Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 9:2

Judson Bible

ယေ​ရု​ဗ္ဗာ​လ​သား​ခု​နစ်​ဆယ်​တို့​သည် သင်​တို့​ကို အုပ်​စိုး​ကောင်း​သ​လော။ သား​တစ်​ယောက်​တည်း အုပ်​စိုး​ကောင်း​သ​လော။ ငါ​သည် သင်​တို့၏​အ​ရိုး​အ​သား​စစ်​ဖြစ်​ကြောင်း​ကို မ​မေ့​ကြ​နှင့်​ဟု ရှေ​ခင်​မြို့​သား​အ​ပေါင်း​တို့​အား ပြော​ရ​မည်​အ​ကြောင်း​ကို တိုင်​ပင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

လာ​ဗန်​က၊ အ​ကယ်​စင်​စစ် သင်​သည်​ငါ့​အ​ရိုး​အ​သား​ပင်​ဖြစ်၏​ဟု ဆို​လေ၏။

အာ​မ​သ​အား​လည်း၊ သင်​သည် ငါ့​အ​သား ငါ့​အ​ရိုး​တို့​အ​ဝင်​ဖြစ်​သည်​မ​ဟုတ်​လော။ သင်​သည် ငါ့​ရှေ့​မှာ ယွာ​ဘ၏​ကိုယ်​စား အ​စဉ် ဗိုလ်​ချုပ်​မင်း​မ​ဖြစ်​လျှင် ထို​မျှ​မ​က ဘု​ရား​သ​ခင်​သည် ငါ၌​ပြု​တော်​မူ​စေ​သ​တည်း ဟူ၍​လည်း​ကောင်း၊ ပြော​ကြ​လော့​ဟု မှာ​လိုက်​တော်​မူ၏။

ထို​အ​ခါ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ ဟေ​ဗြုန်​မြို့၌​စည်း​ဝေး၍၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်​အ​ရိုး၊ ကိုယ်​တော်​အ​သား​ဖြစ်​ကြ​ပါ၏။

အ​ကယ်​စင်​စစ် ငါ​တို့​သည် သ​ခင်​ဘု​ရား၏ အ​သား​တော်၊ အ​ရိုး​တော်​တို့​အ​ဝင်​ဖြစ်၍၊ ကိုယ်​တော်​မြတ်၏ အင်္ဂါ​ဖြစ်​ကြ၏။-

ထို​သူ​ငယ်​တို့​သည် အ​သွေး​အ​သား​နှင့် ဆက်​ဆံ​ကြ​သော​ကြောင့်၊ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​သော​အား​ဖြင့်၊ သေ​ခြင်း​တ​ရား​ကို အ​စိုး​ရ​သော​သူ​တည်း​ဟူ​သော မာရ်​နတ်၏​တန်​ခိုး​ကို ချိုး​ဖဲ့​ဖျက်​ဆီး​ခြင်း​ငှာ​လည်း​ကောင်း၊ သေ​ဘေး​ကို​ကြောက်၍ တစ်​သက်​လုံး ကျွန်​ခံ​ရ​သော သူ​တို့​ကို ကယ်​လွှတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သူ​ငယ်​တို့၏ နည်း​တူ အ​သွေး​အ​သား​ကို ဆောင်​ယူ​တော်​မူ၏။-

ဂိ​ဒေါင်​သည် မ​ယား​များ၍၊ ကိုယ်​ရ​သော သား​ခု​နစ်​ဆယ်​ရှိ၏။

သင်​တို့​သည် ငါ့​အ​ဘ၏​အ​ဆွေ​အ​မျိုး​တစ်​ဖက်၌ ယ​နေ့​ထ၍ သူ၏​သား​ခု​နစ်​ဆယ်​တို့​ကို ကျောက်​တစ်​ခု​ပေါ်​မှာ သတ်​ပြီး​လျှင်၊ သူ၏​ကျွန်​မ​တွင် မြင်​သော​သား အ​ဘိ​မ​လက်​သည် သင်​တို့​ညီ​အစ်​ကို​ဖြစ်​သော​ကြောင့်၊ သူ့​ကို ရှေ​ခင်​မြို့​သား​တို့၏ ရှင်​ဘု​ရင်​ခန့်​ထား​ကြ​ပြီ​တ​ကား။

တစ်​ဖန် ဩ​ဖ​ရ​မြို့၌​ရှိ​သော မိ​မိ​အ​ဘ​အိမ်​သို့ သွား၍၊ မိ​မိ​ညီ​အစ်​ကို ယေ​ရု​ဗ္ဗာ​လ​သား ခု​နစ်​ဆယ်​တို့​ကို ကျောက်​တစ်​ခု​ပေါ်​မှာ သတ်​လေ၏။ သို့​ရာ​တွင်၊ ယေ​ရု​ဗ္ဗာ​လ​သား​အ​ငယ်​ဆုံး ယော​သံ​သည် ပုန်း​ရှောင်၍​နေ​သော​ကြောင့် ကျန်​ရစ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ