Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 11:34

Judson Bible

ယေ​ဖ​သ​သည် မိ​ဇ​ပါ​မြို့ မိ​မိ​အိမ်​သို့ ရောက်​လာ​သော​အ​ခါ၊ မိ​မိ​သ​မီး​သည် ပတ်​သာ​တီး​လျက်၊ က​လျက် ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​လာ၏။ သူ​သည် တစ်​ယောက်​တည်း​သော​သ​မီး​ဖြစ်၍၊ သူ​မှ​တစ်​ပါး သား​သ​မီး​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည်​လည်း ပိတ်​သင်​တိုင်း​ကို​ဝတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အား​ထုတ်၍ က​လေ၏။

ပတ်​သာ​တီး​လျက်၊ က​ခုန်​လျက်​နှင့် ချီး​မွမ်း​ကြ​လော့။ ကြိုး​နှင့်​ပြည့်​စုံ​သော တူ​ရိ​ယာ​ကို​တီး​လျက်၊ နှဲ​ခ​ရာ​ကို​မှုတ်​လျက် ချီး​မွမ်း​ကြ​လော့။

ရှေ့၌​ကား၊ သီ​ချင်း​ဆို​သော​သူ၊ နောက်၌​ကား၊ စောင်း​အ​မျိုး​မျိုး​ကို တီး​သော​သူ၊ အ​လယ်၌​ကား၊ ပတ်​သာ​ကို​တီး​သော အ​ပျို​တို့​သည် လိုက်​သွား​ကြ​ပါ၏။

အာ​ရုန်၏​အစ်​မ​ဖြစ်​သော ပ​ရော​ဖက်​မ​မိ​ရိ​အံ​သည် ပတ်​သာ​ကို​ကိုင်၍၊ မိန်း​မ​အ​ပေါင်း​တို့​သည် ပတ်​သာ​တီး​လျက် က​လျက်​လိုက်​သွား​ကြ​၏။

ထို​အ​ခါ သ​မီး​က​ညာ​သည် က​ခုန်​လျက်၊ လူ​ပျို၊ လူ​အို​တို့​နှင့်​တ​ကွ ပျော်​မွေ့​လိမ့်​မည်။ သူ​တို့ ညည်း​တွား​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ကို ငါ​ဖြစ်​စေ​မည်။ သူ​တို့​သည် ဝမ်း​နည်း​ခြင်း​ကို ခံ​ရ​သော​နောက်၊ စိတ်​သက်​သာ၍ ရွှင်​လန်း​မည်​အ​ကြောင်း​ကို ငါ​ပြု​မည်။

အို ဣ​သ​ရေ​လ သ​တို့​သ​မီး​က​ညာ၊ သင့်​ကို​တစ်​ဖန် ငါ​တည်​ဆောက်​သော​ကြောင့်၊ သင်​သည် တည်​ဆောက်​ခြင်း​သို့ ရောက်​လိမ်​မည်။ သင်​သည် တစ်​ဖန်​ပတ်​သာ​နှင့် တန်​ဆာ​ဆင်​လျက်၊ ရွှင်​မြူး​ခြင်း​ကို ပြု​သော​သူ​တို့​နှင့်​အ​တူ က​ခုန်​လျက်​သွား​လိမ့်​မည်။

ကျေး​ဇူး​တော်​ကို ခံ​သော​သ​ဘော၊ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော​သ​ဘော​ကို ဒါ​ဝိဒ်​မင်း​မျိုး၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အ​ပေါ်​သို့ ငါ​သွန်း​လောင်း​သ​ဖြင့်၊ သူ​တို့​သည် မိ​မိ​တို့ ထိုး​ဖောက်​သော ငါ့​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်။ တစ်​ယောက်​တည်း​သော​သား​အ​တွက် အ​ဘ​သည် ငို​ကြွေး​မြည်​တမ်း​သ​ကဲ့​သို့၊ ထို​သူ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ရ​ကြ​လိမ့်​မည်။ သား​ဦး​အ​တွက် အ​ဘ​သည် နာ​ကြည်း​ရ​ကြ​လိမ့်​မည်။

မြို့​တံ​ခါး​အ​နီး​သို့ ရောက်​သော​အ​ခါ၊ မု​ဆိုး​မ၌ တစ်​ယောက်​တည်း​သော သား​အ​သေ​ကောင်​ကို သင်္ဂြိုဟ်​ခြင်း​ငှာ ထုတ်​သွား၍၊ မြို့​သူ​မြို့​သား​များ​တို့​သည် လိုက်​ကြ၏။-

တစ်​ဆယ်​နှစ်​နှစ်​အ​ရွယ်​ရှိ​သော မိ​မိ၌ တစ်​ယောက်​တည်း​သော​သ​မီး​သည် သေ​ဆဲ​ရှိ​သော​ကြောင့်၊ မိ​မိ​အိမ်​သို့ ကြွ​တော်​မူ​မည်​အ​ကြောင်း ကိုယ်​တော်​ကို​တောင်း​ပန်၍ ကြွ​တော်​မူ​စဉ်​တွင် လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​ကို ထိ​ခိုက်​တိုက်​မိ​ကြ၏။-

လူ​အ​စု​အ​ဝေး၌ ပါ​သော​သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်၏​သား​ကို ကြည့်​ရှု​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ အ​ကျွန်ုပ်၌ သား​တစ်​ယောက်​တည်း ရှိ​ပါ၏။-

မိ​ဇ​ပါ​မြို့၊ ခေ​ဖိ​ရ​မြို့၊ မော​ဇ​မြို့၊

အ​မ္မုန်​အ​မျိုး​သား​တို့​သည် စည်း​ဝေး၍ ဂိ​လဒ်​ပြည်၌ တပ်​ချ​ကြ၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် စည်း​ဝေး၍ မိ​ဇ​ပါ​မြို့​မှာ တပ်​ချ​ကြ၏။

ထို​အ​ခါ ယေ​ဖ​သ​သည် ဂိ​လဒ်​ပြည်​သား အ​သက်​ကြီး​သူ​တို့​နှင့်​သွား၍ သူ့​ကို လူ​များ​တို့၏​အထွတ် ဗိုလ်​ချုပ်​မင်း​အ​ရာ၌ ခန့်​ထား​ကြ၏။ ယေ​ဖ​သ​သည်​လည်း ထို​စ​ကား​အ​လုံး​စုံ​တို့​ကို မိ​ဇ​ပါ​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပြန်​ကြား​လျှောက်​ထား၏။

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်၊ ဂိ​လဒ်​ပြည်​သား​တို့​နှင့်​တ​ကွ ထ​လျက်၊ ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် တစ်​ယောက်​သော​သူ​ကဲ့​သို့ မိ​ဇ​ပါ​မြို့၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ စည်း​ဝေး​ကြ၏။

စ​ပျစ်​ဥ​ယျာဉ်​ထဲ​က ထွက်​ပြီး​လျှင်၊ ထို​မြို့​သ​မီး​တို့​ကို အ​သီး​အ​သီး ကိုယ်​မ​ယား​ဖြစ်​စေ​ဖို့ ဖမ်း​ဆီး၍ ဗင်္ယာ​မိန်​ပြည်​သို့ ဆောင်​သွား​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ