ချစ်ဖွယ်သော စကားနှင့် ထိုသူကို သွေးဆောင်၍ ချော့မော့တတ်သော နှုတ်ခမ်းနှင့် နိုင်သဖြင့်၊
တစ်နေ့သ၌ ဧလိရှဲသည် ရှုနင်မြို့သို့သွားရာတွင်၊ ထိုမြို့၌ ထင်ရှားသောမိန်းမတစ်ယောက်သည် ဧလိရှဲကို ကျွေးခြင်းငှာ ခေါ်ပင့်လေ၏။ နောက်မှ ထိုလမ်းသို့သွားသောအခါခါ၊ ကျွေးခြင်းကိုခံအံ့သောငှာ ထိုအိမ်သို့ဝင်တတ်၏။
ထိုသို့ လေးကြိမ်တိုင်အောင် မှာလိုက်၍၊ ငါသည်လည်း ယခင်ကဲ့သို့ ပြန်ပြော၏။
အိမ်နီးချင်းတို့သည် တစ်ဦးကိုတစ်ဦး မုသားသုံး၍ ချော့မော့သောနှုတ်ခမ်း၊ နှစ်ခွသောစိတ်နှင့် ပြောတတ်ကြပါ၏။
အကြောင်းမူကား၊ အမျိုးပျက်သောမိန်းမ၏နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ ယိုတတ်၍၊ သူပြောသောစကားသည် ဆီထက်ချောသော်လည်း၊
ဆိုးသော မိန်းမနှင့်လည်းကောင်း၊ အမျိုးပျက်သောမိန်းမ ချော့မော့တတ်သောနှုတ်နှင့်လည်းကောင်း လွတ်စေခြင်းငှာ၊ သင့်ကိုစောင့်ဖို့ရာ ဖြစ်သတည်း။
နွားသည် အသေခံရာသို့လိုက်သကဲ့သို့လည်းကောင်း၊ သမင်ဒရယ်သည် မိမိအသည်း၌ မြားမထိုးမီတိုင်အောင်၊ ဖမ်းမိရာထဲသို့ ဝင်သကဲ့သို့လည်းကောင်း၊
သို့ပြုလျှင် သူတို့သည် အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့် ချော့မော့တတ်သော ပြည့်တန်ဆာမိန်းမလက်မှ သင့်ကို ကယ်တင်ကြလိမ့်မည်။
သခင်က၊ မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့။ ငါ့အိမ်ကို ပြည့်စေခြင်းငှာ အနိုင်အထက် ခေါ်သွင်းလော့။-
ထိုသူတို့က အကျွန်ုပ်တို့နှင့်အတူဝင်၍ နေပါ။ ညဉ့်ဦးယံအချိန် ရှိပြီ။ မိုးလည်းချုပ်ပါသည်ဟူ၍ ကိုယ်တော်ကို ကျပ်ကျပ်သွေးဆောင်ကြ၏။ ထိုကြောင့် သူတို့နှင့်အတူနေခြင်းငှာ ဝင်တော်မူ၏။-
ထိုမိန်းမသည် အိမ်သူအိမ်သားတို့နှင့်တကွ ဗတ္တိဇံကိုခံပြီးမှ၊ ကျွန်မသည် သခင်ဘုရား၌ အမှန်ယုံကြည်သည်ကို သင်တို့သည် ထင်မှတ်လျှင်၊ ကျွန်မအိမ်သို့ ဝင်၍နေကြပါဟု တောင်းပန်လျက် ငါတို့ကို အနိုင်သွေးဆောင်လေ၏။
အကြောင်းမူကား၊ တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက်ကြောင့် အသေခံသည်မှန်လျှင်၊-
ပွဲခံရာခုနစ်ရက်စေ့အောင် လင်ရှေ့မှာ ငိုကြွေး၍ ခုနစ်ရက်မြောက်သောနေ့၌ အလွန်ပူဆာသောကြောင့် အနက်ကိုဖော်ပြ၏။ မိန်းမသည်လည်း အမျိုးသားချင်းတို့အား ပြန်ပြောလေ၏။
ရှောလုက ငါမစားဟု ငြင်းပယ်လေ၏။ သို့ရာတွင် ကျွန်တို့သည် မိန်းမနှင့်ဝိုင်း၍ အနိုင်ပြုကြသဖြင့်၊ ရှောလုသည် သူတို့စကားကို နားထောင်၍ မြေပေါ်ကထပြီးလျှင် ခုတင်ပေါ်မှာ ထိုင်လေ၏။