သူတို့သမီးနှင့် စုံဖက်ခြင်းကိုပြုလျက်၊ မိမိတို့သမီးကိုပေးစားလျက်၊ သူတို့ဘုရားများကို ဝတ်ပြုကြ၏။
သူတို့နှင့်ရောနှော၍ သူတို့၏ဘာသာဓလေ့ကို သင်ကြ၏။
သင်သည် ထိုပြည်သူပြည်သားတို့နှင့် မိတ်သဟာယဖွဲ့သဖြင့်၊ သူတို့သည် မိမိတို့ဘုရားနှင့် မှားယွင်းခြင်းကိုပြု၍၊ ထိုဘုရားတို့အား ယဇ်ပူဇော်သောအခါ၊ သင့်ကိုခေါ်၍ သင်သည် ထိုယဇ်ကောင်ကိုစားမည်ဟူ၍လည်းကောင်း၊
သင်သည် သူတို့သမီးများကိုယူ၍၊ ကိုယ်သားတို့နှင့် ထိမ်းမြားပေးစားသဖြင့်၊ ထိုသမီးတို့သည် မိမိတို့ဘုရားနှင့်မှားယွင်းခြင်းကိုပြု၍ သင်၏သားတို့ကို ထိုဘုရားတို့နှင့် မှားယွင်းစေမည်ဟူ၍လည်းကောင်း စိုးရိမ်စရာရှိ၏။
ထာဝရဘုရားသည် ယေရုရှလင်မြို့အား မိန့်တော်မူသောစကားကို သင်ဆင့်ဆိုရမည်မှာ၊ သင်၏မူလ၊ သင်၏မွေးဖွားရာဌာနသည် ခါနာန်ပြည်၌ရှိ၏။ သင်၏ အဘသည် အာမောရိလူ၊ သင်၏အမိသည်ဟိတ္တိအမျိုးဖြစ်၏။
သို့မဟုတ် သင်တို့သည်ရွေ့လျော့၍၊ သင်တို့တွင် ကျန်ကြွင်းသေးသော ဤလူမျိုးတို့၌ မှီဝဲလျက်၊ ထိမ်းမြားပေးစား၍ ပေါင်းဖော်ဆက်ဆံခြင်းရှိလျှင်၊