Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 7:10

Judson Bible

ပြည့်​တန်​ဆာ​အ​ဝတ်​ကို​ဝတ်၍၊ ဆန်း​ပြား​သော မိန်း​မ​သည် ထို​သူ​ကို ကြို​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

မြွေ​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သော မြေ​တိ​ရ​စ္ဆာန်​တ​ကာ​တို့​ထက် လိ​မ္မာ​သည်​ဖြစ်​၍၊ မိန်း​မ​အား၊ သင်​တို့​သည် ဥ​ယျာဉ်၌​ရှိ​သ​မျှ​သော​အ​ပင်​တို့၏​အ​သီး​ကို​မ​စား​ရ​ဟု ဧ​ကန်​စင်​စစ် ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သ​လော​ဟု မေး၏။

ယော​ရံ​သည် ယေ​ဟု​ကို​မြင်​လျှင်၊ ယေ​ဟု ငြိမ်​သက်​ခြင်း​ရှိ​သ​လော​ဟု မေး​သော်၊ ယေ​ဟု​က၊ သင့်​အ​မိ​ယေ​ဇ​ဗေ​လ​ပြု​သော အ​ဓ​မ္မ​မေ​ထုန်​အ​မှု၊ ပြု​စား​သော​အ​မှု များ​သော​ကာ​လ​အ​တွင်း​တွင်၊ အ​ဘယ်​သို့​သော ငြိမ်​သက်​ခြင်း​ရှိ​လိမ့်​မည်​နည်း​ဟု ပြန်​ပြော​သော်၊

ယေ​ဟု​သည် ယေ​ဇ​ရေ​လ​မြို့​သို့​ရောက်​သည်​ကို ယေ​ဇ​ဗေ​လ​သည် ကြား​လျှင်၊ မျက်​ခမ်း​တို့​ကို ဆေး​သုတ်၍ ဆံ​ပင်​ကို​တန်​ဆာ​ဆင်​ပြီး​မှ၊ ပြတင်း​ပေါက်​ဝ၌ ကြည့်​ရှု​လျက်​နေ၏။

သူ​သည် ဓား​ပြ​ကဲ့​သို့​ချောင်း​ကြည့်​တတ်၏။ လွန်​ကျူး​သော ယောက်ျား​များ​ပြား​စေ​ခြင်း​ငှာ ပြု​တတ်၏။

အ​ဘယ်​သူ​မျှ မ​အောက်​မေ့​သော ပြည့်​တန်​ဆာ​မိန်း​မ၊ စောင်း​ကို​ကိုင်၍ မြို့​တွင်​လှည့်​လည်​လော့။ သူ​တစ်​ပါး​တို့​သည် သင့်​ကို သ​တိ​ရ​စေ​ခြင်း​ငှာ၊ သာ​ယာ​သော​အ​သံ​နှင့် တီး၍၊ သီ​ချင်း​ကို များ​စွာ​ဆို​လော့။

သင်​သည် ပျက်​စီး​ခြင်း​သို့​ရောက်​သော​အ​ခါ အ​ဘယ်​သို့ ပြု​လိမ့်​မည်​နည်း။ နီ​မောင်း​သော​အ​ဝတ်​ကို ဝတ်​သော်​လည်း​ကောင်း၊ ရွှေ​တန်​ဆာ​ကို ဆင်​သော်​လည်း​ကောင်း၊ သင်၏​မျက်​နှာ​စုတ်​ပဲ့​သည်​တိုင်​အောင် ဆေး​သုတ်​သော်​လည်း​ကောင်း၊ သင်၏​တင့်​တယ်​ခြင်း​ကို အ​ချည်း​နှီး​ပြ၏။ သင်၏​ရည်း​စား​တို့​သည် သင့်​ကို​စွန့်၍၊ သင်၏​အ​သက်​ကို သတ်​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။

ထို​နည်း​တူ၊ မိန်း​မ​တို့​သည် ကျစ်​သော​ဆံ​ပင်၊ ရွှေ​တန်​ဆာ၊ ကျောက်​ပု​လဲ​အ​ဖိုး​ထိုက်​သော​အ​ဝတ်​နှင့် ကိုယ်​ကို မ​ဆင်​ဘဲ၊ ရှက်​ကြောက်​ခြင်း၊ ဣ​န္ဒြေ​စောင့်​ခြင်း​အား​ဖြင့်၊ လျောက်​ပတ်​သော အ​ဝတ်​နှင့်​လည်း​ကောင်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ