သူကြီး 7:2Judson Bibleထာဝရဘုရားကလည်း၊ သင်၌ပါသောလူတို့သည် အလွန်များ၍၊ သူတို့လက်၌ မိဒျန်လူတို့ကို ငါမအပ်ရ။ အပ်လျှင် ဣသရေလအမျိုးက၊ ငါ့လက်ရုံးသည် ငါ့ကိုကယ်တင်ပြီဟု ငါ့တစ်ဖက်၌ ဝါကြွားလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အာသသည် မိမိဘုရားသခင် ထာဝရဘုရားအားဟစ်ခေါ်၍၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် လူများတို့တွင် အားနည်းသောသူကို ကယ်တင်ခြင်းငှာ တတ်နိုင်တော်မူသည်ဖြစ်၍၊ အိုအကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၊ ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုခိုလှုံ၍ နာမတော်ကိုအမှီပြုလျက်၊ ဤအလုံးအရင်းကြီးကို တိုက်ခြင်းငှာ သွားပါ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်တော်မူ၏။ လူသည် ကိုယ်တော်ကိုနိုင်သောအခွင့် ရှိစေတော်မမူပါနှင့်ဟု ဆုတောင်းသည်ဖြစ်၍၊
အချင်းလူသား၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို တုရုရှင်ဘုရင်အား ဆင့်ဆိုရမည်မှာ၊ သင်သည် ကိုယ်ကိုဘုရားသခင်ကဲ့သို့ ထင်မှတ်သော်လည်း ဘုရားသခင်မဟုတ်၊ လူသက်သက်ဖြစ်လျက်နှင့် ငါသည် ဘုရားဖြစ်၏။ ပင်လယ်အလယ်၌ ဘုရားပလ္လင်ပေါ်မှာ ငါထိုင်သည်ဟု ဝါကြွားသောစိတ်နှင့် ဆိုသည်ဖြစ်၍၊
ရန်ဘက်ပြုသောသူတို့သည် ထောင်လွှားလျက်၊ ဤအမှုအလုံးစုံကို ထာဝရဘုရားမပြု၊ ဘုန်းကြီးသောငါတို့လက်ရုံးပြပြီဟု ပြောမည်ကို စိုးရိမ်စရာမရှိလျှင်လည်းကောင်း၊ သူတို့ကို မြေကြီးစွန်းတိုင်အောင် အရပ်ရပ်သို့ကွဲပြားစေ၍၊ အဘယ်သူမျှ မအောက်မေ့စေခြင်းငှာ ပယ်ရှင်းမည်ဟု ငါအကြံရှိ၏။
ယောနသန်က၊ အရေဖျားလှီးခြင်းကိုမခံသော တပ်သားတို့ဆီသို့သွားကြကုန်အံ့။ ထာဝရဘုရားသည် ငါတို့အမှုကို စောင့်ကောင်းစောင့်တော်မူလိမ့်မည်။ လူများသော်လည်းကောင်း၊ နည်းသော်လည်းကောင်း၊ ထာဝရဘုရား ကယ်တင်တော်မူခြင်းကို အဆီးအတားမရှိနိုင်ဟု လက်နက်ဆောင်လုလင်အားပြောဆိုလျှင်၊