Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 2:16

Judson Bible

သို့​ရာ​တွင် လု​ယူ​သော​သူ​တို့​လက်​မှ ကယ်​လွှတ်​သော တ​ရား​သူ​ကြီး​တို့​ကို ထာ​ဝ​ရ​ဘု​ရား ပေါ်​ထွန်း​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​တွင် တ​ရား​သူ​ကြီး​တို့​ကို ခန့်​ထား​သော​ကာ​လ၌​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သ​ကဲ့​သို့ နောက်​တစ်​ဖန် မ​ညှဉ်း​ဆဲ​ရ။ သင့်​ကို​လည်း ရန်​သူ​အ​ပေါင်း​တို့​လက်​မှ ကယ်​လွှတ်၍ ချမ်း​သာ​ပေး​ပြီ။ သင်၏​အ​မျိုး​အ​နွယ်​ကို​လည်း ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။

ထို​ကြောင့်၊ သူ​တို့​ကို​နှောင့်​ယှက်​သော ရန်​သူ​လက်​သို့ အပ်​လိုက်​တော်​မူ၏။ ဆင်း​ရဲ​ခံ​ရ၍ ကိုယ်​တော်​ကို​အော်​ဟစ်​ကြ​သော​အ​ခါ၊ ကောင်း​ကင်​ဘုံ​က နား​ထောင်၍၊ က​ရု​ဏာ​ကျေး​ဇူး​တော် ကြွယ်​ဝ​သည်​အ​တိုင်း၊ ရန်​သူ​လက်​မှ ကယ်​လွှတ်​သော ကျေး​ဇူး​ရှင်​တို့​ကို ပေါ်​ထွန်း​စေ​တော်​မူ၏။

ထို​နောက်​မှ ပ​ရော​ဖက်​ရှ​မွေ​လ​မ​ပေါ်​မ​ရှိ​မီ အ​နှစ်​လေး​ရာ​ငါး​ဆယ်​မျှ​လောက်​သော ကာ​လ​ပတ်​လုံး၊ တ​ရား​သူ​ကြီး​တို့​ကို ပေး​တော်​မူ၏။-

အ​ဘိ​မ​လက်​လက်​ထက်​နောက်​မှ၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​သော​သူ ဣ​သ​ခါ​အ​မျိုး၊ ဒေါ​ဒေါ​သား​ဖု​ဝါ၏​သား တော​လ​သည် ပေါ်​ထွန်း၍၊ ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ရှ​မိ​ရ​မြို့​မှာ နေ​လေ၏။

အ​မ္မုန်​အ​မျိုး​သား​တို့​ကို တိုက်​ခြင်း​ငှာ ချီ​သွား၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ယေ​ဖ​သ​လက်၌ အပ်​တော်​မူ​သ​ဖြင့်၊

နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သော​အ​ခါ၊ ကယ်​တင်​သော​သ​ခင်၊ လက်​ယာ​လက်​ကို​မ​သုံး​တတ်​သော ဗင်္ယာ​မိန်​အ​မျိုး၊ ဂေ​ရ​သား​ဧ​ဟု​ဒ​ကို ပေါ်​ထွန်း​စေ​တော်​မူ၏။ သူ့​လက်​တွင် ဣ​သ​ရေ​လ​လူ​တို့​သည် လက်​ဆောင်​ကို မော​ဘ​ရှင်​ဘု​ရင်​ဧ​ဂ​လုန်​ထံ​သို့ ပေး​လိုက်​ကြ၏။

ဧ​ဟု​ဒ​နောက်​မှာ အာ​နတ်​သား​ရှံ​ဂါ​ပေါ်​ထွန်း၍၊ တုတ်​ချွန်​နှင့် ဖိ​လိ​တ္တိ​လူ​ခြောက်​ရာ​တို့​ကို သတ်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကယ်​လွှတ်​လေ၏။

သူ​သည် ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ရာ​မ​မြို့​နှင့် ဗေ​သ​လ​မြို့​စပ်​ကြား၊ ဒေ​ဗော​ရ စွန်​ပ​လွံ​ပင်​အောက်​မှာ​နေ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​ပ​ရော​ဖက်​မ၏ စီ​ရင်​ခြင်း​ကို​ခံ​အံ့​သော​ငှာ ရောက်​လာ​တတ်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို​ကြည့်​ရှု၍ ယ​ခု သင်​ရ​သော​တန်​ခိုး​ကို အ​မှီ​ပြု​လျက် သွား​လော့။ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို မိ​ဒျန်​လူ​တို့​လက်​မှ ကယ်​နုတ်​လိမ့်​မည်။ သင့်​ကို ငါ​စေ​ခိုင်း​သည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။

တ​ရား​သူ​ကြီး​အုပ်​စိုး​သော ကာ​လ၊ တစ်​ရံ​ရော​အ​ခါ ဣ​သ​ရေ​လ​ပြည်၌ အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး၍ ယု​ဒ​ပြည် ဗက်​လင်​မြို့​သား တစ်​ယောက်​သည်၊ မ​ယား​နှင့် သား​နှစ်​ယောက်​ပါ​လျက် မော​ဘ​ပြည်၌ တည်း​ခို​ခြင်း​ငှာ သွား၏။

ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ဗ္ဗာ​လ၊ ဗာ​ရက်၊ ယေ​ဖ​သ၊ ရှ​မွေ​လ​တို့​ကို စေ​လွှတ်၍၊ ပတ်​ဝန်း​ကျင် ရန်​သူ​တို့​လက်​မှ ကယ်​နုတ်​တော်​မူ​သ​ဖြင့် သင်​တို့​သည် ဘေး​လွတ်​ရ​ကြ၏။

ဗိုလ်​ခြေ​များ​ကို နှိုး​ဆော်၍ အာ​မ​လက်​အ​မျိုး​သား​တို့​ကို လုပ်​ကြံ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို လု​ယက်​ဖျက်​ဆီး​သော သူ​တို့​လက်​မှ ကယ်​နုတ်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ