Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 4:12

Judson Bible

လျှောက်​သွား​လျှင် ကျဉ်း​မြောင်း​ရာ​သို့ မ​ရောက်၊ ပြေး​သော​အ​ခါ တိုက်​မိ၍​မ​လဲ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​သွား​သော​လမ်း​ကို ရှင်း​လင်း၍ ခြေ​မ​ချော်​စေ​ခြင်း​ငှာ ပြု​တော်​မူ​သော​အား​ဖြင့်၊

တ​ရား​တော်​ကို​နှစ်​သက်​သော​သူ​တို့၌ ကြီး​စွာ​သော​ငြိမ်​ဝပ်​ခြင်း​ရှိ​ပါ၏။ သူ​တို့ စိတ်​ပျက်​စ​ရာ​အ​ကြောင်း​မ​ရှိ​ပါ။

ပေး​တော်​မူ​သော ဩ​ဝါ​ဒ​များ​ကို အ​ကျွန်ုပ်​ရှာ​ဖွေ​မေး​မြန်း​သည်​ဖြစ်၍၊ အ​ဆီး​အ​တား​မ​ရှိ​ဘဲ သွား​လာ​ရ​ပါ၏။

အ​ကျွန်ုပ်​သွား​သော​လမ်း​ကို​ရှင်း​လင်း၍ ခြေ​မ​ချော်​စေ​ခြင်း​ငှာ ပြု​တော်​မူ​သော​အား​ဖြင့်၊

ကျေး​ဇူး​တော်​ကြောင့် သင်​သည် ဖြောင့်​မတ်​စွာ​ကျင့်​ခြင်း၊ တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ လျစ်​လျူ​စွာ ဆုံး​ဖြတ်​ခြင်း​မှ​စ၍၊ ကောင်း​သော​လမ်း​ရှိ​သ​မျှ​တို့​ကို သိ​နား​လည်​လိမ့်​မည်။

သင်​သည် ခ​ရီး​သွား​ရာ၌​ဘေး​မ​ရှိ။ ခြေ​မ​တိုက်​မိ​ဘဲ သွား​လိမ့်​မည်။

မ​တ​ရား​သော​သူ​တို့၏​လမ်း​မူ​ကား၊ မှောင်​မိုက်​ကဲ့​သို့​ဖြစ်၍၊ သူ​တို့​သည် လဲ​သော​အ​ခါ၊ အ​ဘယ်​အ​ရာ​ကို တိုက်​မိ​သည်​ဟု မ​သိ​ရ​ကြ။

သင်​သည် အ​ခြား​သို့​သွား​သော​အ​ခါ၊ ထို​ပ​ညတ်​တ​ရား​သည် လမ်း​ပြ​လိမ့်​မည်။ အိပ်​သော​အ​ခါ သင့်​ကို​စောင့်​လိမ့်​မည်။ နိုး​သော​အ​ခါ သင်​နှင့် နှုတ်​ဆက်​လိမ့်​မည်။

ငို​ကြွေး​လျက် လာ​ကြ​လိမ့်​မည်။ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက်​ရှိ​သော ထို​သူ​တို့​ကို ငါ​ပို့​ဆောင်​မည်။ မြစ်​နား​မှာ​လျှောက်​သော​လမ်း၊ ထိ​မိ၍ မ​လဲ​ရ​သော​လမ်း​ဖြောင့်​တို့၌ ငါ​သွေး​ဆောင်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၏​အ​ဘ​ဖြစ်၏။ ဧ​ဖ​ရိမ်​အ​မျိုး​သည် ငါ၏ သား​ဦး​ဖြစ်၏။

နား​မ​ထောင်​ဘဲ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထိ​မိ၍ လဲ​သော​သူ​တို့​သည် ထိ​မိ၍ လဲ​စ​ရာ​ကျောက်၊ မှား​ယွင်း​စ​ရာ​ကျောက်​လည်း ဖြစ်၏။ ထို​အ​မှု​နှင့် တွေ့​စေ​ခြင်း​ငှာ ထို​သူ​တို့​ကို ခန့်​ထား​တော်​မူ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ