Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 4:5

Judson Bible

သူ​သည် ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ရာ​မ​မြို့​နှင့် ဗေ​သ​လ​မြို့​စပ်​ကြား၊ ဒေ​ဗော​ရ စွန်​ပ​လွံ​ပင်​အောက်​မှာ​နေ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​ပ​ရော​ဖက်​မ၏ စီ​ရင်​ခြင်း​ကို​ခံ​အံ့​သော​ငှာ ရောက်​လာ​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ရေ​ဗ​က္က၏​အ​ထိန်း​ဒေ​ဗော​ရ​သေ၍၊ ဗေ​သ​လ​အ​ရပ်၌ သ​ပိတ်​ပင်​အောက်​တွင် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လေ၏။ ထို​အ​ပင်​ကို အာ​လု​မ္ဘာ​ကုတ်​ဟူ၍​တွင်​သ​တည်း။

နက်​ဖြန်​နေ့၌ မော​ရှေ​သည်၊ လူ​များ​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ထိုင်​လေ၏။ နံ​နက်​မှ​စ၍​ညဉ့်​ဦး​တိုင်​အောင်၊ လူ​များ​တို့​သည် မော​ရှေ​ရှေ့​မှာ​နေ​ကြ​၏။

သူ​တို့​သည်​အ​မှု​ရှိ​လျှင် အ​ကျွန်ုပ်​ထံ​သို့​လာ၍ သူ​တို့၏​အ​မှု​ကို ကျွန်ုပ်​ဆုံး​ဖြတ်​ရ၏။ ဘု​ရား​သ​ခင်၏​ပ​ညတ်​တ​ရား​များ​ကို​သင်​ချ​ရ​၏​ဟု ယော​က္ခ​မ​အား ပြော​လျှင်၊

ငါ့​စ​ကား​ကို​နား​ထောင်​လော့။ ငါ​အ​ကြံ​ပေး​မည်။ ဘု​ရား​သ​ခင်​သည်​လည်း သင့်​ဘက်၌ ရှိ​တော်​မူ​လိမ့်​မည်။ သင်​သည် ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​မှု၌ လူ​များ​တို့၏​အ​မှု​ကို​စောင့်​လျက် ဘု​ရား​သ​ခင်​အ​ထံ​တော်​သို့​ဝင်၍ လျှောက်​ရ​မည်။

ထို​သူ​တို့​သည် ခပ်​သိမ်း​သော​အ​ချိန်၌ လူ​တို့​ကို​တ​ရား​စီ​ရင်​ကြ​၏။ ခက်​သော​အ​မှု၌ မော​ရှေ​၏​အ​ယူ​ကို​ခံ​ကြ​၏။ လွယ်​သော​အ​မှု​ကို အ​လို​လို​စီ​ရင်​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ရာ​မ​အ​ရပ်၌ သည်း​စွာ​သော ညည်း​တွား​ငို​ကြွေး​ခြင်း​အ​သံ​ကို ကြား​ရ၍၊ ရာ​ခေ​လ​သည် မိ​မိ​သား​တို့​မ​ရှိ​သော​ကြောင့်၊ ငို၍ စိတ်​မ​ပြေ​နိုင်။

ဗေ​သ​လ​လု​ဇ​မြို့​သို့​လည်း​ကောင်း၊ အာ​ခိ​အ​တ​ရုတ်​မြို့​သို့​လည်း​ကောင်း၊

ဗေ​သ​ရာ​ဗ​မြို့၊ ဇေ​မ​ရိမ်​မြို့၊ ဗေ​သ​လ​မြို့၊

ထို​မှ​တစ်​ပါး၊ ဂိ​ဗောင်​မြို့၊ ရာ​မ​မြို့၊ ဗေ​ရုတ်​မြို့၊

ထို​ကာ​လ​အ​ခါ လ​ပိ​ဒုတ်​မယား ပ​ရော​ဖက်​မ​ဒေ​ဗော​ရ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး၏။

ဧ​ဖ​ရတ်​မြို့​သား ဇု​ဖ၊ တော​ဟူ၊ ဧ​လိ​ဟူ၊ ယေ​ရော​ဟံ​မှ ဆင်း​သက်၍ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရာ​မ​သိမ် ဇု​ဖိမ်​မြို့၌​နေ​သော ဧ​လ​ကာ​န​အ​မည်​ရှိ​သော သူ​တစ်​ယောက်​ရှိ၏။

ထို​သူ​တို့​သည် နံ​နက်​စော​စော​ထ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုး​ကွယ်​ပြီး​လျှင်၊ ရာ​မ​မြို့​မှာ​ရှိ​သော မိ​မိ​တို့​အိမ်​သို့ ပြန်​သွား​ကြ၏။ ထို​အ​ခါ ဧ​လ​ကာ​န​သည် မ​ယား​ဟ​န္န​နှင့် ဆက်​ဆံ၍ ထာ​ဝ​ရ​ဘု​ရား အောက်​မေ့​တော်​မူ​သ​ဖြင့်၊

ထို​အ​ခါ ရှော​လု​သည် ဂိ​ဗာ​မြို့၌ ကုန်း​ပေါ်​တွင် သစ်​ပင်​အောက်​မှာ လှံ​ကို​ကိုင်​လျက်၊ ကျွန်​အ​ပေါင်း​တို့​သည် ခြံ​ရံ​လျက်​နေ​စဉ်​တွင်၊ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည်​ပေါ်​ကြောင်း​ကို ရှော​လု​ကြား၍၊

ထို​နောက် ရှ​မွေ​လ​သေ​သော​အ​ခါ၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် စည်း​ဝေး၍ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​သ​ဖြင့်၊ ရာ​မ​မြို့​တွင် သူ၏​အိမ်၌ သင်္ဂြိုဟ်​ကြ၏။ ဒါ​ဝိဒ်​သည် ထ၍ ပါ​ရန်​တော​သို့ သွား​လေ၏။

ပြန်​လာ​သော​အ​ခါ၊ မိ​မိ​အိမ်​ရှိ​သော ရာ​မ​မြို့​သို့ ပြန်​လာ၍ ထို​မြို့​မှာ​လည်း ဣ​သ​ရေ​လ​အ​မျိုး၌ စီ​ရင်​ရန် အ​မှု​တို့​ကို စစ်​ကြော​စီ​ရင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​လျက်​နေ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ