သမုဒ္ဒရာ၌ ကန့်ကွက်သော အပိုင်းအခြားကို ရေမလွှမ်းရမည်အကြောင်း စီရင်သောအမှု၊ မြေကြီးတိုက်မြစ်တည်သော အမှုတို့ကိုပြီးစီးစေတော်မူသောအခါ၊
အလင်းနှင့်အမိုက်ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။
မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာ၊ တည်တော်မူသောဘုရားပေတည်း။
ရေတို့သည် ပြန်လာ၍ မြေကြီးကို မလွှမ်းမိုးစေခြင်းငှာ၊ မကျော်ရသောနယ်စပ်ကို ပိုင်းခြားတော်မူ၏။
ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ပညာတရားအတိုင်း ကောင်းကင်ကို ဖန်ဆင်းတော်မူထသော၊
သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏။ နက်နဲသောသမုဒ္ဒရာကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော်မူ၏။
ထာဝရဘုရားသည် ပညာတော်အားဖြင့် မြေကြီးကိုတည်၍၊ ဉာဏ်တော်အားဖြင့် မိုးကောင်းကင်ကို ပြင်ဆင်တော်မူပြီ။
အထက်မိုးတိမ်ကို တည်စေသောအမှု၊ နက်နဲသောအရပ်၌ စမ်းရေပေါက်တို့ကို ခိုင်ခံ့စေသောအမှု၊
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပင်လယ်မလွန်နိုင်အောင် ဆီးတားဖို့ရာ သဲကို ထာဝရအပိုင်းအခြားခန့်ထားသောငါကို သင်တို့သည် မကြောက်ကြသလော။ ငါ၏ရှေ့တော်၌ မတုန်လှုပ်ကြသလော။ ပင်လယ်လှိုင်းတံပိုးတို့သည် ထ၍မနိုင်၊ ဟုန်း၍ မကျော်မလွန်နိုင်သော်လည်း၊
ပိလတ်မင်းက၊ ငါရေးပြီးသောအရာကို ငါရေးပြီဟု ပြန်ဆို၏။