ငါ့သား၊ သင်သည် အဆွေခင်ပွန်းအတွက် အာမခံမိသော်လည်းကောင်း၊ သူတစ်ပါးနှင့် လက်ဝါးချင်း ရိုက်မိသော်လည်းကောင်း၊
ကျွန်ုပ်သည် သူ၏အာမခံဖြစ်ပါမည်။ ကျွန်ုပ်တွင် သူ့ကိုတောင်းပါ။ သူ့ကိုပြန်၍မဆောင်၊ အဘရှေ့မှာမထားလျှင်၊ အစဉ်မပြတ် အပြစ်ကိုခံပါစေ။
အပေါင်ထားပါတော့။ အာမခံပေးပါတော့။ အဘယ်သူသည် ငါနှင့်ကတိသစ္စာထားမည်နည်း။
အကျွမ်းမဝင်သောသူ၏အမှု၌ အာမခံသောသူသည် အလွန်နာလိမ့်မည်။ လက်ဝါးချင်းရိုက်သောအမှုကို မုန်းသောသူမူကား၊ စိုးရိမ်စရာမရှိ။
ဉာဏ်မဲ့သောသူသည် လက်ဝါးချင်းရိုက်၍၊ အဆွေခင်ပွန်းရှေ့မှာ အာမခံတတ်၏။
မကျွမ်းသောသူအတွက်၊ အမျိုးပျက်သောမိန်းမအတွက်၊ အာမခံတတ်သောသူသည် အဝတ်အစရှိသော ဥစ္စာတစ်စုံတစ်ခုကို ပေါင်ထားစေ။
လက်ဝါးချင်းရိုက်သောလူစုနှင့် သူ့ကြွေးကို အာမခံသော လူစုထဲသို့ မဝင်နှင့်။
ကိုယ်နှုတ်ထွက်စကားဖြင့် ကျော့မိပြီ။ ကိုယ်ပြောသောစကားကြောင့် အမှုရောက်လေပြီ။
အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုးသားတည်းဟူသော ကိုယ်တော်၏လူတို့ကို စွန့်ပစ်တော်မူပြီ။ အကြောင်းမူကား၊ သူတို့သည် အရှေ့ပြည်အတတ်နှင့် ကြွယ်ဝ၍၊ ဖိလိတ္တိလူတို့ကဲ့သို့ အနာဂတ္တိဆရာဖြစ်ကြ၏။ တစ်ပါးအမျိုးသားနှင့် အပေါင်းအဖော် ပြုကြ၏။
သာ၍မြတ်သော ပဋိညာဉ်တရား၏ အာမခံဖြစ်၏။-