Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 9:10

Judson Bible

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​မူ​လ​အ​မြစ်​ဖြစ်၏။ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​ကို သိ​ကျွမ်း​သော​သ​ဘော​သည် ဉာဏ်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ငါ့​သား​ရှော​လ​မုန်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​ကို သိ​လော့။ စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော​စိတ်​သ​ဘော​နှင့် ဝတ်​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော စိတ်​နှ​လုံး​တို့​ကို​စစ်၍ အ​ကြံ​အ​စည်​ရှိ​လေ​သ​မျှ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ ကိုယ်​တော်​ကို​စွန့်​လျှင် သင့်​ကို အ​စဉ်​အ​မြဲ စွန့်​တော်​မူ​မည်။

လူ​တို့​အား​လည်း ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သည် ပ​ညာ​ဖြစ်​ကြောင်း​နှင့်၊ ဒု​စ​ရိုက်​ကို​ရှောင်​ခြင်း​သည် ဉာဏ်​ဖြစ်​ကြောင်း​ကို မိန့်​တော်​မူ​ပြီ​ဟု မြွက်​ဆို၏။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​အ​ချုပ်​အ​ခြာ​ဖြစ်၏။ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​သ​မျှ​သော​သူ​တို့​သည် ကောင်း​သော​ဉာဏ်​ရှိ​ကြ၏။ ဂုဏ်​အ​သ​ရေ​တော်​သည် အ​စဉ်​အ​မြဲ တည်​သ​တည်း။

ကောင်း​မွန်​သော​အ​ရာ​ကို တွေ့​မြင်​မည်​အ​ကြောင်း၊ အ​သက်​ရှင်​ခြင်း​နှင့်​တ​ကွ နေ့​ရက်​ကာ​လ​ကို တောင့်​တ​လို​ချင်​သော​သူ မည်​သည်​ကား၊

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​အ​ချုပ်​အ​ခြာ​ဖြစ်၏။ လူ​မိုက်​တို့​သည် ပ​ညာ​နှင့် ဥ​ပ​ဒေ​သ​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​သော​သ​ဘော၌ ကျင်​လည်၍၊ ဘု​ရား​သ​ခင်​ကို သိ​သော​ဉာဏ်​နှင့် ပြည့်​စုံ​လိမ့်​မည်။

ပ​ညာ​တ​ရား​ကို မ​သင်၊ သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​လေ့​ကျက်။

အ​ချုပ်​အ​ခြာ​စ​ကား​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍၊ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လော့။ ဤ​ရွေ့​ကား၊ လူ​နှင့်​ဆိုင်​သော အ​မှု​အ​ရာ​အ​လုံး​အ​စုံ​တို့​ကို ချုပ်​ခြာ​သ​တည်း။

ငါ၏​ခ​မည်း​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ၌​အပ်​ပေး​တော်​မူ​ပြီ။ ခ​မည်း​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ သား​တော်​ကို​မ​သိ။ သား​တော်​နှင့် သား​တော်​သည် လင်း​စေ​လို​သော သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ကို​မ​သိ။-

ထာ​ဝ​ရ​အ​သက်​ဟူ​မူ​ကား၊ မှန်​သော​ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ဖြစ်​တော်​မူ​သော ကိုယ်​တော်​ကို​လည်း​ကောင်း၊ စေ​လွှတ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို​လည်း​ကောင်း၊ သိ​ကျွမ်း​ခြင်း​တည်း။-

ဘု​ရား​သ​ခင်၏​သား​တော်​သည် ကြွ​လာ၍၊ မှန်​သော​ဘု​ရား​သ​ခင်​ကို သိ​သော​ဉာဏ်​ကို ငါ​တို့​အား ပေး​တော်​မူ​သည်​ကို​လည်း ငါ​တို့​သိ​ကြ၏။ မှန်​သော​ဘု​ရား​သ​ခင်၌​လည်း​ကောင်း၊ သား​တော်​ယေ​ရှု​ခ​ရစ်၌​လည်း​ကောင်း ငါ​တို့​သည် တည်​လျက်​ရှိ​ကြ၏။ ထို​သူ​သည်​မှန်​သော ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​အ​သက်​လည်း ဖြစ်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ