သူ၏အကောင်များကို သတ်၍၊ စပျစ်ရည်ကို ဖော်ပြီးမှ စားပွဲကို ခင်းလေပြီ။
သူတို့နှင့်အတူ ဗင်္ယာမိန်ပါလာသည်ကို ယောသပ်မြင်လျှင်၊ ဝန်စာရေးကိုခေါ်၍၊ ဤသူတို့ကိုအိမ်သို့ခေါ်သွားလော့။ အကောင်များကိုသတ်၍ စားစရာကိုပြင်ဆင်လော့။ သူတို့သည် ငါနှင့်အတူမွန်းတည့်စာကို စားရကြလိမ့်မည်ဟု မှာထားသည်အတိုင်း၊
စပျစ်ရည်ကို ကြာမြင့်စွာ သောက်လျက်နေသောသူ၊ ဆေးနှင့်ရောသော စပျစ်ရည်ကို ရှာတတ်သောသူတို့သည် ထိုသို့သော လက္ခဏာရှိကြ၏။
လာလော့။ ငါ့မုန့်ကိုစားလော့။ ငါဖော်သော စပျစ်ရည်ကို သောက်လော့။
ကိုယ်တော်ကို လက်ဆွဲ၍၊ မိခင်၏အိပ်ခန်းထဲသို့ ဆောင်သွားပါလိမ့်မည်။ သူသည်လည်း ကျွန်မကို သွန်သင်သဖြင့်၊ ကျွန်မသည် ဆေးရောသော စပျစ်ရည်နှင့် ကျွန်မသလဲရည်ကို ကိုယ်တော်အား သောက်တော်မူပါစေမည်။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ခဲဖွယ်စားဖွယ်ပွဲ၊ ဟောင်းသော စပျစ်ရည်ပွဲတည်းဟူသော၊ ဆူသောခဲဖွယ်စားဖွယ်၊ ကောင်းမွန်စွာစစ်သော စပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဖို့ ဤတောင်ပေါ်မှာ စီရင်တော်မူလိမ့်မည်။