Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 4:7

Judson Bible

ပ​ညာ​သည် အ​မြတ်​ဆုံး​သော​အ​ရာ​ဖြစ်၏။ ပ​ညာ​ကို​ဆည်း​ပူး​လော့။ ဆည်း​ဖူး​သ​မျှ​သော​ဥ​စ္စာ​တို့​တွင် ဉာဏ်​ကို​ဆည်း​ပူး​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​သည် ဤ​လူ​တို့​ရှေ့​မှာ ထွက်​ဝင်​နိုင်​မည်​အ​ကြောင်း ဉာဏ်​ပ​ညာ​ကို ပေး​သ​နား​တော်​မူ​ပါ။ ဤ​မျှ​လောက်​များ​စွာ​သော ကိုယ်​တော်၏​လူ​တို့​ကို အ​ဘယ်​သူ​သည် ကိုယ်​အ​လို​အ​လျောက် တ​ရား​စီ​ရင်​နိုင်​ပါ​မည်​နည်း​ဟု တောင်း​လျှောက်၏။

ကိုယ်​တော်​၏ ဥ​ပ​ဒေ​သ​များ​အား​ဖြင့်၊ အ​ကျွန်ုပ်​သည် ဉာဏ်​တိုး​ပွား၍၊ မိ​စ္ဆာ​လမ်း​ရှိ​သ​မျှ​တို့​ကို မုန်း​ပါ၏။

ရွှေ​ကို​ရ​တတ်​ခြင်း​ထက် ပ​ညာ​ကို​ရ​တတ်​ခြင်း​သည် အ​လွန်​ကောင်း၏။ ငွေ​ကို​အ​မြတ်​မ​ထား၊ ဉာဏ်​နှင့် ပြည့်​စုံ​ခြင်း​ကို အ​မြတ်​ထား​စ​ရာ​အ​လွန်​ကောင်း၏။

ငွေ​ကို​ရှာ​တတ်​သ​ကဲ့​သို့ ပ​ညာ​ကို​ရှာ၍၊ ဝှက်​ထား​သော​ဘ​ဏ္ဍာ​ကို စူး​စမ်း​တတ်​သ​ကဲ့​သို့၊ ဉာဏ်​ကို စူး​စမ်း​လျှင်​လည်း​ကောင်း၊

မု​သား​စ​ကား​အား​ဖြင့် ဘ​ဏ္ဍာ​ကို​ဆည်း​ပူး​ခြင်း​အ​မှု​သည် သေ​မင်း​ကျော့​ကွင်း​တို့​တွင် ပျောက်​လွင့်​သော အ​န​တ္တ​ဖြစ်၏။

သ​မ္မာ​တ​ရား​ကို​ဝယ်​လော့။ မ​ရောင်း​နှင့်။ ပ​ညာ​ကို​လည်း​ကောင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ကို​လည်း​ကောင်း၊ ဉာဏ်​သ​တ္တိ​ကို​လည်း​ကောင်း ထို​အ​တူ​ပြု​လော့။

ပ​ညာ​ကို ဆည်း​ပူး​လော့။ ဉာဏ်​ကို ဆည်း​ပူး​လော့။ သ​တိ​မ​လစ်​စေ​နှင့်။ ငါ၏​နှုတ်​ထွက်​စ​ကား​ကို မ​လွှဲ​မ​ရှောင်​နှင့်။

မြေ​ကြီး​မ​ဖြစ်​မီ၊ ရှေ့​ဦး​စွာ​သော​ကာ​လ၊ အ​န​န္တ​ကာ​လ​မှ​စ၍ ငါ​သည် ဘိ​သိက်​ခံ​ပြီ။

လူ​သည် အ​ဖော်​အ​ဖက်၊ သား​သ​မီး၊ ညီ​အစ်​ကို​မ​ရှိ၊ တစ်​ယောက်​တည်း​ဖြစ်​သော်​လည်း၊ ကြိုး​စား​အား​ထုတ်၍ မ​ကုန်​နိုင်။ မိ​မိ​စည်း​စိမ်​ကို​မြင်၍ မ​ရောင့်​ရဲ​နိုင်။ ငါ​သည်​ကိုယ်​ကို​ညှဉ်း​ဆဲ၍၊ အ​ဘယ်​သူ​အ​ဖို့ ကြိုး​စား​အား​ထုတ်​သ​နည်း​ဟု မ​မေး​တတ်။ ဤ​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​အ​မှု၊ အ​လွန်​ပင်​ပန်း​စေ​သော​အ​မှု​ဖြစ်၏။

အ​ကြောင်း​မူ​ကား၊ ပ​ညာ​သည် ကွယ်​ကာ​တတ်၏။ ငွေ​သည်​လည်း ကွယ်​ကာ​တတ်၏။ ပ​ညာ​အ​တတ်​သည် အ​ဘယ်​သို့​မြတ်​သ​နည်း​ဟူ​မူ​ကား၊ ပ​ညာ​အ​တတ်​ကို ရ​သော​သူ​သည် အ​သက်​ကို​လည်း ရ​တတ်၏။

မာ​ရိ​မူ​ကား၊ ကောင်း​သော​အ​ဖို့​ကို ရွေး​ယူ​ပြီ။ ထို​အ​ဖို့​ကို အ​ဘယ်​သူ​မျှ မ​နုတ်​မ​ယူ​ရာ​ဟု မိန့်​တော်​မူ၏။

ထို​သို့ အ​ကြံ​ရှိ​စဉ်​တွင် ဘု​ရား​သ​ခင်​က၊ အ​ချင်း​လူ​မိုက်၊ ယ​နေ့​ည​ပင် သင်၏​ဝိ​ညာဉ်​ကို ရုပ်​သိမ်း​ရာ​အ​ချိန် ရောက်​လိမ့်​မည်။ သို့​ဖြစ်၍ သင်​သည် ပြင်​ဆင်​သို​ထား​သော ဥ​စ္စာ​ကို အ​ဘယ်​သူ​ပိုင်​မည်​နည်း​ဟု သူ​ဌေး​အား မိန့်​တော်​မူ၏။-

ထို​မျှ​မ​က ငါ၏ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို​သိ​သော ပ​ညာ​သည် အ​ဘယ်​မျှ​လောက် မြတ်​သည်​ကို ထောက်၍၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ရှုံး​စေ​သော​အ​ရာ​ကဲ့​သို့ ငါ​ထင်​မှတ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ