​ကောင်း ယူ​ရ​မည်။

ထို​အ​ခါ လိမ်း​စ​ရာ​ဆီ​ကို​ယူ၍ သူ၏​ခေါင်း​ပေါ်၌​လောင်း​သ​ဖြင့် သူ့​ကို​လိမ်း​ရ​မည်။

မီး​ထွန်း​စ​ရာ​ဖို့​မီး​ခုံ​နှင့် သူ၏​တန်​ဆာ၊ မီး​ခွက်​များ၊ မီး​ထွန်း​စ​ရာ​ဆီ​ကို​လည်း​ကောင်း၊

ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ မုန့်​ညက်​ကို​ဆက်​ရ​မည်။ မုန့်​ညက်​အ​ပေါ်​မှာ ဆီ​ကို​လောင်း၍၊ လော​ဗန်​ကို​လည်း​ထည့်​ပြီး​မှ၊

ထို​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​နှင့်​လည်း​ကောင်း၊ နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ကို ဘိ​သိက်​ပေး​တော်​မူ​သ​ဖြင့်၊ ထို​သူ​သည် ဘု​ရား​သ​ခင်၏​အ​ခွင့်​တော်​နှင့် ကျေး​ဇူး​ပြု​လျက်၊ မာရ်​နတ်​ညှဉ်း​ဆဲ​သော သူ​အ​ပေါင်း​တို့​အား ချမ်း​သာ​ကို​ပေး​လျက် လှည့်​လည်​တော်​မူ၏။-

ဟေ​ရုဒ်​မင်း၊ ပု​န္တိ​ပိ​လတ်​မင်း​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​သည်၊-

သင်​တို့​သည် သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၏​လက်​မှ ဘိ​သိက်​ကျေး​ဇူး​တော်​ကို ခံ​ရ၍၊ ခပ်​သိမ်း​သော အ​ရာ​တို့​ကို သိ​ကြ၏။-

တစ်​ဖန် သင်္ဘော​သ​ဖန်း​ပင်​အား၊ ကိုယ်​တော်​ကြွ၍ အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​တော်​မူ​ပါ​ဟု သစ်​ပင်​တို့​သည် လျှောက်​ကြ​လျှင်၊

သစ်​ပင်​တို့​သည် မိ​မိ​တို့​ကို အုပ်​စိုး​ရ​သော ရှင်​ဘု​ရင်​ကို ခန့်​ထား​လျက် ဘိ​သိက်​ပေး​ခြင်း​ငှာ ထွက်​သွား၍၊ အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​တော်​မူ​ပါ​ဟု သံ​လွင်​ပင်​အား လျှောက်​ကြ​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ