Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 5:11

Judson Bible

နောက်​ဆုံး၌ သင့်​အ​သား၊ သင့်​ကိုယ်​ကာ​ယ​ဆွေး​မြေ့​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သူ၏​အိမ်​သို့​ဝင်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ပြန်​ရ။ အ​သက်​လမ်း​ကို​မ​မီ​ရ။

တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်၏​စည်း​စိမ်​နှင့် ပြည့်​ဝ​ကြ​လိမ့်​မည်။ သင်​လုပ်၍ ရ​သော​ဥ​စ္စာ​သည် တစ်​ပါး​အ​မျိုး​သား​အိမ်​သို့ ရောက်​လိမ့်​မည်။

ငါ​သည် သွန်​သင်​ခြင်း​ကို မုန်း​လေ​ပြီ​တ​ကား။ ဆုံး​မ​ခြင်း​ကို စိတ်​နှ​လုံး​ထဲ​မှာ မ​ထီ​မဲ့​မြင်​ပြု​လေ​ပြီ​တ​ကား။

ငှက်​သည် မိ​မိ​အ​သက်​ဆုံး​စေ​ခြင်း​ငှာ ထောင်​မှန်း​ကို​မ​ရိပ်​မိ​ဘဲ၊ ကျော့​ကွင်း​ထဲ​သို့ အ​လျင်​အ​မြန် ဝင်​သ​ကဲ့​သို့​လည်း​ကောင်း၊ လူ​ပျို​သည် ထို​မိန်း​မ​နောက်​သို့ ချက်​ချင်း​လိုက်​သွား​တတ်၏။

ပ​ရော​ဖက်​တို့​သည် မ​ဟုတ်​မ​မှန်​ဟော​ပြော​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဝန်​ခံ၍ အ​စိုး​ရ​ကြ၏။ ထို​သို့​သော​အ​မှု​ကို ငါ၏​လူ​တို့​သည် နှစ်​သက်​ကြ၏။ ထို​အ​မှု​ဆုံး​သော​အ​ခါ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ကြ​လိမ့်​မည်​နည်း။

ထို​မိန်း​မ​သည် လင်​ကို​ပြစ်​မှား၍ ညစ်​ညူး​ခြင်း​ရှိ​လျှင် ကျိန်​ခြင်း​ဘေး​ဖြစ်​စေ​သော​ရေ​ကို သောက်​ပြီး​မှ သူ့​အ​ထဲ၌ ရေ​ဝင်၍​ခါး​သ​ဖြင့် ဝမ်း​ရောင်​ခြင်း၊ ပေါင်​ပိန်​ခြင်း​သို့​ရောက်၍ ထို​မိန်း​မ​သည် မိ​မိ​အ​မျိုး၌ ကျိန်​အပ်​သော​သူ​ဖြစ်​လိမ့်​မည်။

ယ​ခု သင်​တို့​ရှက်​ကြောက်​သော ထို​အ​ကျင့်​တို့​ကို ကျင့်​စဉ်​အ​ခါ၊ အ​ဘယ်​အ​ကျိုး​ကို ရ​ကြ​သ​နည်း။ ထို​သို့​သော​အ​ကျင့်​သည် သေ​ခြင်း၌ လမ်း​ဆုံး​သ​တည်း။-

ပ​ညာ​ကို​ရ၍ ဤ​အ​မှု​ကို နား​လည်​ကြ​ပါ​စေ​သော။ နောက်​ဆုံး​ကာ​လ၌ အ​ဘယ်​သို့​ဖြစ်​မည်​ကို ဆင်​ခြင်​ကြ​ပါ​စေ​သော​ဟု မိန့်​တော်​မူ၏။

ခပ်​သိမ်း​သော သူ​တို့၌ မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​နှင့် သ​စ္စာ​သံ​ဝါ​သ​ပြု​ခြင်း​အ​မှု​သည် အ​သေ​ရေ ရှိ​စေ​လော့။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​သော​သူ​နှင့် သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​ကို ဘု​ရား​သ​ခင်​စစ်​ကြော စီ​ရင်​တော်​မူ​လိမ့်​မည်။-

ကြောက်​တတ်​သော​သူ၊ မ​ယုံ​ကြည်​သော​သူ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​သော​သူ အ​ပေါင်း​တို့​မူ​ကား၊ ဒု​တိ​ယ​သေ​ခြင်း​တည်း​ဟူ​သော ကန့်​နှင့်​လောင်​သော မီး​အိုင်​ထဲ၌ မိ​မိ​တို့​အ​ဖို့​ကို ရ​ကြ​လိမ့်​မည် ဟူ၍​လည်း​ကောင်း ငါ့​အား မိန့်​တော်​မူ၏။

ပြင်၌​ကား၊ ခွေး​ဖြစ်​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ ရုပ်​ထု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​ခြင်း​ကို​နှစ်​သက်၍ ပြု​သော​သူ​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ