မျက်တောင်ခတ်လျက်၊ ခြေဖြင့် အမှတ်ပေးလျက်၊ လက်ချောင်းတို့ဖြင့် သွန်သင်လျက် ပြုတတ်၏။
ကိုယ်အလိုသို့လိုက်၍ အဘယ်ကြောင့် လွှဲသွားသနည်း။ အဘယ်ကြောင့် မျက်စောင်းထိုးသနည်း။
အဓမ္မအမှုအရာကို မျက်မှောက်မပြုပါ။ လမ်းလွှဲသောသူ၏အမှုကို ရွံရှာသည်ဖြစ်၍၊ ငါ၌ မမှီမကပ်ရ။
မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြုသော သူတို့သည် အောင်ပွဲကို မခံကြပါစေနှင့်။ အကြောင်းမရှိဘဲ အကျွန်ုပ်ကိုမုန်းသော သူတို့လည်း မျက်စိစွေပြခြင်းကို မပြုကြပါစေနှင့်။
မျက်စိမှိတ်သောသူသည် စိတ်ကို ပူစေတတ်၏။ စကားများသောလူမိုက်မူကား ဆုံးရှုံးတတ်၏။
သင်သည် အသက်လမ်းကိုမဆင်ခြင်ရအောင်၊ သူ့ထုံးစံဓလေ့တို့သည် တရွေ့ရွေ့ပြောင်းလဲသဖြင့်၊ သင်သည် နားမလည်နိုင်ရ။
သို့ပြုလျှင်၊ ထာဝရဘုရားသည်၊ သင်ခေါ်သောအခါ ထူးတော်မူလိမ့်မည်။ အော်ဟစ်သောအခါ၊ ငါရှိသည်ဟု မိန့်တော်မူလိမ့်မည်။ သင်သည် သင်၏အထဲက ထမ်းပိုးကိုလည်းကောင်း၊ လက်ညှိုးထိုးခြင်းကိုလည်းကောင်း၊ ကဲ့ရဲ့သောစကားကိုလည်းကောင်း ပယ်ရှား၍၊