Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 9:5

Judson Bible

တစ်​ဖန် ဩ​ဖ​ရ​မြို့၌​ရှိ​သော မိ​မိ​အ​ဘ​အိမ်​သို့ သွား၍၊ မိ​မိ​ညီ​အစ်​ကို ယေ​ရု​ဗ္ဗာ​လ​သား ခု​နစ်​ဆယ်​တို့​ကို ကျောက်​တစ်​ခု​ပေါ်​မှာ သတ်​လေ၏။ သို့​ရာ​တွင်၊ ယေ​ရု​ဗ္ဗာ​လ​သား​အ​ငယ်​ဆုံး ယော​သံ​သည် ပုန်း​ရှောင်၍​နေ​သော​ကြောင့် ကျန်​ရစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​မှာ သင်၏​အ​သက်​နှင့် ရှော​လ​မုန်၏​အ​သက်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ ကျွန်ုပ်​သည် အ​ကြံ​ပေး​ပါ​ရ​စေ။

သို့​မ​ဟုတ် ကျွန်​မ​အ​ရှင်​မင်း​ကြီး​သည် ဘိုး​တော် ဘေး​တော်​တို့​နှင့်​အ​တူ ကျိန်း​စက်​တော်​မူ​သော​အ​ခါ၊ ကျွန်​တော်​မ​နှင့် သား​ရှော​လ​မုန်​သည် ရာ​ဇ​ဝတ်​ခံ​ရ​သော​သူ​ဖြစ်​ပါ​လိမ့်​မည်​ဟု လျှောက်​လေ၏။

ရှ​မာ​ရိ​မြို့​သို့​ရောက်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​အား​မိန့်​တော်​မူ​သော စ​ကား​တော်​အ​တိုင်း၊ အာ​ဟပ်​အ​မျိုး အ​ကုန်​အ​စင် ပျက်​စီး​သည်​တိုင်​အောင် ထို​မြို့၌ ကျန်​ကြွင်း​လေ​သ​မျှ​တို့​ကို သတ်​လေ၏။

ထို​စာ​ရောက်​သော​အ​ခါ၊ ရှင်​ဘု​ရင်၏​သား​တော် ခု​နစ်​ကျိပ်​တို့​ကို​ယူ၍ သတ်​သ​ဖြင့်၊ ဦး​ခေါင်း​များ​ကို တောင်း​တို့၌ ထည့်​ပြီး​လျှင်၊ ယေ​ဇ​ရေ​လ​မြို့၊ ယေ​ဟု​ထံ​သို့ ပေး​လိုက်​လေ၏။

ထို​နောက်​ယော​ရှ​သည် ခြောက်​နှစ်​ပတ်​လုံး အ​ရီး​နှင့်​အ​တူ ဗိ​မာန်​တော်၌​ပုန်း​ရှောင်​လျက် နေ၍၊ အာ​သ​လိ​သည် စိုး​စံ​လေ၏။

ယ​ဟော​ရံ​သည် ခ​မည်း​တော်​နိုင်​ငံ၌ တည်​သော​အ​ခါ၊ ကိုယ်​ကို​ခိုင်​ခံ့​စေ၍၊ ညီ​တော်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​မှူး​တော် မတ်​တော်​တ​ချို့​တို့​ကို​လည်း​ကောင်း၊ ဓား​နှင့်​သတ်​လေ၏။

ထို​အ​ခါ ဟေ​ရုဒ်​မင်း​ကြီး​သည် မာ​ဂု​ပ​ညာ​ရှိ​တို့ လှည့်​ဖြား​သည်​ကို​သိ​လျှင်၊ ပြင်း​စွာ​အ​မျက်​ထွက်၍ လူ​ကို​စေ​လွှတ်​သ​ဖြင့်၊ မာ​ဂု​ပ​ညာ​ရှိ​တို့၌ စေ့​စေ့​မေး​မြန်း​ပြီး​သော ကြယ်၏​အ​ချိန်​ကာ​လ​ကို ထောက်၍၊ ဗက်​လင်​မြို့​မှ​စ​သော ကျေး​လက်​ရှိ​သ​မျှ​တို့၌ နှစ်​နှစ်​အ​ရွယ်​မှ​စ၍ ထို​အ​ရွယ်​အောက်​ယုတ်​သော သူ​ငယ်​ယောက်ျား​အ​ပေါင်း​တို့​ကို သတ်​စေ၏။-

သင်​ထ​လော့။ မယ်​တော်​နှင့် သူ​ငယ်​တော်​ကို​ဆောင်​ယူ​ပြီး​လျှင် ဣ​သ​ရေ​လ​တိုင်း​သို့ သွား​လော့။ သူ​ငယ်​တော်​ကို​သတ်​အံ့​သော​ငှာ ရှာ​သော​သူ​တို့​သည် သေ​ကြ​ပြီ​ဟု​ဆို​လေ၏။-

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် လာ၍၊ ဩ​ဖ​ရ​ရွာ​မှာ အ​ဗျေ​ဇာ​အ​မျိုး​သား​ယော​ရှ​ပိုင်​သော သ​ပိတ်​ပင်​အောက်၌ ထိုင်​လေ၏။ ယော​ရှ​သား​ဂိ​ဒေါင်​သည် မိ​မိ​စ​ပါး​ကို မိ​ဒျန်​လူ​တို့ မ​တွေ့​စေ​ခြင်း​ငှာ၊ စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ​အ​နား​မှာ စ​ပါး​ကို​နယ်​လျက်​နေ၏။

ထို​အ​ရပ်၌ ဂိ​ဒေါင်​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၍၊ ယေ​ဟော​ဝါ​ရှာ​လုံ​အ​မည်​ဖြင့် မှည့်​လေ၏။ အ​ဗျေ​ဇာ​သား၏​နေ​ရာ ဩ​ဖ​ရ​ရွာ၌ ယ​နေ့​တိုင်​အောင်​ရှိ​သ​တည်း။

ဂိ​ဒေါင်​သည် မ​ယား​များ၍၊ ကိုယ်​ရ​သော သား​ခု​နစ်​ဆယ်​ရှိ၏။

သင်​တို့​သည် ငါ့​အ​ဘ၏​အ​ဆွေ​အ​မျိုး​တစ်​ဖက်၌ ယ​နေ့​ထ၍ သူ၏​သား​ခု​နစ်​ဆယ်​တို့​ကို ကျောက်​တစ်​ခု​ပေါ်​မှာ သတ်​ပြီး​လျှင်၊ သူ၏​ကျွန်​မ​တွင် မြင်​သော​သား အ​ဘိ​မ​လက်​သည် သင်​တို့​ညီ​အစ်​ကို​ဖြစ်​သော​ကြောင့်၊ သူ့​ကို ရှေ​ခင်​မြို့​သား​တို့၏ ရှင်​ဘု​ရင်​ခန့်​ထား​ကြ​ပြီ​တ​ကား။

ယေ​ရု​ဗ္ဗာ​လ​သား​ခု​နစ်​ဆယ်​တို့​သည် သင်​တို့​ကို အုပ်​စိုး​ကောင်း​သ​လော။ သား​တစ်​ယောက်​တည်း အုပ်​စိုး​ကောင်း​သ​လော။ ငါ​သည် သင်​တို့၏​အ​ရိုး​အ​သား​စစ်​ဖြစ်​ကြောင်း​ကို မ​မေ့​ကြ​နှင့်​ဟု ရှေ​ခင်​မြို့​သား​အ​ပေါင်း​တို့​အား ပြော​ရ​မည်​အ​ကြောင်း​ကို တိုင်​ပင်​လေ၏။

ရှေ​ခင်​မြို့​သား​အ​ပေါင်း​တို့​နှင့် မိ​လ္လော​အ​ဆွေ​အ​မျိုး အ​ပေါင်း​တို့​သည် ရှေ​ခင်​မြို့​တွင်​ရှိ​သော အ​ထိမ်း​အ​မှတ် သ​ပိတ်​ပင်​အ​နား​မှာ​စည်း​ဝေး၍ အ​ဘိ​မ​လက်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ