Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 11:3

Judson Bible

ထို​အ​ခါ ယေ​ဖ​သ​သည် ညီ​တို့​ဆီ​မှ ထွက်​သွား၍ တော​ဘ​ပြည်၌​နေ​သ​ဖြင့်၊ လျှပ်​ပေါ်​သော သူ​တို့​သည် သူ့​ထံ​မှာ​စည်း​ဝေး၍ သူ့​နောက်၌ လိုက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အ​မ္မုန်​အ​မျိုး​သား​တို့​က၊ ငါ​တို့​သည်​ဒါ​ဝိဒ်​ရှေ့​မှာ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​လိမ့်​မည်​ဟု သိ​လျှင်၊ လူ​တို့​ကို​စေ​လွှတ်၍ ဗက်​ရ​ဟော​ဘ​မြို့​နှင့် ဇော​ဘ​မြို့၌​နေ​သော ရှု​ရိ​လူ​ခြေ​သည် သူ​ရဲ​နှစ်​သောင်း၊ မာ​ခ​မင်း​ကြီး၏ လူ​တစ်​ထောင်၊ တော​ဘ​မြို့​သား တစ်​သောင်း​နှစ်​ထောင်​တို့​ကို ငှား​ကြ၏။

အ​မ္မုန်​အ​မျိုး​သား​တို့​သည် ထွက်၍​မြို့​တံ​ခါး​ဝ​မှာ စစ်​ခင်း​ကျင်း​ကြ၏။ ဇော​ဘ​မြို့၊ ရ​ဟော​ဘ​မြို့၊ တော​ဘ မြို့​မှ​လာ​သော​ရှု​ရိ​လူ​နှင့် မာ​ခါ​မင်း​ကြီး၏​လူ​တို့​သည် လွင်​ပြင်၌ တ​ခြား​စီ​နေ​ကြ၏။

ယု​ဒ​လူ​တို့​သည် ဆိုး​ယုတ်​လျှပ်​ပေါ်​သော သူ​အ​ချို့​တို့​ကို​ခေါ်၍ လူ​များ​ကို စု​ဝေး​စေ​ပြီး​လျှင်၊ မြို့၌ အုတ်​အုတ်​သဲ​သဲ ပြု​ကြ၏။ ယာ​သုန်၏ အိမ်​ကို​ဝိုင်း၍ သူ​တို့​ကို လူ​များ​ရှေ့​သို့​ဆွဲ​ထုတ်​ခြင်း​ငှာ ရှာ​ကြ၏။-

ဂိ​လဒ်၏​မ​ယား ဖွား​မြင်​သော​သား​တို့​သည် ကြီး​သော​အ​ခါ၊ သင်​သည် အ​ခြား​တစ်​ပါး​သော မိန်း​မ၏ သား​ဖြစ်​သော​ကြောင့်၊ ငါ​တို့ အ​ဆွေ​အ​မျိုး​နှင့်​အ​တူ အ​မွေ​မ​ခံ​ရ​ဟု ယေ​ဖ​သ​ကို​ဆို၍ နှင်​ထုတ်​လေ၏။

ငွေ​ခု​နစ်​ဆယ်​ကို ဗာ​လ​ဗေ​ရိတ်​အိမ်​မှ​ထုတ်၍​ပေး​လျှင်၊ အ​ဘိ​မ​လက်​သည် လျှပ်​ပေါ်​သော​သူ​တို့​ကို ထို​ငွေ​နှင့်​ငှား၍ အ​မှု​ကို​ထမ်း​စေ၏။

အ​မှု​ရောက်​သော​သူ၊ ကြွေး​တင်​သော​သူ၊ စိတ်​ညစ်​သော​သူ အ​ပေါင်း​တို့​သည်၊ သူ့​ထံ​မှာ​စု​ဝေး​ကြ၍ လူ​လေး​ရာ​ခန့်​ရှိ​သ​ဖြင့်၊ ဒါ​ဝိဒ်​သည် သူ​တို့​ကို​အုပ်​ရ၏။

မိ​မိ၌​ပါ​သော လူ​ခြောက်​ရာ​နှင့်​တ​ကွ ထ၍ ဂါ​သ​မင်း​မော​ခ​သား အာ​ခိတ်​ထံ​သို့ ကူး​သွား​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ