ငါ့သား၊ အဘ၏ပညတ်စကားကို နားထောင်လော့။ အမိပေးသော တရားကို မပယ်နှင့်။
သင့်ကို ဖြစ်ဖွားစေသောအဘ၏စကားကို နားထောင်လော့။ အသက်ကြီးသော အမိကို မထီမဲ့မြင်မပြုနှင့်။
အဘကိုကျိန်ဆဲ၍ အမိကိုလည်း ကောင်းချီးမပေးတတ်သော လူတစ်မျိုး၊
ငါ့သား၊ သင်သည် သမ္မာသတိရှိ၍၊ သင့်၏နှုတ်ခမ်းသည် သိပ္ပံအတတ်ကို စောင့်မည်အကြောင်း၊ ငါ့ပညာကို မှတ်ကျုံး၍၊ ငါပေးသောဉာဏ်သို့ သင့်နားကိုလှည့်လော့။
သူ၏ခြေတို့သည် သေခြင်းသို့ဆင်း၍၊ သူသွားရာလမ်းသည် မရဏနိုင်ငံသို့ ရောက်တတ်၏။
ဉာဏ်တိမ်သော အမျိုးသားချင်းစုကို ငါကြည့်ရှုစဉ်တွင်၊ ဉာဏ်မရှိသော လူပျိုတစ်ယောက်သည်၊
ထိုကြောင့်၊ အကျွန်ုပ်တို့သည် မယားသားသမီးနှင့်တကွ တစ်သက်လုံး စပျစ်ရည်ကိုမသောက်။
သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကား ကိုနားထောင်ခြင်းအမှုသည် တရားသောအမှု ဖြစ်၏။-
အဘ၌ ဆိုးသောသား၊ ခက်ထန်သောသဘောရှိ၍ မိဘစကားကို နားမထောင်သောသား၊ မိဘတို့ဆုံးမသော်လည်း ဆုံးမခြင်းကို မခံသောသားရှိလျှင်၊
မိဘကို မထီမဲ့မြင်ပြုသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။