Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 4:9

Judson Bible

ဒေ​ဗော​ရ​က၊ ငါ​သည် သင်​နှင့်​အ​တူ အ​မှန်​သွား​မည်။ သို့​သော်​လည်း သင်​သွား​ရာ​လမ်း၌ ဂုဏ်​အ​သ​ရေ​ကို မ​ရ​ရာ။ ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​ကို မိန်း​မ၌ ရောင်း​တော်​မူ​မည်​ဟု​ဆို​ပြီး​မှ ထ၍ ဗာ​ရက်​နှင့်​အ​တူ ကေ​ဒေ​ရှ​မြို့​သို့ သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဆီး​တား​သ​ဖြင့်၊ အို​ဩ​ဇိ​မင်း၊ ကိုယ်​တော်​သည် ထာ​ဝ​ရ​ဘု​ရား​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​အ​မှု​နှင့် မ​ဆိုင်​ပါ။ နံ့​သာ​ပေါင်း​ကို မီး​ရှို့​စေ​ခြင်း​ငှာ၊ ခန့်​ထား​သော အာ​ရုန်​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သာ ထို​အ​မှု​နှင့် ဆိုင်​ကြ​ပါ၏။ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က ထွက်​သွား​လော့။ ကိုယ်​တော်​သည် ပြစ်​မှား​ပြီ။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင့် ရှေ့​တော်၌ ကိုယ်​တော်​အ​သ​ရေ​ပျက်​လိမ့်​မည်​ဟု ဆို​ကြ​လျှင်၊

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်​လျက်၊ လု​ယူ​သော သူ​တို့​လက်​သို့​အပ်၍၊ ပတ်​ဝန်း​ကျင်​သော ရန်​သူ​တို့၌ ရောင်း​တော်​မူ​သ​ဖြင့်၊ ရန်​သူ​တို့​ရှေ့​မှာ သူ​တို့​သည် တစ်​ဖန်​မ​ရပ်​နိုင်​ကြ။

ဗာ​ရက်​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​တူ​ကြွ​လျှင် အ​ကျွန်ုပ်​သွား​ပါ​မည်။ ကြွ​တော်​မ​မူ​လျှင်​မူ​ကား မ​သွား​ပါ​ဟု လျှောက်​သော်၊

မိန်း​မ​တစ်​ယောက်​သည် ကြိတ်​ဆုံ​ကျောက်​တစ်​ဖဲ့​ကို အ​ဘိ​မ​လက်​ခေါင်း​ပေါ်​သို့ ပစ်​ချ၍ ဦး​ခေါင်း​ခွံ​ပေါက်​ကွဲ​လေ၏။

သူ​သည် လက်​နက်​ကိုင်​လု​လင်​ကို အ​လျင်​အ​မြန်​ခေါ်၍ မိန်း​မ​သည် အ​ဘိ​မ​လက်​ကို သတ်​သည်​ဟု ပြော​စ​ရာ​မ​ရှိ​စေ​ခြင်း​ငှာ၊ သင့်​ဓား​ကို​ထုတ်၍ ငါ့​ကို​သတ်​လော့​ဟု ဆို​သည်​အ​တိုင်း၊ လု​လင်​သည်​ထိုး၍ အ​ဘိ​မ​လက် သေ​လေ၏။

ထို​သို့​ပြု​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​အ​မျိုး၊ သင့်​အ​ဘ၏​အ​မျိုး​သည် ငါ့​ရှေ့​မှာ​အ​စဉ် သွား​လာ​ရ​လိမ့်​မည်​ဟု ငါ​ဆို​မိ​သော်​လည်း၊ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​က​တိ​သည် ငါ​နှင့်​ဝေး​ပါ​စေ။ ငါ့​ကို ချီး​မြှောက်​သော သူ​တို့​ကို ငါ​ချီး​မြှောက်​မည်။ ငါ့​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​သည် ဂုဏ်​အ​သ​ရေ​ပျက်​ရ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ