Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 9:12

Judson Bible

သင်​သည် ပ​ညာ​ရှိ​လျှင်၊ ကိုယ်​တိုင်​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။ မ​ထီ​မဲ့​မြင်ပြု​လျှင် ကိုယ်​တိုင်​သာ​အ​ပြစ်​ကို​ခံ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ငါ​ပြစ်​မှား​ပြီ မှန်​စေ​တော့။ ငါ့​အ​ပြစ်​နှင့် ငါ​သာ​ဆိုင်၏။

ဘု​ရား​သ​ခင်​နှင့် အ​ကျွမ်း​ဝင်၍ မိတ်​သ​ဟာ​ယ​ဖွဲ့​လော့။ ထို​သို့​ပြု​မှ ကောင်း​စား​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။

စိတ်​နှ​လုံး​ဖောက်​ပြန်​သော​သူ​ဖြစ်​စေ၊ သူ​တော်​ကောင်း​ဖြစ်​စေ၊ မိ​မိ​အ​ကျင့်​တို့​နှင့် ဝ​လိမ့်​မည်။

အ​လုပ်​လုပ်​သော​သူ​သည်၊ မိ​မိ​ပါး​စပ်​တောင်း​သော​ကြောင့်၊ မိ​မိ​အ​ဖို့ လုပ်​တတ်၏။

မ​ထီ​မဲ့​မြင်​ပြု​သော​သူ​တို့​အ​ဖို့ အ​ပြစ်​စီ​ရင်​ခြင်း၊ မိုက်​သော​သူ​တို့၏​ကျော​အ​ဖို့ ဒဏ်​ပေး​ခြင်း​သည် အ​သင့်​ရှိ၏။

ယ​ခု​မှာ သင်​တို့​သည် သာ၍​ပြင်း​စွာ​သော ဆုံး​မ​ခြင်း​နှင့် လွတ်​မည်​အ​ကြောင်း၊ နောက်​တစ်​ဖန် ဆဲ​ရေး​ခြင်း​ကို မ​ပြု​ကြ​နှင့်။ ပြည်​တစ်​ပြည်​လုံး၌ အ​နှံ့​အ​ပြား စီ​ရင်​ဆုံး​ဖြတ်​သော သုတ်​သင်​ပယ်​ရှင်း​ခြင်း​ရှိ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ငါ​ကြား​ရ​ပြီ။

ပြစ်​မှား​သော​သူ​သည် အ​သေ​ခံ​ရ​မည်။ သား​သည် အ​ဘ၏​အ​ပြစ်​ကို မ​ခံ​ရ။ အ​ဘ​သည် သား၏​အ​ပြစ်​ကို မ​ခံ​ရ။ တ​ရား​သော​သူ​သည် တ​ရား​စွာ​ပြု​ခြင်း အ​ကျိုး​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် မ​တ​ရား​စွာ​ပြု​ခြင်း အ​ပြစ်​ကို​လည်း​ကောင်း ခံ​ရ​လိမ့်​မည်။

ကျန်​ကြွင်း​သော အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့​သည် တစ်​မျိုး​တ​ခြား​စီ၊ သူ​တို့​မိန်း​မ​များ တစ်​စု​တ​ခြား​စီ ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။

အ​ဘယ်​ကြောင့်​နည်း ဟူ​မူ​ကား၊ လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​ဝန်​ကို ဆောင်​ရွက်​ရ​ကြ​မည်။

ထို​စာ​တို့၌ ခက်​ခဲ​သော အ​ရာ​အ​ချို့​ရှိ၏။ မ​တတ်​သော​သူ၊ တည်​ကြည်​ခြင်း​မ​ရှိ​သော သူ​တို့​သည်၊ ထို​အ​ရာ​မှ​စ၍ ကြွင်း​သော​ကျမ်း​စာ၏ အ​နက်​ကို မှောက်​လှန်၍၊ ကိုယ်​ကို​ကိုယ် ဖျက်​ဆီး​တတ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ