ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့လည်းကောင်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့လည်းကောင်း ရောက်လာလိမ့်မည်။
ပျင်းရိသောသူသည် ဆင်းရဲခြင်း၊ လုံ့လဝိရိယရှိသောသူသည် ကြွယ်ဝခြင်းသို့ရောက်တတ်၏။
ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့်တ၍မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလိုဆန္ဒ ပြည့်စုံရ၏။
ပျင်းရိသောသဘောသည် လွန်ကျူးစွာ အိပ်ပျော်စေ၍၊ ပျင်းရိသောသူသည် အငတ်ခံရ၏။
ဆင်းရဲမည်ဟု စိုးရိမ်စရာရှိသည်ဖြစ်၍၊ အိပ်ခြင်းကို မတပ်မက်နှင့်။ နိုးတတ်လျှင် ဝစွာစားရ၏။
ချမ်းသောကြောင့် ပျင်းရိသောသူသည် လယ်မလုပ်လို။ ထိုကြောင့် စပါးရိတ်သောကာလ၌ သူတစ်ပါးကို တောင်းသော်လည်း မရရာ။
သောက်ကြူးသောသူနှင့် စားကြူးသောသူသည် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူးသောသဘောသည် လူကို အဝတ်စုတ်နှင့် ခြုံတတ်၏။
ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်ခြင်းငှာ၊ ခဏလက်ချင်းပိုက်လျက်နေစဉ်တွင်၊
မိုက်သောသူသည် မိမိလက်ချင်းပိုက်ထား၍၊ မိမိအသားကို စားတတ်၏။