Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 5:16

Judson Bible

သင်၏​စမ်း​ရေ​များ​ပြား၍၊ လမ်း​များ​အ​နား​မှာ စီး​သော​မြစ်​များ ဖြစ်​စေ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ရေ​ဗ​က္က​ကို​လည်း၊ သင်​သည်​ကျွန်ုပ်​တို့၏​နှ​မ​ဖြစ်၏။ အ​သောင်း​အ​သိန်း​တို့၏​အ​မိ ဖြစ်​ပါ​စေ​သော။ သင်၏​အ​မျိုး​အ​နွယ်​သည် ရန်​သူ​တို့၏ တံ​ခါး​များ​ကို​အ​စိုး​ရ​ပါ​စေ​သော​ဟု ကောင်း​ချီး​ပေး​ကြ၏။

ဖွား​မြင်​သော သား​သ​မီး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဆု​ချ၍ ပေး​သ​နား​တော်​မူ​သော အ​မွေ​ဥ​စ္စာ​ဖြစ်​ကြ၏။

သင်၏​မ​ယား​သည် သင့်​အိမ်​နား​မှာ များ​စွာ​အ​သီး​သီး​သော စ​ပျစ်​နွယ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊ သား​သ​မီး​တို့​သည် သင့်​စား​ပွဲ​ပတ်​လည်၌ စိုက်​ပျိုး​သော​သံ​လွင်​ပင်​များ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ပ​ရိ​သတ်​အ​စည်း​အ​ဝေး​တို့၌ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​ကို ကောင်း​ချီး​ပေး​ကြ​လော့။

ကိုယ်​ဆိုင်​သော ရေ​အိုး​ကို​သုံး၍၊ ကိုယ်​ရေ​တွင်း​ထဲ​က ထွက်​သော​စမ်း​ရေ​ကို သောက်​လော့။

တစ်​ပါး​အ​မျိုး​သား​နှင့် ပေါင်း​ဖက်၍ မ​ဆိုင်​စေ​ဘဲ၊ ကိုယ်​တစ်​ပါး​တည်း​သာ ဆိုင်​စေ​လော့။

သင်၏​စမ်း​ရေ​တွင်း၌ မင်္ဂ​လာ​ရှိ​စေ၍၊ အ​သက်​အ​ရွယ်​ပျို​စဉ်​ကာ​လ၊ ပေါင်း​ဖော်​သော မ​ယား​နှင့်​အ​တူ ပျော်​မွေ့​လော့။

ခိုး​သော​ရေ​သည်​ချို၏။ တိတ်​ဆိတ်​စွာ​စား​သော​မုန့်​လည်း​မြိန်​သည်​ဟု ဆို​တတ်၏။

ငါ့​နှ​မ၊ ငါ့​ခင်​ပွန်း​သည် ဝင်း​ကာ​သော​ဥ​ယျာဉ်၊ ပိတ်​ထား​သော ရေ​ကန်၊ တံ​ဆိပ်​ခတ်​ထား​သော ရေ​တွင်း ဖြစ်​ပေ၏။

ဥ​ယျာဉ်​များ​ကို ရေ​လောင်း​စ​ရာ​ရေ​ကန်၊ စမ်း​ရေ​တွင်း၊ လေ​ဗ​နုန်​တောင်​က စီး​ထွက်​သော မြစ်​ရေ​လည်း​ပါ​သ​တည်း။

သူ​တို့​သည် တော​လမ်း​ဖြင့်​ဆောင်​သွား​တော်​မူ​ခြင်း​ကို ခံ​သော​အ​ခါ ရေ​မ​ငတ်​ကြ။ သူ​တို့​အ​ဖို့ ကျောက်​ထဲ​က​ရေ​ကို စီး​စေ​တော်​မူ၏။ ကျောက်​ခဲ​ကို​ပင် ခွဲ​တော်​မူ​သ​ဖြင့်၊ ရေ​သည် စီး​ထွက်​လေ၏။

ဣ​သ​ရေ​လ​အ​မျိုး​သည် ဘေး​လွတ်၍ တစ်​မျိုး​တည်း နေ​ရ​လိမ့်​မည်။ ယာ​ကုပ်​အ​နွယ်​သည် စ​ပါး၊ စ​ပျစ်​ရည်​နှင့်​ပြည့်​စုံ​သော​ပြည်၌ နေ​ရာ​ကျ၍၊ မိုး​နှင်း​ရည်​လည်း စက်​စက်​ကျ​လိမ့်​မည်။

ထို​မင်း​သည် သား​သုံး​ဆယ်၊ သ​မီး​သုံး​ဆယ်​ရှိ၏။ သ​မီး​များ​ကို အ​ခြား​တစ်​ပါး​သို့ စေ​လွှတ်၍ ချွေး​မ​သုံး​ဆယ်​ကို သိမ်း​ထား၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ