Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 8:34

Judson Bible

ငါ့​စ​ကား​ကို​ကြား၍ ငါ့​တံ​ခါး​နား​မှာ နေ့​တိုင်း​စောင့်​လျက်၊ တံ​ခါး​တိုင်​နား​မှ​မျှော်​လင့်​လျက်​နေ​သော သူ​သည် မင်္ဂ​လာ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ရှေ့​တော်၌​အ​စဉ်​နေ၍ ပ​ညာ​တော်​ကို​ကြား​ရ​သော ကိုယ်​တော်၏​လူ၊ ကိုယ်​တော်၏​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား၏​တင့်​တယ်​ခြင်း အ​သ​ရေ​တော်​ကို ဖူး​မြင်၍၊ ဗိ​မာန်​တော်၌​မွေ့​လျော်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​မှာ တစ်​သက်​လုံး​နေ​ရ​မည်​အ​ကြောင်း​တည်း​ဟူ​သော အ​ခွင့်​တစ်​ခု​ကို ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဆု​တောင်း​ပြီ။ ထို​အ​ခွင့်​ကို ရှာ​ရ​ဦး​မည်။

တံ​တိုင်း​တော်​တို့​အ​တွင်း၌ နေ​သော​တစ်​ရက်​သည် အ​ခြား​အ​ရပ်၌​နေ​သော အ​ရက်​တစ်​ထောင်​ထက် သာ၍​ကောင်း​ပါ၏။ မ​တ​ရား​သော​သူ၏​နေ​ရာ၌ နေ​ရ​သော​အ​ခွင့်​ထက်၊ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင့်​အိမ်​တော်၌ တံ​ခါး​စောင့်​အ​ရာ​ကို အ​ကျွန်ုပ်​သာ၍ နှစ်​သက်​ပါ၏။

ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ စိုက်​ပျိုး​သော​သူ​တို့​သည် ငါ​တို့​ဘု​ရား​သ​ခင်၏ တံ​တိုင်း​တော်​တွင် ပွင့်​လန်း​ကြ​လိမ့်​မည်။

သိုး​သ​ငယ်၏​အ​သား​ကို စား​ရ​သော​အိမ်​၏ တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​ဖက်၌၊ သိုး​သ​ငယ်၏​အ​သွေး​ကို​ယူ​၍ ထိုး​ရ​မည်။

လူ​စည်း​ဝေး​ရာ အ​ဦး၌​လည်း​ကောင်း၊ မြို့​တံ​ခါး​ဝ​တို့၌​လည်း​ကောင်း၊ မြို့​ထဲ၌​လည်း​ကောင်း​ခေါ်၍ မြွက်​ဆို​သော​စ​ကား​ဟူ​မူ​ကား၊

ဉာဏ်​ပ​ညာ​ကို ရှာ၍​ရ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

ပ​ညာ​ကို ကိုင်​ဆွဲ​သော​သူ​သည် အ​သက်​ပင်​ကို​ရ​ပြီ။ လက်​မ​လွှတ်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

အ​ကြင်​သူ​သည် ငါ​ဟော​ပြော​သော ဤ​စ​ကား​ကို ကြား၍​နား​ထောင်၏။ ထို​သူ​သည် ကျောက်​ပေါ်​မှာ အိမ်​ဆောက်​သော ပ​ညာ​ရှိ​နှင့် တူ​ကြောင်း​ကို ငါ​ပုံ​ပြ​မည်။-

ထို​သူ​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​တော် အ​မျိုး​မျိုး​တို့​ကို ကျင့်​ဆောင်၍ အ​ပြစ်​တင်​ခွင့်​နှင့်​လွတ်​သ​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ ရှိ​ကြ၏။-

ထို​မိန်း​မ၌ မာ​ရိ​အ​မည်​ရှိ​သော ညီ​မ​တစ်​ယောက်​ရှိ၏။ ထို​မာ​ရိ​သည် ယေ​ရှု၏​ခြေ​တော်​ရင်း၌ ထိုင်၍ စ​ကား​တော်​ကို နား​ထောင်​လျက်​နေ၏။-

ကိုယ်​တော်​က၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို နာ၍ ကျင့်​စောင့်​သော​သူ​သည် မြတ်​စွာ​သော မင်္ဂ​လာ​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

ထို​သူ​များ​သည် တ​မန်​တော်​တို့၏ ဆုံး​မ​ဩ​ဝါ​ဒ​ကို​ခံ​ခြင်း၊ အ​ပေါင်း​အ​သင်း​ဖွဲ့​ခြင်း၊ မုန့်​ကို​ဖဲ့​ခြင်း၊ ပ​တ္ထ​နာ​ပြု​ခြင်း​တို့​ကို အ​မြဲ​ဆောင်​ရွက်၍ နေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ