Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 8:21

Judson Bible

ငါ့​ကို​ချစ်​သော​သူ​တို့​သည် အ​မွေ​ခံ​ရ​သော အ​ခွင့်​နှင့်၊ သူ​တို့​ဘ​ဏ္ဍာ​တိုက် ပြည့်​ဝ​စေ​သော အ​ခွင့်​ကို ငါ​ပေး​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ကို​စေ​ခိုင်း​သော​လူ​မျိုး​ကို​လည်း ငါ​စီ​ရင်​မည်။ ထို​နောက်​မှ၊ သူ​တို့​သည် များ​စွာ​သော​ဥ​စ္စာ​နှင့် ထွက်​ကြ​လိမ့်​မည်။

အ​သက်​ရှင်​ခြင်း​လမ်း​ကို ပြ​ညွှန်​တော်​မူ​လိမ့်​မည်။ အ​ထံ​တော်၌ စုံ​လင်​သော​ဝမ်း​မြောက်​ခြင်း​အ​ခွင့်​နှင့် လက်​ယာ​တော်​နား​မှာ အ​စဉ်​အ​မြဲ​ပျော်​မွေ့​ခြင်း​အ​ခွင့်​ရှိ​ပါ၏။

အ​ဖိုး​ထိုက်​သော ဘ​ဏ္ဍာ​အ​မျိုး​မျိုး​ကို​တွေ့၍ လု​ယူ​သော​ဥ​စ္စာ​နှင့် ငါ​တို့​အိမ်​ကို​ပြည့်​စေ​ကြ​မည်။

ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ချီး​မင်္ဂ​လာ​သည် စည်း​စိမ်​ကို ဖြစ်​စေ​တတ်၏။ ထို​စည်း​စိမ်​နှင့်​လည်း၊ ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ရော​နှော​တော်​မ​မူ။

ဖြောင့်​မတ်​သော​သူ၏​အိမ်၌ များ​စွာ​သော စည်း​စိမ်​ရှိ၏။ မ​တ​ရား​သော​သူ​ခံ​ရ​သော​အ​ခွန်​မူ​ကား၊ များ​စွာ​သော နှောင့်​ယှက်​ခြင်း​နှင့်​ယှဉ်၏။

ပ​ညာ​ရှိ​သော​သူ၏​အိမ်၌ နှစ်​သက်​ဖွယ်​သော​ဘ​ဏ္ဍာ​နှင့် ဆီ​ရှိ​တတ်၏။ မိုက်​သော​သူ​မူ​ကား၊ ကုန်​စေ​တတ်၏။

ပ​ညာ​အ​တတ်​အား​ဖြင့် အ​ခန်း​များ​တို့​သည် အ​ဖိုး​ထိုက်၍၊ နှစ်​သက်​ဖွယ်​သော ဥ​စ္စာ​အ​ပေါင်း​တို့​နှင့် ပြည့်​ရ​ကြ၏။

တွေ့​မိ​လျှင် ခု​နစ်​ဆ​ပြန်​ပေး​ရ​မည်။ ကိုယ်​အိမ်၌ ရှိ​သ​မျှ​သော ဥ​စ္စာ​တို့​ကို လျော်​ရ​မည်။

ငါ၌​စည်း​စိမ်​နှင့် ဂုဏ်​အ​သ​ရေ​ရှိ၏။ မြဲ​သော​စည်း​စိမ်​နှင့် ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​ရှိ၏။

ငါ​သည် ဖြောင့်​မတ်​ခြင်း​လမ်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​လမ်း​အ​လယ်၌ လျှောက်​သွား​သည်​ဖြစ်၍၊

ထို​သူ​တို့​သည် ထာ​ဝ​ရ​အ​ပြစ်​ဒဏ် ခံ​ရာ​သို့​လည်း​ကောင်း၊ ဖြောင့်​မတ်​သော သူ​တို့​မူ​ကား၊ ထာ​ဝ​ရ​အ​သက်​ရှင်​ရာ​သို့​လည်း​ကောင်း သွား​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

သား​မှန်​လျှင် အ​မွေ​ခံ၊ ဘု​ရား​သ​ခင်၏ အ​မွေ​ခံ​ဖြစ်​ကြ၏။ ခ​ရစ်​တော်​နှင့်​အ​တူ ဘုန်း​ဝင်​စား​မည်​အ​ကြောင်း၊ ထို​သ​ခင်​နှင့်​အ​တူ ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​ရ​လျှင်၊ ထို​သ​ခင်​နှင့်​ဆက်​ဆံ​သော အ​မွေ​ခံ​လည်း ဖြစ်​ကြ၏။-

ထို​အ​ခါ သင်​တို့​သည် အ​ကျဉ်း​ခံ​ရ​သော သူ​တို့​အ​တွက်​ကြောင့် ကြင်​နာ​သော​စိတ် ရှိ​ရ​သည်​သာ​မ​က၊ ကိုယ်​ပ​စ္စည်း​ဥ​စ္စာ​များ​ကို သူ​တစ်​ပါး​လု​ယူ​ဖျက်​ဆီး​သော်​လည်း၊ ကိုယ်​သုံး​စ​ရာ​ဖို့ ကောင်း​ကင်​ဘုံ၌ သာ၍​မြတ်​သော အ​မြဲ​တည်​သော ဘ​ဏ္ဍာ​ရှိ​သည်​ကို​သိ၍၊ လု​ယူ​ဖျက်​ဆီး​ခြင်း​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် ဝန်​ခံ​ကြ၏။-

ထို​အ​မွေ​တော်​သည်​ကား၊ နောက်​ဆုံး​သော​ကာ​လ၌ ထင်​ရှား​စေ​ခြင်း​ငှာ ပြင်​ဆင်​သော ကယ်​တင်​ခြင်း​သို့ ရောက်​စေ​မည်​အ​ကြောင်း၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​သည် စောင့်​ရှောက်​တော်​မူ​သော သင်​တို့​အ​ဖို့ ကောင်း​ကင်​ဘုံ၌ သို​ထား​လျက်​ရှိ​သော အ​မွေ​တည်း။-

အောင်​မြင်​သော​သူ​သည် ဤ​အ​ရာ​တို့​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။ ငါ​သည် သူ၏ ဘု​ရား​သ​ခင် ဖြစ်​မည်။ သူ​သည်​လည်း ငါ၏​သား​ဖြစ်​လိမ့်​မည်။-

ဆင်း​ရဲ​သော​သူ​ကို မြေ​မှုန့်​ထဲ​က​လည်း​ကောင်း၊ ငတ်​မွတ်​သော​သူ​ကို နောက်​ချေး​ပုံ​ထဲ​က​လည်း​ကောင်း ချီး​မြှောက်၍၊ မင်း​သား​တို့​နှင့် ထိုင်​ရ​သော​အ​ခွင့်၊ ဘုန်း​ကြီး​သော​ပ​လ္လင်​ကို အ​မွေ​ခံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​တိုင်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ပိုင်၍ ထို​တိုင်​တို့​အ​ပေါ်​မှာ လော​က​ဓာတ်​ကို တည်​တော်​မူ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ