Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 12:3

Judson Bible

မ​ကယ်​မ​နုတ်​ကြောင်း​ကို ငါ​သည် သိ​မြင်​သော​အ​ခါ၊ ကိုယ်​အ​သက်​ကို​စွန့်​စား​လျက် အ​မ္မုန်​အ​မျိုး​သား​တို့​ကို တိုက်​ခြင်း​ငှာ​သွား၍ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ငါ့​လက်၌ အပ်​တော်​မူ၏။ သင်​တို့​သည် ငါ့​ကို တိုက်​ခြင်း​ငှာ အ​ဘယ်​ကြောင့် ယ​နေ့ လာ​ကြ​သ​နည်း​ဟု ပြော​ဆို​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင် ကိုယ်​တော်​တိုင်​သည်၊ ငါ​တို့​တွင် ဗိုလ်​မင်း​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်၏ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း၊ တံ​ပိုး​မှုတ်​လျက် သင်​တို့​တစ်​ဖက်၌ နှိုး​ဆော်​ခြင်း​ငှာ၊ ငါ​တို့​တွင်​ရှိ​ကြ၏။ အို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ မ​တိုက်​ကြ​နှင့်။ တိုက်​လျှင် ရှုံး​ရ​ကြ​လိမ့်​မည်​ဟု ပြော​ဆို၏။

သို့​သော်​လည်း ငါ​သည် ကိုယ်​အ​သား​ကို ပါး​စပ်​နှင့်​ကိုက်​ချီ​လျက်၊ ကိုယ်​အ​သက်​ကို​လည်း လက်​နှင့်​ကိုက်​လျက် ဆောင်​သွား​မည်။

အ​ကျွန်ုပ်​အ​သက်​သည် ကိုယ်​လက်၌ အ​စဉ်​ရှိ​ပါ၏။ သို့​သော်​လည်း၊ တ​ရား​တော်​ကို မ​မေ့​မ​လျော့​ပါ။

ထို​သူ​တို့​သည် ငါ့​အ​သက်​အ​ဖို့ မိ​မိ​တို့​လည်​ပင်း​ကို ချ​ထား​သော​သူ​ဖြစ်​ကြ၏။ သူ​တို့​ကျေး​ဇူး​ရှိ​သည်​ဟု ငါ​တစ်​ယောက်​တည်း​သာ ဝန်​ခံ​သည်​မ​ဟုတ်။ တစ်​ပါး​အ​မျိုး​သား အ​သင်း​တော်​အ​ပေါင်း​တို့​သည် ဝန်​ခံ​ကြ၏။-

သူ​တို့​သည် သိုး​သ​ငယ်၏ အ​သွေး​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ​တို့​သက်​သေ​ခံ​ချက် နှုတ်​က​ပတ်​တ​ရား​အား​ဖြင့်​လည်း​ကောင်း အောင်​မြင်၍၊ အ​သေ​ခံ​သည်​တိုင်​အောင် ကိုယ်​အ​သက်​ကို မ​နှ​မြော​ကြ။-

သင့်​ကို ငါ​မ​ပြစ်​မှား။ သင်​သည် စစ်​တိုက်၍ ငါ့​ကို ညှဉ်း​ဆဲ၏။ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သူ​ကြီး​လုပ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား၊ အ​မ္မုန်​အ​မျိုး​သား​တို့ စပ်​ကြား​မှာ ယ​နေ့ တ​ရား​စီ​ရင် ဆုံး​ဖြတ်​တော်​မူ​ပါ​စေ​သော​ဟု မှာ​လိုက်​လေ၏။

ယေ​ဖ​သ​က၊ ငါ​နှင့် ငါ၏​လူ​တို့​သည် အ​မ္မုန်​အ​မျိုး​သား​တို့​နှင့် ကြီး​သော​အ​မှု ရှိ​စဉ်​အ​ခါ၊ သင်​တို့​ကို ငါ​ခေါ်​သော်​လည်း၊ သင်​တို့​သည် အ​မ္မုန်​လူ​တို့​လက်​မှ ငါ့​ကို မ​ကယ်​မ​နုတ်​ဘဲ နေ​ကြ၏။

ဂိ​လဒ်​ပြည်​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍ ဧ​ဖ​ရိမ်​အ​မျိုး​ကို တိုက်​ကြ၏။ ဧ​ဖ​ရိမ်​လူ​တို့​က၊ သင်​တို့​သည် ဧ​ဖ​ရိမ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​ထဲ​က ထွက်​ပြေး၍ အ​မျိုး​မ​စစ်​သော​သူ ဖြစ်​သည်​ဟု ဂိ​လဒ်​ပြည်​သား​တို့​ကို ကဲ့​ရဲ့​ဖူး​သော​ကြောင့်၊ ဧ​ဖ​ရိမ်​လူ​တို့​ကို လုပ်​ကြံ​ကြ၏။

ငါ့​အ​ဘ​သည် သင်​တို့​အ​ဖို့ စစ်​တိုက်၍ ကိုယ်​အ​သက်​ကို​စွန့်​စား​လျက်၊ သင်​တို့​ကို မိ​ဒျန်​အ​မျိုး​လက်​မှ ကယ်​နုတ်​လေ​ပြီ။

မိ​မိ​အ​သက်​ကို မ​နှ​မြော​ဘဲ ဖိ​လိ​တ္တိ​လူ​ကို​သတ်၍ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး တစ်​မျိုး​လုံး​အ​ဖို့ ကြီး​စွာ​သော ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို ပြု​တော်​မူ၏။ ကိုယ်​တော်​သည်​မြင်၍ ဝမ်း​မြောက်​ပါ၏။ သို့​ဖြစ်၍ အ​ကြောင်း​မ​ရှိ​ဘဲ ဒါ​ဝိဒ်​ကို​သတ်​သ​ဖြင့် အ​ဘယ်​ကြောင့် အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သက်​ကို သတ်​သော​အ​ပြစ် သင့်​ရောက်​စေ​ချင်​ပါ​သ​နည်း​ဟု အ​ဘ​ရှော​လု​အား​ဆို​သော်၊

ထို​မိန်း​မ​သည်​လာ၍ ရှော​လု အ​လွန်​စိတ်​ညစ်​သည်​ကို မြင်​လျှင်၊ ကိုယ်​တော်​ကျွန်​မ​သည် ကိုယ်​တော်​စ​ကား​ကို နား​ထောင်​ပါ​ပြီ။ ကိုယ်​အ​သက်​ကို မ​နှ​မြော​ဘဲ ကိုယ်​တော်​မိန့်​တော်​မူ​သော စ​ကား​ကို နား​ထောင်​ပါ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ