နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏။
အသီးသီးသောအချိန်၌ သိမ်းယူသောသူသည် ပညာရှိသောသားဖြစ်၏။ စပါးရိတ်ရာကာလ၌ အိပ်တတ်သောသူမူကား၊ အရှက်ခွဲတတ်သောသားဖြစ်၏။
သင်စားစရာဖို့၊ အိမ်သူအိမ်သားစားစရာဖို့၊ ကျွန်မိန်းမများကို ကျွေးစရာဖို့ ဆိတ်နို့လောက်လိမ့်မည်။
ခွန်အားမရှိသော အမျိုးဖြစ်သော်လည်း၊ နွေကာလ၌ မိမိစားစရာကို ပြင်ဆင်တတ်သော ပုရွက်ဆိတ်တစ်ပါး၊
အိုလူပျင်း၊ သင်သည် အဘယ်မျှကာလပတ်လုံးအိပ်လျက် နေလိမ့်မည်နည်း။ အဘယ်သောအခါ နိုးလိမ့်မည်နည်း။
မှန်သောအသက်ကို ဝင်စားလိုသောငှာ၊ နောင်ဘဝ၌ ကောင်းသောဘဏ္ဍာကို မိမိတို့အဖို့ ဆည်းပူးခြင်းတို့ကို ပြုရမည်အကြောင်း ပညတ်ထားလော့။