Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 7:4

Judson Bible

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ​တို့​သည် အ​လွန်​များ​သေး၏။ ရေ​ဆိပ်​သို့ ခေါ်​ခဲ့​လော့။ သူ​တို့​ကို ရေ​ဆိပ်​မှာ သင့်​အ​ဖို့ ငါ​စုံ​စမ်း​မည်။ ထို​အ​ခါ ဤ​မည်​သော​သူ​သည် သင်​နှင့်​အ​တူ​သွား​ရ​မည်​ဟု ငါ​ဆို​လျှင်၊ ထို​သူ​သည် သွား​ရ​မည်။ ဤ​မည်​သော​သူ​မ​သွား​ရ​ဟု ငါ​ဆို​လျှင် ထို​သူ​သည် မ​သွား​ရ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မှ ဘု​ရား​သ​ခင်​သည်၊ အာ​ဗြ​ဟံ​ကို​စုံ​စမ်း​ခြင်း​ငှာ၊ အာ​ဗြ​ဟံ​ဟု ခေါ်​တော်​မူ၍ အာ​ဗြ​ဟံ​က၊ အ​ကျွန်ုပ်​ရှိ​ပါ​၏​ဟု​လျှောက်​လျှင်၊

သို့​သော်​လည်း ငါ​သွား​သော​လမ်း​ကို သိ​တော်​မူ၏။ စစ်​တော်​မူ​ခြင်း​ကို ခံ​ပြီး​မှ၊ ရွှေ​ကဲ့​သို့​ငါ​ပေါ်​လိမ့်​မည်။

ရှင်​ဘု​ရင်​မည်​သည်​ကား၊ များ​စွာ​သော အ​လုံး​အ​ရင်း​အား​ဖြင့် ချမ်း​သာ​မ​ရ။ သူ​ရဲ​သည်​လည်း ခွန်​အား​ကြီး​သော​အား​ဖြင့် ကယ်​လွှတ်​ခြင်း​သို့​မ​ရောက်။

အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို စုံ​စမ်း​တော်​မူ​ပြီ။ ငွေ​ကို​စစ်​ဆေး​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို စစ်​ဆေး​တော်​မူ​ပြီ။

မ​တ​ရား​သော​သူ​တို့၏ အ​ဓ​မ္မ​အ​မှု​ကို​ဆုံး​ရှုံး၍၊ တ​ရား​သော​သူ​တို့​ကို မြဲ​မြံ​စေ​တော်​မူ​ပါ။ တ​ရား​သ​ဖြင့် ပြု​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​သည် နှ​လုံး​နှင့် ကျောက်​ကပ်​ကို စစ်​တော်​မူ​တတ်​ပါ၏။

ဂိ​ဒေါင်​သည် လူ​တို့​ကို ရေ​ဆိပ်​သို့​ခေါ်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​က၊ ခွေး​သည် ရေ​ကို​လျက်၍ သောက်​သ​ကဲ့​သို့ လျှာ​နှင့်​လျက်၍ သောက်​သော​သူ​တစ်​စု၊ ဒူး​ထောက်​လျက် ဝပ်၍​သောက်​သော​သူ​တစ်​စု၊ ထို​လူ​နှစ်​စု​ကို ခွဲ​ထား​လော့​ဟု ဂိ​ဒေါင်​အား မိန့်​တော်​မူ၏။

ယော​န​သန်​က၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော တပ်​သား​တို့​ဆီ​သို့​သွား​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အ​မှု​ကို စောင့်​ကောင်း​စောင့်​တော်​မူ​လိမ့်​မည်။ လူ​များ​သော်​လည်း​ကောင်း၊ နည်း​သော်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား ကယ်​တင်​တော်​မူ​ခြင်း​ကို အ​ဆီး​အ​တား​မ​ရှိ​နိုင်​ဟု လက်​နက်​ဆောင်​လု​လင်​အား​ပြော​ဆို​လျှင်၊

ထာ​ဝ​ရ​ဘု​ရား​က၊ သူ၏​မျက်​နှာ၊ သူ၏​အ​ရပ်​ကို မ​ကြည့်​မ​ရှု​နှင့်။ သူ့​ကို ငါ​ပယ်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​မြင်​သ​ကဲ့​သို့ မြင်​တော်​မူ​သည်​မ​ဟုတ်။ လူ​သည် အ​ဆင်း​သ​ဏ္ဌာန်​ကို​ကြည့်​ရှု​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား နှ​လုံး​ကို​ကြည့်​ရှု​တတ်​သည်​ဟု ရှ​မွေ​လ​အား​မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ