လာလော့။ ငါ့မုန့်ကိုစားလော့။ ငါဖော်သော စပျစ်ရည်ကို သောက်လော့။
နှိမ့်ချလျက်ရှိသော သူတို့သည် ဝစွာစားရကြလိမ့်မည်။ ထာဝရဘုရားကို ရှာသောသူတို့သည် ချီးမွမ်းကြလိမ့်မည်။ သင်တို့စိတ်နှလုံးသည် အစဉ်အမြဲအားဖြည့်ရလိမ့်မည်။
မြေကြီးပေါ်မှာ ကြွယ်ဝသောသူအပေါင်းတို့သည် စား၍ ကိုးကွယ်ကြလိမ့်မည်။ ကိုယ်အသက်ကို မစောင့်နိုင်။ မြေမှုန့်သို့ဆင်းရသော သူအပေါင်းတို့သည်လည်း၊ ရှေ့တော်၌ ညွှတ်ပျပ်ဝပ်တွား ကြလိမ့်မည်။
ခိုးသောရေသည်ချို၏။ တိတ်ဆိတ်စွာစားသောမုန့်လည်းမြိန်သည်ဟု ဆိုတတ်၏။
သူ၏အကောင်များကို သတ်၍၊ စပျစ်ရည်ကို ဖော်ပြီးမှ စားပွဲကို ခင်းလေပြီ။
ငါနှမ၊ ငါ့ခင်ပွန်း၊ ငါ့ဥယျာဉ်ထဲသို့ ငါဝင်လာပြီ။ ငါ့မုရန်နှင့် နံ့သာမျိုးကို ခံယူပြီ။ ငါ့ပျားရည်နှင့် ပျားလပို့ကို စားရပြီ။ ငါ့နို့နှင့် စပျစ်ရည်ကို သောက်ရပြီ။ ငါ့အဆွေတို့၊ စားကြလော့။ ငါ့မိတ်ဆွေတို့၊ သောက်ကြ။ ဝစွာသောက်ကြလော့။
မုန့်ကိုစား၍ ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကို ရခြင်းငှာ မကြိုးစားကြနှင့်။ လူသားသည် သင်တို့အားပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကို ရခြင်းငှာ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။