Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 8:5

Judson Bible

ဉာဏ်​တိမ်​သော​သူ​တို့၊ ပ​ညာ​တ​ရား​ကို နား​လည်​ကြ​လော့။ လူ​မိုက်​တို့၊ ထိုး​ထွင်း​သော​ဉာဏ်​ရှိ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​သည် စုံ​လင်​သည်​ဖြစ်၍ စိတ်​ဝိ​ညာဉ်​ကို ပြု​ပြင်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ သက်​သေ​ခံ​တော်​မူ​ချက်​သည် ဟုတ်​မှန်​သည်​ဖြစ်၍ မ​လိ​မ္မာ​သော​သူ​တို့​ကို လိ​မ္မာ​စေ​တတ်၏။

တိ​ရ​စ္ဆာန်​သ​ဘော​ရှိ​သော​သူ​တို့၊ နား​လည်​ကြ​လော့။ လူ​မိုက်​တို့၊ အ​ဘယ်​ကာ​လ​မှ ပ​ညာ​သ​တိ​ကို ရ​ကြ​လိမ့်​မည်​နည်း။

အို​လူ​မိုက်​တို့၊ သင်​တို့​သည် မိုက်​သော​အ​ကျင့်​ကို နှစ်​သက်​လျက်၊ ကဲ့​ရဲ့​သော​သူ​တို့​သည် ကဲ့​ရဲ့​ခြင်း၌​မွေ့​လျော်​လျက်၊ မိုက်​မဲ​သော​သူ​တို့​သည် ပ​ညာ​အ​တတ်​ကို​မုန်း​လျက်၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ကြ​လိမ့်​မည်​နည်း။

ဉာဏ်​တိမ်​သော​သူ​တို့​သည် လမ်း​လွဲ​သ​ဖြင့် အ​သက်​ဆုံး​တတ်​ကြ၏။ မိုက်​သော​သူ​တို့​သည် သ​တိ​လစ်​သော​အား​ဖြင့် ပျက်​စီး​ခြင်း​သို့​ရောက်​တတ်​ကြ၏။

ပ​ညာ​ရှိ​သော​သူ​တို့​သည် ဘုန်း​အ​သ​ရေ​ကို​အ​မွေ​ခံ​ရ၍၊ မိုက်​သော​သူ​တို့​မူ​ကား၊ အ​ရှက်​ကွဲ​ခြင်း​ကို ထမ်း​သွား​ရ​ကြ​လိမ့်​မည်။

ငါ့​ဉာဏ်​ပ​ညာ​သည် သ​မ္မာ​သ​တိ​နှင့်​ပေါင်း၍၊ လိ​မ္မာ​သော သိ​ပ္ပံ​အ​တတ်​များ​ကို​ဖော်​တတ်၏။

အ​ချင်း​လူ​တို့၊ သင်​တို့​အား ငါ​ခေါ်၏။ လူ​သား​တို့​အား အ​သံ​ကို​ငါ​လွှင့်၏။

ဉာဏ်​တိမ်​သော​သူ​သည် ဤ​အ​ရပ်​သို့​ဝင်​စေ။ အို ပ​ညာ​မ​ရှိ​သော​သူ၊

ထာ​ဝ​ရ​ဘု​ရား​သည် သူ​ရဲ​ကဲ့​သို့ ထွက်​ကြွ၍၊ စစ်​သူ​ရဲ​ကဲ့​သို့ ကိုယ်​စိတ်​ကို ကိုယ်​နှိုး​ဆော်​တော်​မူ​လိမ့်​မည်။ အော်​ဟစ်​ကြွေး​ကြော်၍ ရန်​သူ​တို့​တစ်​ဖက်၌ အား​ထုတ်​တော်​မူ​လိမ့်​မည်။

သင်​သည် ယ​ခု​မြင်​ရ​သော​အ​ကြောင်း​အ​ရာ​တို့​နှင့်၊ နောက်​မှ ငါ​သည်​သင့်​အား ထင်​ရှား​လ​တ္တံ့​သော အ​ကြောင်း​အ​ရာ​တို့​မှာ၊ အ​မှု​ဆောင်​ရွက်​သော​သူ၊ သက်​သေ​ခံ​သော​သူ​အ​ရာ၌ သင့်​ကို​ခန့်​ထား​စေ​ခြင်း​ငှာ ငါ​သည်​သင့်​အား ထင်​ရှား၏။ တစ်​ပါး​အ​မျိုး​သား​တို့​သည် မှောင်​မိုက်​မှ အ​လင်း​သို့ ကူး​မြောက်၍၊ စာ​တန်၏​အာ​ဏာ​ထဲ​မှ ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ပြောင်း​လဲ​သော​အား​ဖြင့် အ​ပြစ်​လွှတ်​ခြင်း ကျေး​ဇူး​ကို ခံ​ရ​မည်​အ​ကြောင်း​နှင့်၊ ငါ့​ကို​ယုံ​ကြည်​သော​အား​ဖြင့် သန့်​ရှင်း​ခြင်း​သို့ ရောက်​သော​သူ​တို့​နှင့် ဆက်​ဆံ၍ အ​မွေ​ခံ​ရ​မည်​အ​ကြောင်း၊ သူ​တို့၏​မျက်​စိ​ကို ဖွင့်​စေ​ခြင်း​ငှာ သူ​တို့​ဆီ​သို့ သင့်​ကို ငါ​စေ​လွှတ်​မည်​ဟု မိန့်​တော်​မူ၏။

မြတ်​သော​သူ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ လော​ကီ​အ​ရာ၌ ဆင်း​ရဲ​သော​သူ၊ မ​ရေ​ရာ​သော​သူ၊ ယုတ်​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ