Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 4:23

Judson Bible

နှ​လုံး​သည် အ​သက်၏​အ​ခြေ​အ​မြစ်​ဖြစ်​သော​ကြောင့်၊ သင်၏​နှ​လုံး​ကို အ​ထူး​သ​ဖြင့် စောင့်​ရှောက်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ယေ​ဟု​သည် ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တ​ရား​တော်​လမ်း​သို့ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ လိုက်​ခြင်း​ငှာ သ​တိ​မ​ပြု၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​ပြစ်​မှား​စေ​သော ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​တို့​ကို မ​စွန့်။

နှစ်​သက်​ဖွယ်​သော မိန်း​မ​သည် ဂုဏ်​အ​သ​ရေ​ကို​လည်း​ကောင်း၊ ခွန်​အား​ကြီး​သော ယောက်ျား​သည် စည်း​စိမ်​ကို​လည်း​ကောင်း​ရ​တတ်၏။

မိ​မိ​နှုတ်​ကို​စောင့်​သော​သူ​သည် မိ​မိ​အ​သက်​ကို​စောင့်၏။ မိ​မိ​နှုတ်​ကို​ကျယ်​ကျယ်​ဖွင့်​သော​သူ​မူ​ကား၊ ပျက်​စီး​ခြင်း​သို့ ရောက်​တတ်၏။

ဖြောင့်​မတ်​သော​သူ​လိုက်​သော​လမ်း​မူ​ကား၊ ဒု​စ​ရိုက်​ကို ရှောင်​ခြင်း​တည်း။ ထို​လမ်း​မှ​မ​လွှဲ​ဘဲ အ​မြဲ​လိုက်​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို စောင့်​တတ်၏။

သ​ဘော​ကောက်​သော​လူ​သွား​ရာ​လမ်း၌၊ ဆူး​ပင်​များ​နှင့် ကျော့​ကွင်း​များ ရှိ​တတ်၏။ မိ​မိ​စိတ်​ဝိ​ညာဉ်​ကို စောင့်​ရှောက်​သော​သူ​မူ​ကား ဝေး​စွာ​ရှောင်​သွား​လိမ့်​မည်။

ငါ့​သား၊ ငါ့​စ​ကား​ကို​နား​ထောင်၍ ပ​ညာ​ရှိ​သ​ဖြင့်၊ ကိုယ်​စိတ်​နှ​လုံး​ကို လမ်း​မ၌​ပဲ့​ပြင်​လော့။

မိ​မိ​စိတ်​နှ​လုံး​ကို ကိုး​စား​သော​သူ​သည် လူ​မိုက်​ဖြစ်၏။ ပ​ညာ​သ​တိ​နှင့် ကျင့်​သော​သူ​မူ​ကား၊ ဘေး​လွတ်​တတ်၏။

ငါ့​သား၊ ပ​ညာ​ရ​တ​နာ​နှင့် သ​မ္မာ​သ​တိ​ကို သင့်​မျက်​မှောက်​မှ မ​ကွာ​စေ​ဘဲ၊ အ​စဉ်​စောင့်​ရှောက်​လော့။

ပ​ညာ​သည် အ​မြတ်​ဆုံး​သော​အ​ရာ​ဖြစ်၏။ ပ​ညာ​ကို​ဆည်း​ပူး​လော့။ ဆည်း​ဖူး​သ​မျှ​သော​ဥ​စ္စာ​တို့​တွင် ဉာဏ်​ကို​ဆည်း​ပူး​လော့။

စည်း​စိမ်​ရှင်​သည် ကိုယ်​အ​ကျိုး​ပျက်​သည်​တိုင်​အောင်၊ စည်း​စိမ်​ကို သို​ထား​ခြင်း​တည်း​ဟူ​သော၊ နေ​အောက်၌ အ​လွန်​ဆိုး​သော​အ​မှု​အ​ရာ​ကို ငါ​မြင်​ပြီ။

စိတ်​နှ​လုံး​သည် ခပ်​သိမ်း​သော အ​ရာ​ထက် စဉ်း​လဲ​တတ်၏။ အ​လွန်​ယို​ယွင်း​သော သ​ဘော​ရှိ​၏။ စိတ်​နှ​လုံး​သ​ဘော​ကို အ​ဘယ်​သူ​သိ​နိုင်​သ​နည်း။

ခံ​တွင်း​မှ​ထွက်​သော အ​ရာ​မူ​ကား၊ နှ​လုံး​ထဲ​က ထွက်​လာ၍ လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်၏။-

မ​ကောင်း​သော ကြံ​စည်​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း၊ မိန်း​မ​လွတ်​နှင့် မှား​ယွင်း​ခြင်း၊ သူ့​ဥ​စ္စာ​ကို ခိုး​ခြင်း၊ မ​မှန်​သော သက်​သေ​ကို​ခံ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း​အ​ရာ​တို့​သည် နှ​လုံး​ထဲ​က ထွက်​လာ၍၊-

စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့။ စိတ်​ဝိ​ညာဉ်​ကား စေ​တ​နာ​ရှိ​ငြား​သော်​လည်း၊ ကိုယ်​မူ​ကား အား​နည်း​သည်​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ​ပြီး​မှ၊-

ကောင်း​သော​သူ​သည် ကောင်း​သော​မိ​မိ​စိတ်​နှ​လုံး ဘ​ဏ္ဍာ​တိုက်​ထဲ​က ကောင်း​သော​အ​ရာ​ကို ထုတ်​ဖော်​တတ်၏။ မ​ကောင်း​သော​သူ​သည် မ​ကောင်း​သော​မိ​မိ​စိတ်​နှ​လုံး ဘ​ဏ္ဍာ​တိုက်​ထဲ​က မ​ကောင်း​သော​အ​ရာ​ကို ထုတ်​ဖော်​တတ်၏။ အ​ကြောင်း​မူ​ကား၊ စိတ်​နှ​လုံး​အ​ပြည့် ရှိ​သည်​အ​တိုင်း နှုတ်​မြွက်​တတ်၏။

သင်​တို့​သည်၊ ဟော​ရပ်​အ​ရပ်​မှာ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​ကြ​သော​အ​ခါ၊ ကိုယ်​တိုင်​မြင်​သော အ​မှု​အ​ရာ​တို့​ကို မ​မေ့​မ​လျော့။ နောက်​တစ်​သက်​လုံး နှ​လုံး​သွင်း​နိုင်​မည်​အ​ကြောင်း ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​ကြ​လော့။ ကိုယ်​စိတ်​နှ​လုံး​ကို​ကြိုး​စား၍ စောင့်​ရှောက်​ကြ​လော့။ ထို​အ​ရာ​တို့​ကို သား​မြေး​တို့​အား​လည်း သွန်​သင်​ကြ​လော့။

သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​မျှ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို​မ​ရ​ဘဲ မ​နေ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ခါး​စွာ​သော ပင်​မြစ်​ပေါက်၍ သင်​တို့​နှောင့်​ယှက်​သ​ဖြင့်၊ လူ​အ​များ​တို့​သည် အ​ပြစ်​နှင့် မ​ညစ်​ညူး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ